• Follow Us on

Home တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား တစ္ေန႔လွ်င္ ေလးနာရီႏွင့္ စာသင္ခ်ိန္ ငါးခ်ိန္သာသင္ၾကားရန္ ၫႊန္ ၾကားစာထုတ္မည္

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား တစ္ေန႔လွ်င္ ေလးနာရီႏွင့္ စာသင္ခ်ိန္ ငါးခ်ိန္သာသင္ၾကားရန္ ၫႊန္ ၾကားစာထုတ္မည္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား တစ္ေန႔လွ်င္ ေလးနာရီႏွင့္ စာသင္ခ်ိန္ငါးခ်ိန္သင္ၾကားရန္ ၫႊန္ၾကား စာထုတ္မည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွသိရသည္။

ေက်ာင္းစာသင္ခ်ိန္မ်ားႏွင့္ပတ္သက္၍ ဇူလိုင္၃ရက္၌ People Media သတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္။

“ဆရာ၊ ဆရာမေတြ တစ္ေနကုန္ mask တပ္ၿပီး စာသင္ဖို႔က ဘယ္ျဖစ္ႏိုင္မွာလဲ။ ဒါႀကီးကို ကေလးတပ္ခိုင္းလဲ တစ္ေနကုန္ ဘယ္ရမလဲ။ အခုလည္းဆရာတို႔လည္း စာထြက္ဖို႔ရွိတယ္။ တစ္ေန႔ကိုအမ်ားဆုံးေလးနာရီပဲ စာ သင္ဖို႔ေလ။ ငါးခ်ိန္ပဲသင္ဖို႔ဆိုၿပီး မေန႔က ဇူလိုင္ ၂ ရက္မွာ ၀န္ႀကီးက ၫႊန္ၾကားစာထြက္ခိုင္းထားတယ္။ ဒီေန႔ ဇူလိုင္ ၃ ရက္မွာ စာထြက္ႏိုင္ဖို႔လုပ္ရတယ္။ အဲဒါက အတန္းအားလုံးေပါ့။ တစ္ေန႔ကို ေလးနာရီပဲ။ တခ်ိဳ႕က ေတာ့ ထင္ေနတာ။ ခုနစ္နာရီသင္လိုက္မယ္္။ ရွစ္နာရီသင္လိုက္မယ္။ မဆိုင္ဘူး။ အခုဟာက အရည္အေသြးကို သိပ္ၿပီးေမွ်ာ္မွန္းလို႔မရဘူး။ အခုဟာက ကေလးေတြကို ပညာသင္ခြင့္မဆုံးရႈံးေအာင္ ေလ့လာသင္ယူတဲ့ဟာ မျပတ္သြားေအာင္လုပ္ေပးတာေလ’’ဟု ၎ကေျပာသည္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ရက္တြင္ စတင္ကူးစက္ျပန္႔ႏွံ႔ေသာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါသည္ ႏိုင္ငံေပါင္းတစ္ရာေက်ာ္သို႔ ကူးစက္ျပန္႔ႏွံ႔ခဲ့ၿပီး ၎ႏိုင္ငံမ်ားထဲ တြင္ ျမန္မာႏိုင္ငံလည္းပါ၀င္ခဲ့သည္။

ယခုႏွစ္ပညာသင္ႏွစ္တြင္ တစ္ႏိုင္ငံလုံးရွိေက်ာင္းသားဦးေရ ၉ သန္း ၇ သိန္း ဆရာ၊ ဆရာမဦးေရ ၄ သိန္းေက်ာ္ ခန္႔ရွိေၾကာင္း ပညာေရး၀န္ႀကီးဌာနမွသိရသည္။

#PeopleMedia #ပညာေရး

(unicode)
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန် ငါးချိန်သာသင်ကြားရန် ညွှန် ကြားစာထုတ်မည်
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန်ငါးချိန်သင်ကြားရန် ညွှန်ကြား စာထုတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှသိရသည်။

ကျောင်းစာသင်ချိန်များနှင့်ပတ်သက်၍ ဇူလိုင်၃ရက်၌ People Media သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

“ဆရာ၊ ဆရာမတွေ တစ်နေကုန် mask တပ်ပြီး စာသင်ဖို့က ဘယ်ဖြစ်နိုင်မှာလဲ။ ဒါကြီးကို ကလေးတပ်ခိုင်းလဲ တစ်နေကုန် ဘယ်ရမလဲ။ အခုလည်းဆရာတို့လည်း စာထွက်ဖို့ရှိတယ်။ တစ်နေ့ကိုအများဆုံးလေးနာရီပဲ စာ သင်ဖို့လေ။ ငါးချိန်ပဲသင်ဖို့ဆိုပြီး မနေ့က ဇူလိုင် ၂ ရက်မှာ ဝန်ကြီးက ညွှန်ကြားစာထွက်ခိုင်းထားတယ်။ ဒီနေ့ ဇူလိုင် ၃ ရက်မှာ စာထွက်နိုင်ဖို့လုပ်ရတယ်။ အဲဒါက အတန်းအားလုံးပေါ့။ တစ်နေ့ကို လေးနာရီပဲ။ တချို့က တော့ ထင်နေတာ။ ခုနစ်နာရီသင်လိုက်မယ်။ ရှစ်နာရီသင်လိုက်မယ်။ မဆိုင်ဘူး။ အခုဟာက အရည်အသွေးကို သိပ်ပြီးမျှော်မှန်းလို့မရဘူး။ အခုဟာက ကလေးတွေကို ပညာသင်ခွင့်မဆုံးရှုံးအောင် လေ့လာသင်ယူတဲ့ဟာ မပြတ်သွားအောင်လုပ်ပေးတာလေ’’ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် စတင်ကူးစက်ပြန့်နှံ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်းတစ်ရာကျော်သို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ၎င်းနိုင်ငံများထဲ တွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့သည်။

ယခုနှစ်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိကျောင်းသားဦးရေ ၉ သန်း ၇ သိန်း ဆရာ၊ ဆရာမဦးရေ ၄ သိန်းကျော် ခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

#PeopleMedia #ပညာရေး


Share this post