• Follow Us on

Home တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီးသည်ဖြစ်သည့်အတွက် ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူရန် တောင်း ဆိုသည်မှာ လုပ်ထုံးလုပ်နည်းအရမသင့်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ပြောကြား

တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီးသည်ဖြစ်သည့်အတွက် ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူရန် တောင်း ဆိုသည်မှာ လုပ်ထုံးလုပ်နည်းအရမသင့်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တတိယအကြိမ်လွှတ်တော်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာ ထားပြီးဖြစ်သည့်အတွက် ဒုတိယအကြိမ်လွှတ်တော် ပြန်လည်ခေါ်ယူရန်ဆိုသည်မှာ လုပ်ထုံးလုပ်နည်းအရ မသင့်တော်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က People Media သို့ ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များစုပေါင်း၍ ယခုရက်ပိုင်းအတွင်း လက်မှတ်ထိုးတင်ပြသွားမည်ဖြစ်ကြောင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်၏ပြောဆိုခဲ့အပေါ် ဒေါက်တာမျိုးညွန့် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တတိယအကြိမ်လွှတ်တော်ကလည်း သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမို့ မဖြစ်မနေခေါ်ရတာပါ။ တတိ ယအကြိမ်လွှတ်တော်ခေါ်ခြင်းကလည်း ရွေးကောက်ပွဲအပြီး နှစ်လအကြာမှာ ဥပဒေနဲ့အညီ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ တတိယအကြိမ်လွှတ်တော်ခေါ်ပြီးမှ ဒုတိယအကြိမ် လွှတ်တော်ရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ဖို့ဆိုတာ လုပ်ထုံးလုပ်နည်းအရ မသင့်တော်ဘူး ထင်ပါတယ်။ သို့သော် ဒီဟာမှန်ကန်ခြင်းရှိမရှိကတော့ လွှတ်တော်ဆိုင်ရာတာဝန်ရှိသူတွေပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်က ပြောသည်။
အလားတူ တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ ကျင်းပရန် ဖိတ်ကြားခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း တို့၏ လုပ်ဆောင်ချက်သည် ပထမအကြိမ်လွှတ်တော် နောက်ဆုံးအစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ လနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့သည့် အစဉ်အလာကို ချိုးဖောက်လိုက်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး(ဟောင်း)ဦးရဲထွဋ်က သူ၏လူမူကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုသည့်အရေအတွက် လေးပုံတစ်ပုံ ပြည့်ပါက အထူး အစည်းအဝေးခေါ်ပေးရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အတိအကျ ပြဋ္ဌာန်းထားကြောင်း သို့သော် အထူးအစည်းအဝေးကျင်းပရန် ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ ပုဒ် ၈ (ဂ) အရ အနည်းဆုံး ၁၅ ရက် ကြိုတင် ဖိတ်ကြားရမည်ဖြစ်၍ ယနေ့ ဖိတ်စာပို့ရင်တောင်မှ ဇန်နဝါရီ ၂၆ ရက်နေ့မှ အစည်းအဝေးစနိုင်မည် အခြေအနေရှိကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ပါက ပြည်ထောင်စုလွှတ်တော်လည်း သက်တမ်းကုန်ပြီဖြစ်၍ ဆွေးနွေးရန် အချိန်မကျန်တော့ကြောင်း ဦးရဲထွဋ်က ရေးသားထားသည်။
သို့ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲပြောကြားချက်အရ ယခုမှလက်မှတ်ထိုးရန် စီစဉ်နေတုန်းဖြစ်၍ အတော် နောက်ကျနေပြီဖြစ်ကြောင်း ယင်းကြောင့် နောက်ဆုံးတွင် လေးပုံတစ်ပုံက တောင်းဆိုသည့် စာကို လက်ခံရရှိသော်လည်း ၁၅ ရက် ကြိုတင်ဖိတ်ကြားရမည်ဖြစ်သည့်အတွက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အတွင်း၌ အထူးအစည်းအဝေးကျင်းပရန် မဖြစ်နိုင်တော့ပဲ ဇာတ်သိမ်းသွားမည်ထင်မြင်ကြောင်း ဦးရဲထွဋ်က ရေးသားထားသည်။
#PeopleMedia #Political
(unicode)
…………………………………………………………
#PeopleMedia #Political


Share this post