• Follow Us on

Home တပ္ခ်ဳပ္ႏွင့္ ႏုိင္ငံေရးပါတီမ်ား ေတြ႕ဆုံမႈ၌ အာဏာသိမ္းသည့္ စကားလုံး တပ္ခ်ဳပ္ ေျပာဆုိမႈမရွိေၾကာင္း ေဒါက္တာေနဇင္လတ္ဆုိ

တပ္ခ်ဳပ္ႏွင့္ ႏုိင္ငံေရးပါတီမ်ား ေတြ႕ဆုံမႈ၌ အာဏာသိမ္းသည့္ စကားလုံး တပ္ခ်ဳပ္ ေျပာဆုိမႈမရွိေၾကာင္း ေဒါက္တာေနဇင္လတ္ဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ႏုိင္ငံေရးပါတီ(၃၄)ပါတီေတြ႔ဆုံမႈ၌ အာဏာသိမ္းသည့္ စကားလုံးကုိ တပ္ခ်ဳပ္က ေျပာဆုိခဲ့ခ်င္း မရွိေၾကာင္း အမ်ဳိးသားတုိးတက္ေရးပါတီဥကၠ႒ ေဒါက္တာေနဇင္လတ္က ေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံမႈအေပၚ ေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္ၿပီး people media က အမ်ိဳးသားတိုးတက္ေရးပါတီ ဥကၠ႒ ေဒါက္တာေနဇင္လတ္ထံ ဆက္သြယ္ေမး ျမန္း ခဲ့ပါတယ္။

“အဲဒါမဟုတ္ပါဘူး။ သူကတင္ျပပုံေလးလြဲသြားတာပါ။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့အခါၾကေတာ့ တပ္မေတာ္ တပ္ေပါင္းစုရဲ႕ လက္နက္ကိုင္အႀကီးအကဲေပါ့။ သူကအားလုံးကိုစဥ္းစားၿပီးမွ ထိန္းထိန္းသိမ္း သိမ္းလုပ္ရပါတယ္။ အရမ္းကာေရာလုပ္လို႔မရဘူးေပါ့။သူအလုပ္တစ္ခုလုပ္ေတာ့မယ္ဆိုရင္ အတိတ္က တပ္မေတာ္ေခါင္းေဆာင္ေတြ သမိုင္းကိုလည္းျပန္ၾကည့္ရတယ္ေပါ့။ လက္ရွိသူ႔လက္ထက္မွာရွိတဲ့တပ္ရဲ႕ အေျခအေနကိုလည္းျပန္ၾကည့္ရတယ္ေပါ့။ ေနာက္တစ္ခါအနာဂါတ္ကို ျပန္ၾကည့္ရတယ္ေပါ့။ ဒါေၾကာင့္မို႔လို႔ သူအလုပ္လုပ္တဲ့အခါ အမ်ားႀကီး ျပန္စဥ္းစားရပါတယ္ေပါ့။ သို႔ေသာ္လည္း တပ္အေနနဲ႔ၾကတဲ့အခါက်ျပန္ေတာ့ အလုပ္လုပ္မယ္ဆိုရင္ လုပ္ႏိုင္ခြင့္သူရွိတယ္ေပါ့။ အဲဒီလိုေျပာတာပါ။ ဒါကိုလူေတြက အဓိပၸာယ္ေကာက္တစ္မ်ိဳး လြဲၾကတာပါ’’ဟု ၎ကေျပာသည္။

ၾသဂုတ္လ ၁၄ ရက္၌ ေနျပည္ေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ႏိုင္ငံေရးပါတီ ၃၄ ပါတီမွ ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခဲ့ရာ၌ႏုိ္ုင္ငံေရးပါတီတစ္ခု၏ေခါင္း ေဆာင္တစ္ဦးက သတင္းဌာနသို႔ေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ဘာမဆိုလုပ္ရဲသည္ဟုေျပာ ဆိုေၾကာင္း၊တိုင္းျပည္ႏွင့္ တပ္မေတာ္ အေပၚၾကည့္ေနရေၾကာင္းေျပာဆိုသည္ဟု ေရးသားေဖာ္ျပခဲ့သည္။

#PeopleMedia #တပ္ခ်ဳပ္

(unicode)
တပ်ချုပ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှု၌ အာဏာသိမ်းသည့် စကားလုံး တပ်ချုပ် ပြောဆိုမှုမရှိကြောင်း ဒေါက်တာနေဇင်လတ်ဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံရေးပါတီ(၃၄)ပါတီတွေ့ဆုံမှု၌ အာဏာသိမ်းသည့် စကားလုံးကို တပ်ချုပ်က ပြောဆိုခဲ့ချင်း မရှိကြောင်း အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံမှုအပေါ် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး people media က အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်ထံ ဆက်သွယ်မေး မြန်း ခဲ့ပါတယ်။

“အဲဒါမဟုတ်ပါဘူး။ သူကတင်ပြပုံလေးလွဲသွားတာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အခါကြတော့ တပ်မတော် တပ်ပေါင်းစုရဲ့ လက်နက်ကိုင်အကြီးအကဲပေါ့။ သူကအားလုံးကိုစဉ်းစားပြီးမှ ထိန်းထိန်းသိမ်း သိမ်းလုပ်ရပါတယ်။ အရမ်းကာရောလုပ်လို့မရဘူးပေါ့။သူအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အတိတ်က တပ်မတော်ခေါင်းဆောင်တွေ သမိုင်းကိုလည်းပြန်ကြည့်ရတယ်ပေါ့။ လက်ရှိသူ့လက်ထက်မှာရှိတဲ့တပ်ရဲ့ အခြေအနေကိုလည်းပြန်ကြည့်ရတယ်ပေါ့။ နောက်တစ်ခါအနာဂါတ်ကို ပြန်ကြည့်ရတယ်ပေါ့။ ဒါကြောင့်မို့လို့ သူအလုပ်လုပ်တဲ့အခါ အများကြီး ပြန်စဉ်းစားရပါတယ်ပေါ့။ သို့သော်လည်း တပ်အနေနဲ့ကြတဲ့အခါကျပြန်တော့ အလုပ်လုပ်မယ်ဆိုရင် လုပ်နိုင်ခွင့်သူရှိတယ်ပေါ့။ အဲဒီလိုပြောတာပါ။ ဒါကိုလူတွေက အဓိပ္ပာယ်ကောက်တစ်မျိုး လွဲကြတာပါ’’ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၁၄ ရက်၌ နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ရာ၌နို်ုင်ငံရေးပါတီတစ်ခု၏ခေါင်း ဆောင်တစ်ဦးက သတင်းဌာနသို့ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဘာမဆိုလုပ်ရဲသည်ဟုပြော ဆိုကြောင်း၊တိုင်းပြည်နှင့် တပ်မတော် အပေါ်ကြည့်နေရကြောင်းပြောဆိုသည်ဟု ရေးသားဖော်ပြခဲ့သည်။

#PeopleMedia #တပ်ချုပ်


Share this post