• Follow Us on

Home တစ္အိမ္ထဲေနသူေတြကို COVID-19 ပိုကူးႏိုင္တယ္လို႔ အေမရိကန္-တ႐ုတ္ပူးေပါင္းေလ့လာမႈေတြ႕႐ွိ

တစ္အိမ္ထဲေနသူေတြကို COVID-19 ပိုကူးႏိုင္တယ္လို႔ အေမရိကန္-တ႐ုတ္ပူးေပါင္းေလ့လာမႈေတြ႕႐ွိ

Share this post

ဂြမ္က်ိဳး၊ ဇြန္ ၁၈

ကို႐ိုနာဗိုင္းရပ္စ္ဟာ ဆားစ္ေရာဂါလိုမ်ိဳးအလားတူေရာဂါေတြနဲ႔ယွဥ္ရင္ ေရာဂါလကၡဏာမျပေသးခင္ တစ္အိမ္ထဲ အတူေနတဲ့ လူခ်င္းကူးစက္မႈ ၂ ဆ႐ွိတယ္လို႔ တ႐ုတ္ႏိုင္ငံမွာ နမူနာထားေလ့လာမႈတစ္ခုအရသိရပါတယ္။

တ႐ုတ္ႏိုင္ငံက ဂြမ္က်ိဳးၿမိဳ႕မွာ႐ွိတဲ့ COVID-19 ကူးစက္ခံရသူအေယာက္ ၃၅၀ နဲ႔ သူတို႔နဲ႔ထိေတြ႕သူ မိသားစု၀င္ လူ ၂၀၀၀ နီးပါးရဲ႕အခ်က္အလက္ေတြကို ေလ့လာၿပီး ကူးစက္ခံရသူတစ္ေယာက္ကေန ေနာက္ထပ္ကူးစက္ႏိုင္ တဲ့ႏႈန္းကို ခန္႔မွန္းခဲ့ၾကတာပါ။

သာမန္လူနာတစ္ေယာက္ဟာ သူတို႔နဲ႔တူတူမေနတဲ့ေနာက္ထပ္လူတစ္ေယာက္ကို ကူးစက္ႏိုင္တဲ့အခြင့္အလမ္း ၂.၄ ရာခိုင္ႏႈန္းပဲ႐ွိေပမဲ့ အတူေနတဲ့လူတစ္ေယာက္ကိုဆိုရင္ေတာ့ ၆ ေယာက္မွာ တစ္ေယာက္ႏႈန္း ၁၇.၁ ရာခိုင္ ႏႈန္းကူးစက္ႏိုင္တယ္လို႔ေတြ႕႐ွိခဲ့ပါတယ္။

သုေတသနအရ တစ္အိမ္တည္းေနတဲ့လူကိုကူးစက္ႏႈန္းဟာ အသက္ ၆၀ ေက်ာ္ေတြမွာ အျမင့္ဆံုးျဖစ္ၿပီး အသက္ ၂၀ ေအာက္ေတြၾကားအနည္းဆံုးျဖစ္ပါတယ္။

အခုကို႐ိုနာဗိုင္းရပ္စ္ရဲ႕ကူးစက္ႏႈန္းဟာ ေနာက္ထပ္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြျဖစ္တဲ့ ဆားစ္ထက္ ၂ ဆနဲ႔ မားစ္ထက္ ၃ ဆပိုမ်ားပါတယ္။

သုေတသနအရ ေရာဂါလကၡဏာမျပခင္ တစ္အိမ္ထဲမွာေနတဲ့လူေတြကိုကူးစက္ႏႈန္း ၃၉ ရာခိုင္ႏႈန္း႐ွိႏိုင္ပါတယ္။

Ref : COVID-19 more infectious within households, finds US-China study of Guangzhou residents

#PeopleMedia

(unicode)
တစ်အိမ်ထဲနေသူတွေကို COVID-19 ပိုကူးနိုင်တယ်လို့ အမေရိကန်-တရုတ်ပူးပေါင်းလေ့လာမှုတွေ့ရှိ
………………………………………………………

ဂွမ်ကျိုး၊ ဇွန် ၁၈

ကိုရိုနာဗိုင်းရပ်စ်ဟာ ဆားစ်ရောဂါလိုမျိုးအလားတူရောဂါတွေနဲ့ယှဉ်ရင် ရောဂါလက္ခဏာမပြသေးခင် တစ်အိမ်ထဲ အတူနေတဲ့ လူချင်းကူးစက်မှု ၂ ဆရှိတယ်လို့ တရုတ်နိုင်ငံမှာ နမူနာထားလေ့လာမှုတစ်ခုအရသိရပါတယ်။

တရုတ်နိုင်ငံက ဂွမ်ကျိုးမြို့မှာရှိတဲ့ COVID-19 ကူးစက်ခံရသူအယောက် ၃၅၀ နဲ့ သူတို့နဲ့ထိတွေ့သူ မိသားစုဝင် လူ ၂၀၀၀ နီးပါးရဲ့အချက်အလက်တွေကို လေ့လာပြီး ကူးစက်ခံရသူတစ်ယောက်ကနေ နောက်ထပ်ကူးစက်နိုင် တဲ့နှုန်းကို ခန့်မှန်းခဲ့ကြတာပါ။

သာမန်လူနာတစ်ယောက်ဟာ သူတို့နဲ့တူတူမနေတဲ့နောက်ထပ်လူတစ်ယောက်ကို ကူးစက်နိုင်တဲ့အခွင့်အလမ်း ၂.၄ ရာခိုင်နှုန်းပဲရှိပေမဲ့ အတူနေတဲ့လူတစ်ယောက်ကိုဆိုရင်တော့ ၆ ယောက်မှာ တစ်ယောက်နှုန်း ၁၇.၁ ရာခိုင် နှုန်းကူးစက်နိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

သုတေသနအရ တစ်အိမ်တည်းနေတဲ့လူကိုကူးစက်နှုန်းဟာ အသက် ၆၀ ကျော်တွေမှာ အမြင့်ဆုံးဖြစ်ပြီး အသက် ၂၀ အောက်တွေကြားအနည်းဆုံးဖြစ်ပါတယ်။

အခုကိုရိုနာဗိုင်းရပ်စ်ရဲ့ကူးစက်နှုန်းဟာ နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ ဆားစ်ထက် ၂ ဆနဲ့ မားစ်ထက် ၃ ဆပိုများပါတယ်။

သုတေသနအရ ရောဂါလက္ခဏာမပြခင် တစ်အိမ်ထဲမှာနေတဲ့လူတွေကိုကူးစက်နှုန်း ၃၉ ရာခိုင်နှုန်းရှိနိုင်ပါတယ်။

Ref : COVID-19 more infectious within households, finds US-China study of Guangzhou residents

#PeopleMedia


Share this post