• Follow Us on

Home လက်ရှိအစိုးရနှင့် အာဏာရပါတီသည် အာဏာကို မစွန့်လွှတ်နိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်နေကြောင်း ပြောဆိုလိုက်သည့် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်

လက်ရှိအစိုးရနှင့် အာဏာရပါတီသည် အာဏာကို မစွန့်လွှတ်နိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်နေကြောင်း ပြောဆိုလိုက်သည့် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမူများနှင့် လက်ရှိဖြစ်ပေါ်နေသော ပြဿနာ များသည့် အစိုးရအဖွဲ့နှင့် အာဏာရပါတီအနေဖြင့် အာဏာအား မစွန့်လွှတ်နိုင်သည့်အတွက် ဖြစ်ပေါ်နေသော ပြဿနာများဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ယမန့်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတရုံး ဦးဇော် ဌေး၏ ပြောကြားချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
“အခုဖြစ်နေတဲ့ပြဿနာက အာဏာမစွန့်လွှတ်နိုင်လို့ဖြစ်နေတဲ့ ပြဿနာလို့မြင်တယ်။ အာဏာပြဿနာတော့ အာဏာပြဿနာပဲ ဒါပေမယ့် ကျွန်တော်တို့ ပြဿနာတော့ မဟုတ်ဘူး အာဏာကို မစွန့်လွှတ်နိုင်တဲ့ပြဿနာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုနေတဲ့ပြဿနာ” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
လက်ရှိ မဲသမာမှုများသည် ယုတ္တိမတန်သော မဲဆန္ဒစာရင်းများဖြစ်ပြီး ယင်းစာရင်းများကို ပြည်ခိုင်ဖြိုးပါတီအနေ ဖြင့် လက်ခံပါက ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခဲ့သော မှန်ကန်မျှတသည့် ဒီမိုကရေစီယဉ်ကျေးမှုသည် ပျက်သုန်းသွားမည်ကို စိုးရိမ်ရသည့်အတွက် ယခုကဲ့ကန့်ကွက်နေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိ တွင် ဝေဖန်မှုများရှိနေသည့် အာဏာလိုချင်၍ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ဥပဒေအရ တစ်ဆင့်ချင်းသွားနေတယ်။ နောက်ဆုံးအချိန်အထိ အဆုံးအထိ သွားနေမှာ အဲ့ဒါက တစ်ဖက်က ပုံဖျက်နေသလို အာဏာကိုလိုချင်လို့မဟုတ်ဘူး ကျွန်တော်တို့က အာဏာကို စနစ်တကျ လွှဲပြောင်းပေးခဲ့တဲ့သူတွေ အာဏာမရဘူးတဲ့သူတွေမဟုတ်ဘူး ကျွန်တော်တို့ ကိုယ်တိုင်အစိုးရဖြစ်ခဲ့တဲ့သူတွေ” ဟု ဒေါက်တာ နန္ဒလှမြင့်က ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲသမာမှုများရှိနေသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီ၏ စွတ်စွဲချက်များကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်ဖြေရှင်းမှုများပြုလုပ်သင့်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုကဲ့သို့ စွတ်စွဲမှုကို ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းရန် အသင့်ရှိပြီး UEC အနေဖြင့် ယခုကဲ့သို့ ပြန်လည်ဖြေ ရှင်းခြင်းမရှိပဲ နှုတ်ဆိတ်နေမှုအား မပြုလုပ်သင့်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ထပ်လောင်းပြောဆိုခဲ့သည်။
#PeepleMedia #USDP #UEC
(unicode)
………………………………………………………………..
#PeepleMedia #USDP #UEC


Share this post