• Follow Us on

Home တပ္ဖြဲ႕ေတြလႊတ္ၿပီး လူထုအုံႂကြမႈေတြေျဖရွင္းမယ္လို႔ ထရမ့္ကတိျပဳ

တပ္ဖြဲ႕ေတြလႊတ္ၿပီး လူထုအုံႂကြမႈေတြေျဖရွင္းမယ္လို႔ ထရမ့္ကတိျပဳ

Share this post

ဝါရွင္တန္၊ ဇြန္ ၂

မင္နီယာပိုလစ္ၿမိဳ႕မွာ ရဲေတြအလြန္အကြၽံအင္အားသုံးထိန္းသိမ္းတုန္း လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ေသဆုံး တဲ့ျဖစ္ရပ္ေၾကာင့္ ျမင့္တက္ေနတဲ့လူထုအုံႂကြမႈေတြကို အဆုံးသတ္ဖို႔ တပ္ဖြဲ႕ေတြေစလႊတ္သြားမယ္ဆိုၿပီး အေမ ရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္လိုက္ပါတယ္။

ၿမိဳ႕ေတြ၊ ျပည္နယ္ေတြအေနနဲ႔ ဆႏၵျပပြဲေတြကိုမထိန္းႏိုင္၊ ေဒသခံေတြကိုမကာကြယ္ႏိုင္ရင္ စစ္တပ္ေစလႊတ္ၿပီး ျပႆနာကို ျမန္ျမန္ဆန္ဆန္ေျဖရွင္းမယ္လို႔ေျပာတာပါ။

ေမ ၂၅ ရက္က အသက္ ၄၆ ႏွစ္ရွိေနတဲ့ေဂ်ာ့ ဖလြိဳက္ေသဆုံးမႈေၾကာင့္ အေမရိကန္ႏိုင္ငံတဝန္းေဒါသထြက္ေန ၾကတာပါ။

အုံႂကြမႈေတြ ၇ ရက္ေက်ာ္လာခ်ိန္ အဓိကၿမိဳ႕ႀကီးေတြမွာ ညမထြက္ရအမိန္႔ထုတ္ထားပါၿပီ။

နယူးေယာက္ၿမိဳ႕မွာ ဒီေန႔မနက္ ၅ နာရီအထိ အလုံပိတ္ကန္႔သတ္မႈေတြသတ္မွတ္လိုက္ၿပီး ဝါရွင္တန္ဒီစီမွာ လည္း ညမထြက္ရအမိန္႔ကို ေနာက္ထပ္ ၂ ရက္ထပ္တိုးလိုက္ပါတယ္။

ဒါေပမဲ့ ဆႏၵထုတ္ေဖာ္တာေတြ ဆက္ျဖစ္ဖို႔ရွိေနပါတယ္။

ဆႏၵျပမႈေတြရွိေနသလို ဆိုင္ေတြကိုဝင္ဖ်က္ဆီးတာေတြ၊ ရဲကားေတြကိုမီးရႈိ႕တာေတြလည္းရွိေနပါတယ္။

Ref : George Floyd death: Trump vows to send in troops to end unrest

#PeopleMedia #International

(unicode)
တပ်ဖွဲ့တွေလွှတ်ပြီး လူထုအုံကြွမှုတွေဖြေရှင်းမယ်လို့ ထရမ့်ကတိပြု
……………………………………………………

ဝါရှင်တန်၊ ဇွန် ၂

မင်နီယာပိုလစ်မြို့မှာ ရဲတွေအလွန်အကျွံအင်အားသုံးထိန်းသိမ်းတုန်း လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံး တဲ့ဖြစ်ရပ်ကြောင့် မြင့်တက်နေတဲ့လူထုအုံကြွမှုတွေကို အဆုံးသတ်ဖို့ တပ်ဖွဲ့တွေစေလွှတ်သွားမယ်ဆိုပြီး အမေ ရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

မြို့တွေ၊ ပြည်နယ်တွေအနေနဲ့ ဆန္ဒပြပွဲတွေကိုမထိန်းနိုင်၊ ဒေသခံတွေကိုမကာကွယ်နိုင်ရင် စစ်တပ်စေလွှတ်ပြီး ပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းမယ်လို့ပြောတာပါ။

မေ ၂၅ ရက်က အသက် ၄၆ နှစ်ရှိနေတဲ့ဂျော့ ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတဝန်းဒေါသထွက်နေ ကြတာပါ။

အုံကြွမှုတွေ ၇ ရက်ကျော်လာချိန် အဓိကမြို့ကြီးတွေမှာ ညမထွက်ရအမိန့်ထုတ်ထားပါပြီ။

နယူးယောက်မြို့မှာ ဒီနေ့မနက် ၅ နာရီအထိ အလုံပိတ်ကန့်သတ်မှုတွေသတ်မှတ်လိုက်ပြီး ဝါရှင်တန်ဒီစီမှာ လည်း ညမထွက်ရအမိန့်ကို နောက်ထပ် ၂ ရက်ထပ်တိုးလိုက်ပါတယ်။

ဒါပေမဲ့ ဆန္ဒထုတ်ဖော်တာတွေ ဆက်ဖြစ်ဖို့ရှိနေပါတယ်။

ဆန္ဒပြမှုတွေရှိနေသလို ဆိုင်တွေကိုဝင်ဖျက်ဆီးတာတွေ၊ ရဲကားတွေကိုမီးရှို့တာတွေလည်းရှိနေပါတယ်။

Ref : George Floyd death: Trump vows to send in troops to end unrest

#PeopleMedia #International


Share this post