• Follow Us on

Home AA ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕မ်ား ပူးေပါင္း၍ တရားမဝင္မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ား ႐ုပ္လုံးေပၚလာေၾကာင္း ႏုိင္ငံပုိင္မီဒီယာ ေဖာ္ျပ

AA ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕မ်ား ပူးေပါင္း၍ တရားမဝင္မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ား ႐ုပ္လုံးေပၚလာေၾကာင္း ႏုိင္ငံပုိင္မီဒီယာ ေဖာ္ျပ

Share this post

ရန္ကုန္၊ ဇြန္ – ၂

 

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္း AA အၾကမ္းဖက္အဖြဲ႕ႏွင့္ ဆက္စပ္ပတ္သက္သည့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိၿပီးေနာက္ စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ AA ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕မ်ား ပူးေပါင္း၍ တရားမဝင္မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္မႈေဆာင္႐ြက္ခ်က္မ်ား ယခုအခါ ႐ုပ္လုံးေပၚ လာေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရသိရေၾကာင္း ႏုိင္ငံပုုိင္သတင္းစာ၌ ေဖာ္ျပထား သည္။

 

စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၄၃၇၅၀၀

 

သတင္းေပးခ်က္မ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေမ ၃၁ ရက္ နံနက္ ၉ နာရီ ခြဲခန႔္တြင္ ေမာင္ေတာၿမိဳ႕နယ္ ကန္သာယာေက်း႐ြာရွိ ေ႐ႊသိန္း (အသက္ ၃၁ ႏွစ္) ၏ေနအိမ္အား ဝင္ေရာက္ ရွာေဖြရာ ေနအိမ္ကားဂိုေဒါင္အတြင္း ရပ္ထားသည့္ FORLAND အမ်ိဳးအစား ယာဥ္အမွတ္ YGN 9P-5603 (ယာဥ္လိုင္စင္စိစစ္ဆဲ)ေပၚတြင္ တင္ေဆာင္ထားသည့္ ဆာလာအိတ္ ၁၈ အိတ္အတြင္းမွ WY/R စာတန္းပါ လိေမၼာ္ေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၄၃၇၅၀၀ (၎ေဒသ တန္ဖိုးေငြက်ပ္ သိန္း ၄၈၇၅၀) ႏွင့္ ေနအိမ္မွ PAA-912 နံပါတ္ပါ AUSTRIA နိုင္ငံထုတ္Glock ပစၥတိုေသနတ္တစ္လက္၊ ၎က်ည္ ၅ ေတာင့္၊ ျမန္မာေငြက်ပ္ ၄၉ သိန္း၊ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးႏွင့္ Hijet အမ်ိဳးအစား ယာဥ္အမွတ္ YGN 1G-9180 ေမာ္ေတာ္ယာဥ္ တစ္စီး (ယာဥ္လိုင္စင္စိစစ္ဆဲ)တို႔အား ေတြ႕ရွိသိမ္းဆည္းရမိေၾကာင္း။

 

၎ေနအိမ္တြင္ ေ႐ႊသိန္းမွာ ႀကိဳတင္တိမ္းေရွာင္သြားၿပီး ၎၏ဇနီးျဖစ္သူ ေဒၚဦး မစိန္ (အသက္ ၃၀ )ႏွင့္ ဆက္ စပ္ပတ္သက္သူ ငါးဦးတို႔အား ေတြ႕ရွိဖမ္းဆီး ထိန္းသိမ္းနိုင္ခဲ့ေၾကာင္း၊ ကနဦးစစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ေ႐ႊသိန္းသည္ AA အၾကမ္းဖက္အဖြဲ႕၏ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၎႐ြာတြင္ ႐ြာသားအသြင္ေနထိုင္၍ မူးယစ္ေဆး ဝါးသယ္ေဆာင္ ေရာင္းခ်ျခင္း၊ လူသစ္စုေဆာင္းျခင္း တာဝန္ခံအျဖစ္ေဆာင္႐ြက္ေၾကာင္း၊ သိမ္းဆည္းရမိသည့္ ေသနတ္မွာ AA အၾကမ္းဖက္အဖြဲ႕မွ ထုတ္ေပးထားသည့္ ေသနတ္ျဖစ္ေၾကာင္း၊ ဖမ္းဆီးရမိသူ ရခိုင္တိုင္းရင္း သား ငါးဦးအနက္ ႏွစ္ဦးမွာ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈတြင္ ေ႐ႊသိန္းႏွင့္အတူ ကိုယ္တိုင္ပါဝင္ ပတ္သက္သူျဖစ္ၿပီး က်န္သုံးဦးမွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေပါက္ေတာျပင္ေက်း႐ြာဇာတိမ်ားျဖစ္ကာ AA အၾကမ္း ဖက္သင္တန္းတက္ေရာက္ရန္ ေ႐ႊသိန္းက လူသစ္စုေဆာင္းထားၿပီး ၎၏ေနအိမ္တြင္ ေခတၱေခၚထားသူမ်ား ျဖစ္ေၾကာင္း၊ ေ႐ႊသိန္း၏ ေနအိမ္တြင္ ေနထိုင္စဥ္ ေ႐ႊသိန္းေစခိုင္းသည့္ မူးယစ္ေဆးဝါး သယ္ေဆာင္မႈကိစၥမ်ား ကို ေဆာင္႐ြက္ေပးရေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ႏုိင္ငံပုိင္မီဒီယာက ထုတ္ျပန္ထားသည္။

 

အဆင့္ဆင့္သယ္ေဆာင္

 

ယခု မူးယစ္ေဆးဝါးဖမ္းဆီးရမိသည့္ ကန္သာယာေက်း႐ြာသည္ ရခိုင္တိုင္းရင္းသားမ်ား ေနထိုင္သည့္ ေက်း႐ြာ ျဖစ္ၿပီး အနီးဝန္းက်င္ရွိ ေက်း႐ြာမ်ားမွာလည္း ရခိုင္တိုင္းရင္းသားအမ်ားစုႏွင့္ ၿမိဳတိုင္းရင္းသားမ်ား ေနထိုင္ရာ ေက်း႐ြာမ်ားျဖစ္ေၾကာင္း၊ အငူေမာ္-ေမာင္ေတာကားလမ္းတစ္‌ေလွ်ာက္သည္ အငူေမာ္မွ ေမာင္ေတာအထိ ရခိုင္ တိုင္းရင္းသားေက်း႐ြာမ်ားပင္ျဖစ္ေၾကာင္း၊ AA အၾကမ္းဖက္အဖြဲ႕သည္ ဘူးသီးေတာင္ၿမိဳ႕နယ္ႏွင့္ ရေသ့ေတာင္ ၿမိဳ႕နယ္အၾကား ေမယုျမစ္အေရွ႕ဘက္ ကမ္းရွိ ရေသ့ေတာင္ – ဘူးသီးေတာင္ကားလမ္းႏွင့္ ေမယုျမစ္ေၾကာင္းကို ထိန္းခ်ဳပ္ထားၿပီး ၎တို႔ ထိန္းခ်ဳပ္ထားသည့္ နယ္ေျမမွတစ္ဆင့္ မူးယစ္ေဆးဝါးမ်ားကို လူျဖင့္လည္းေကာင္း၊ စက္ေလွ၊ ေမာ္ေတာ္ယာဥ္တို႔ျဖင့္လည္းေကာင္း အဆင့္ဆင့္သယ္ေဆာင္ကာ ေမာင္ေတာၿမိဳ႕ေပၚႏွင့္ ေမာင္ ေတာေတာင္ဘက္ျခမ္းသို႔ ပို႔ေဆာင္ေၾကာင္း။ ေမာင္ေတာၿမိဳ႕ေတာင္ဘက္ျခမ္း နယ္ေျမ ၌ ၂၀၂၀ ျပည့္ႏွစ္ အတြင္း မူးယစ္ေဆးဝါး ဖမ္းဆီးရမိ အမႈေပါင္း ၁၃ မႈႏွင့္ ဖမ္းဆီးရမိ ပမာဏမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀၉၅၀၃၇၉ ျပား ရွိေၾကာင္း၊ ဖမ္းဆီးရမိပါဝင္ပတ္သက္သူ တရားခံမ်ားမွာ ဖမ္းမိတရားခံ ၁၇ ဦး၊ ျပန္လည္ခုခံ တိုက္ခိုက္သျဖင့္ ပစ္ခတ္အေသဖမ္းဆီးရမိသူ တစ္ဦးႏွင့္ တရားခံေျပးေျခာက္ဦးတို႔ ျဖစ္ေၾကာင္း၊ ေမာင္ေတာ ၿမိဳ႕မွတစ္ဆင့္ ေမာင္ေတာေျမာက္ဘက္ျခမ္း နယ္ေျမအား ျဖတ္သန္းၿပီး တစ္ဖက္နိုင္ငံ နယ္စပ္သို႔ မူးယစ္ေဆး ဝါး ဆက္လက္ပို႔ေဆာင္သူမ်ားမွာ ARSA အၾကမ္းဖက္အဖြဲ႕ႏွင့္ ဆက္စပ္သူမ်ားျဖစ္ေၾကာင္းဆုိသည္။

 

၂၀၁၉ ခုႏွစ္ကုန္ပိုင္း ေမာင္ေတာၿမိဳ႕ေပၚတြင္ ဖမ္းဆီးရမိသူျမင့္စိုးက ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာၿပီး ေမာင္ေတာၿမိဳ႕ ၿမိဳ႕မကညင္တန္း (အလယ္) ေက်း႐ြာေန ေဇာ္ဝင္း(ခ) ေနာ္ဘီမုလ္ဂ်ဴဟာရ္ထံသို႔ လာေရာက္ ပို႔ေဆာင္သည့္ WY/R စာတန္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၈၇၇၅၀၀၀ ကို ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိမႈမွ လက္ခံမည့္သူ ေဇာ္ဝင္း(ခ) ေနာ္ဘီမုလ္ဂ်ဴဟာရ္မွာ တရားခံေျပးျဖစ္ေနၿပီး ေမ ၃၀ ရက္တြင္ ၎၏ေနအိမ္အား အတည္ျပဳ စိစစ္ရွာေဖြရာ ေနအိမ္ေျမေအာက္ခန္းအတြင္းမွ WY/R စာတန္းပါ ပန္းေရာင္စိတ္ ႂကြ႐ူးသြပ္ေဆးျပား ၇၀၉၀၇၀၀ ႏွင့္အတူ ဖခင္ျဖစ္သူ ဂ်ဴဟာရ္ဟူဆိန္းႏွင့္ ဇနီးျဖစ္သူ မေရခါယာဒ္ဖာေတမာတို႔ ႏွစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးရမိသည့္ ျဖစ္စဥ္ႏွင့္ မူးယစ္ေဆးဝါး အေရအတြက္မ်ားျပား ေသာ ေဖာ္ထုတ္ရရွိမႈ အပါအဝင္ ေမာင္ေတာၿမိဳ႕ ေျမာက္ဘက္ျခမ္း နယ္ေျမအတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိ အမႈေပါင္း ၃၉ မႈႏွင့္ ဖမ္းဆီးရမိပမာဏမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၁၂၆၆၅၇ ျပားရွိေၾကာင္းေဖာ္ျပထာသည္။

ခ်ိတ္ဆက္ပူးေပါင္း

 

ဖမ္းဆီးရမိပါဝင္ပတ္သက္သူ တရားခံမ်ားမွာ ဖမ္းမိတရားခံ ၄၅ ဦး၊ ျပန္လည္ခုခံတိုက္ခိုက္သျဖင့္ ပစ္ခတ္ အေသ ဖမ္းဆီးရမိသူေလးဦးႏွင့္ တရားခံေျပးေျခာက္ဦးတို႔ျဖစ္ ေၾကာင္း ေတြ႕ရွိဖမ္းဆီးရမိမႈ ျဖစ္စဥ္မ်ားႏွင့္ စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ AA အၾကမ္းဖက္အဖြဲ႕ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕တို႔သည္ ခ်ိတ္ဆက္ပူးေပါင္း၍ တရားမဝင္မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမွ ရရွိေသာ အက်ိဳးအျမတ္မ်ားျဖင့္ ၎တို႔အဖြဲ႕ရပ္တည္ ေရးႏွင့္ တရားမဝင္လက္နက္ခဲယမ္းမ်ား ဝယ္ယူရရွိနိုင္ေရးေဆာင္႐ြက္ၿပီး ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအး ခ်မ္းမႈပ်က္ျပားေရးအတြက္ လက္နက္စြဲကိုင္အၾကမ္းဖက္ေဆာင္႐ြက္မႈမ်ား ေတြ႕ရွိရေၾကာင္း ျမန္မာနိုင္ငံရဲတပ္ ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားေၾကာင္း ႏုိင္ငံပုိင္မီဒီယာ၌ ေဖာ္ျပထားသည္။

 

#PeopleMedia #MOI #AA #ARSA

 

(unicode)

AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ

==========================================

ရန်ကုန်၊ ဇွန် – ၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိပြီးနောက် စိစစ်ဖော်ထုတ်ချက်များအရ AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုဆောင်ရွက်ချက်များ ယခုအခါ ရုပ်လုံးပေါ် လာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထား သည်။

စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃၇၅၀၀

သတင်းပေးချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် နံနက် ၉ နာရီ ခွဲခန့်တွင် မောင်တောမြို့နယ် ကန်သာယာကျေးရွာရှိ ရွှေသိန်း (အသက် ၃၁ နှစ်) ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်ကားဂိုဒေါင်အတွင်း ရပ်ထားသည့် FORLAND အမျိုးအစား ယာဉ်အမှတ် YGN 9P-5603 (ယာဉ်လိုင်စင်စိစစ်ဆဲ)ပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၈ အိတ်အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃၇၅၀၀ (၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၄၈၇၅၀) နှင့် နေအိမ်မှ PAA-912 နံပါတ်ပါ AUSTRIA နိုင်ငံထုတ်Glock ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် Hijet အမျိုးအစား ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ် တစ်စီး (ယာဉ်လိုင်စင်စိစစ်ဆဲ)တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း။

၎င်းနေအိမ်တွင် ရွှေသိန်းမှာ ကြိုတင်တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦး မစိန် (အသက် ၃၀ )နှင့် ဆက် စပ်ပတ်သက်သူ ငါးဦးတို့အား တွေ့ရှိဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ကနဦးစစ်ဆေးပေါ်ပေါက်ချက်များအရ ရွှေသိန်းသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသားအသွင်နေထိုင်၍ မူးယစ်ဆေး ဝါးသယ်ဆောင် ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တာဝန်ခံအဖြစ်ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိသည့် သေနတ်မှာ AA အကြမ်းဖက်အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ရခိုင်တိုင်းရင်း သား ငါးဦးအနက် နှစ်ဦးမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် ရွှေသိန်းနှင့်အတူ ကိုယ်တိုင်ပါဝင် ပတ်သက်သူဖြစ်ပြီး ကျန်သုံးဦးမှာ ရသေ့တောင်မြို့နယ် ပေါက်တောပြင်ကျေးရွာဇာတိများဖြစ်ကာ AA အကြမ်း ဖက်သင်တန်းတက်ရောက်ရန် ရွှေသိန်းက လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင် ခေတ္တခေါ်ထားသူများ ဖြစ်ကြောင်း၊ ရွှေသိန်း၏ နေအိမ်တွင် နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါး သယ်ဆောင်မှုကိစ္စများ ကို ဆောင်ရွက်ပေးရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။

အဆင့်ဆင့်သယ်ဆောင်

ယခု မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ ဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှာလည်း ရခိုင်တိုင်းရင်းသားအများစုနှင့် မြိုတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများဖြစ်ကြောင်း၊ အငူမော်-မောင်တောကားလမ်းတစ်လျှောက်သည် အငူမော်မှ မောင်တောအထိ ရခိုင် တိုင်းရင်းသားကျေးရွာများပင်ဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင် မြို့နယ်အကြား မေယုမြစ်အရှေ့ဘက် ကမ်းရှိ ရသေ့တောင် – ဘူးသီးတောင်ကားလမ်းနှင့် မေယုမြစ်ကြောင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေမှတစ်ဆင့် မူးယစ်ဆေးဝါးများကို လူဖြင့်လည်းကောင်း၊ စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့်လည်းကောင်း အဆင့်ဆင့်သယ်ဆောင်ကာ မောင်တောမြို့ပေါ်နှင့် မောင် တောတောင်ဘက်ခြမ်းသို့ ပို့ဆောင်ကြောင်း။ မောင်တောမြို့တောင်ဘက်ခြမ်း နယ်မြေ ၌ ၂၀၂၀ ပြည့်နှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိ အမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိ ပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉၅၀၃၇၉ ပြား ရှိကြောင်း၊ ဖမ်းဆီးရမိပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိတရားခံ ၁၇ ဦး၊ ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီးရမိသူ တစ်ဦးနှင့် တရားခံပြေးခြောက်ဦးတို့ ဖြစ်ကြောင်း၊ မောင်တော မြို့မှတစ်ဆင့် မောင်တောမြောက်ဘက်ခြမ်း နယ်မြေအား ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံ နယ်စပ်သို့ မူးယစ်ဆေး ဝါး ဆက်လက်ပို့ဆောင်သူများမှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများဖြစ်ကြောင်းဆိုသည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်း မောင်တောမြို့ပေါ်တွင် ဖမ်းဆီးရမိသူမြင့်စိုးက မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာပြီး မောင်တောမြို့ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ်ထံသို့ လာရောက် ပို့ဆောင်သည့် WY/R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၈၇၇၅၀၀၀ ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိမှုမှ လက်ခံမည့်သူ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ်မှာ တရားခံပြေးဖြစ်နေပြီး မေ ၃၀ ရက်တွင် ၎င်း၏နေအိမ်အား အတည်ပြု စိစစ်ရှာဖွေရာ နေအိမ်မြေအောက်ခန်းအတွင်းမှ WY/R စာတန်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၇၀၉၀၇၀၀ နှင့်အတူ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနှင့် ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် မူးယစ်ဆေးဝါး အရေအတွက်များပြား သော ဖော်ထုတ်ရရှိမှု အပါအဝင် မောင်တောမြို့ မြောက်ဘက်ခြမ်း နယ်မြေအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိ အမှုပေါင်း ၃၉ မှုနှင့် ဖမ်းဆီးရမိပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၂၆၆၅၇ ပြားရှိကြောင်းဖော်ပြထာသည်။
ချိတ်ဆက်ပူးပေါင်း

ဖမ်းဆီးရမိပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိတရားခံ ၄၅ ဦး၊ ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ် အသေ ဖမ်းဆီးရမိသူလေးဦးနှင့် တရားခံပြေးခြောက်ဦးတို့ဖြစ် ကြောင်း တွေ့ရှိဖမ်းဆီးရမိမှု ဖြစ်စဉ်များနှင့် စိစစ်ဖော်ထုတ်ချက်များအရ AA အကြမ်းဖက်အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် ချိတ်ဆက်ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့အဖွဲ့ရပ်တည် ရေးနှင့် တရားမဝင်လက်နက်ခဲယမ်းများ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းမှုပျက်ပြားရေးအတွက် လက်နက်စွဲကိုင်အကြမ်းဖက်ဆောင်ရွက်မှုများ တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။

#PeopleMedia #MOI #AA #ARSA


Share this post