• Follow Us on

Home အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ ပျဉ်းကတိုးသစ်ပင် (၁၆)ပင်နှင့် သစ်ယာသစ်ပင် (၄) ပင် စုစုပေါင်း(၂၀)ပင်ခုတ်လဲခံရ၊ တရားခံ ဖမ်းမမိ


Share this post

ရန်ကုန်၊ ဇူလိုင် – ၃






(unicode)
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ ပျဉ်းကတိုးသစ်ပင် (၁၆)ပင်နှင့် သစ်ယာသစ်ပင် (၄) ပင် စုစုပေါင်း(၂၀)ပင်ခုတ်လဲခံရ၊ တရားခံ ဖမ်းမမိ
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၃

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိပျဉ်းကတိုးသစ်ပင်(၁၆)ပင်နှင့် သစ်ယာသစ်ပင်(၄) ပင် စုစုပေါင်း(၂၀)ပင်ခုတ်လဲခံရ၊ တရားခံထားရကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇွန်(၃၀)ရက်၌ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ ဆင်ဦးစီးများပါဝင်သည့် ဥယျာဉ်ထိန်းသိမ်းရေးအဖွဲ့မှ ဥယျာဉ်ဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်း ပုခက် ချောင်းရေဝေဒေသနေရာပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်တွင် ခုတ်လှဲထားသော ပျဉ်းကတိုးသစ်ပင်(၁၆)ပင်နှင့် သစ်ယာသစ်ပင်(၄)ပင်စုစုပေါင်း (၂၀)ပင် ခုတ်လှဲခံခဲ့ရခြင်းဖြစ်သည်။

ခုတ်လဲခံခဲ့ရသည့် သစ်တန်ချိန်သည် (၂၀)တန်ခန့်ရှိသော်လည်း ကျူးလွန်သူများကို တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သစ်တောဌာနကဆိုသည်။

အလားတူ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းမှ သစ်မှောင်ခိုဂိုဏ်းများသည် နည်းလမ်းအသွယ် သွယ်ဖြင့် သစ်မှောင်ခို ခိုးထုတ်လျက်ရှိကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့များကဆိုသည်။

#PeopleMedia #သစ်တောဌာန #အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်


Share this post