• Follow Us on

Home တပ်မတော်မှ ၂၀၂၀ ခုနှစ်အတွင်း ကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်ဖမ်းဆီးခဲ့

တပ်မတော်မှ ၂၀၂၀ ခုနှစ်အတွင်း ကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်ဖမ်းဆီးခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နှင့် ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် အလားတူ ၂၀၂၀ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ မြန်မာ့အဖိုး တန်သစ်သယံဇာတများ တရားမဝင်ထုတ်ယူမှုများ ဖမ်းဆီးရမိမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ကျွန်းသစ် တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် သစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်း ဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထို့ပြင် တပ်မတော်(ရေ)အနေဖြင့် နိုင်ငံ့ရေပိုင်နက်ကာကွယ်ရေးတာဝန်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၃၀ ဦးကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်ငါးဖမ်း လှေနှင့် မှောင်ခိုလှေ ၆၈ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စုစု ပေါင်း တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ လှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်း များနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများအပြင် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရင်းအမြစ်များဖြစ်သည့် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင် ထုတ်ယူ ရောင်းချမှုများ မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပူးပေါင်းကာကွယ်လျက်ရှိကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

#PeopleMedia #တပ်မတော်

(unicode)
……………………………………………………………..








Share this post