• Follow Us on

Home တပ္မေတာ္သားေဆးမွဴးအေယာင္ေဆာင္၍ ဆုိင္ကယ္ႏွင့္ ေငြေၾကးလိမ္သူ ဖမ္းဆီးခံရ

တပ္မေတာ္သားေဆးမွဴးအေယာင္ေဆာင္၍ ဆုိင္ကယ္ႏွင့္ ေငြေၾကးလိမ္သူ ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၇
 
တပ္မေတာ္သားေဆးမွဴးအေယာင္ေဆာင္၍ ဆုိင္ကယ္ႏွင့္ ေငြေၾကးလိမ္လည္သူ အမ်ဳိးသားတစ္ဦးကုိ သက္ဆုိင္ရာနယ္ေျမခံ တပ္ထိန္းတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက ႏုိဝင္ဘာ(၁၃)ရက္ေန႔၌ ဖမ္းဆီးလုိက္သည္။
 
ျဖစ္စဥ္မွာ စစ္ကိုင္းၿမိဳ႕ႏွင့္ ေက်ာက္ဆည္ၿမိဳ႕နယ္တို႔၌ တပ္မေတာ္သားေဆးမွဴး ရဲေသြးဦးဆိုသူမွ CZI အမ်ိဳးအစား ေမာ္ေတာ္ဆိုင္ကယ္တစ္စီးႏွင့္ ေငြက်ပ္ ၅ သိန္းအား လိမ္လည္ရယူသြားေၾကာင္း သတင္း ျဖစ္စဥ္ေၾကာင့္ သက္ဆုိင္ရာနယ္ေျမတပ္ထိန္းတာဝန္ရွိသူမ်ားက စုံစမ္းခဲ့သည္။
 
ထုိသုိ႔စုံစမ္းရာ၌ နိုဝင္ဘာ ၁၃ ရက္တြင္ မုံ႐ြာၿမိဳ႕နယ္၊ ေ႐ႊဇလုပ္ရပ္ကြက္၊ ကံမရပ္ေန ဦးေအာင္ေက်ာ္ျမင့္၏ ေနအိမ္၌ တပ္မေတာ္သားေဆးမွဴး ရဲေသြးဦးအမည္အားအသုံးျပဳ၍ လိမ္လည္မႈမ်ား ေဆာင္႐ြက္ေနသည့္ သန႔္ဇင္ဝင္း၊ ၃၂ ႏွစ္၊ (ဘ)ဦးျမဝင္း၊ က်န္စစ္သားလမ္း၊ နယ္ေျမ(၁၂)၊ သလႅာရပ္ကြက္၊ မုံ႐ြာၿမိဳ႕ေနသူအား ဖမ္းဆီရမိခဲ့သည္။
 
အဆိုပါ တပ္မေတာ္သားေဆးမွဴး ရဲေသြးဦး အေယာင္ေဆာင္ သန႔္ဇင္ဝင္းသည္ ၂၀၁၄ ခုႏွစ္ ဇြန္ ၂ ရက္တြင္ သန႔္ဇင္ဝင္းအား ျပည္သူ႔ဝန္ထမ္းအေယာင္ေဆာင္မႈျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္အား ေ႐ႊဘိုၿမိဳ႕ အက်ဥ္းေထာင္တြင္က်ခံခဲ့ရသည္။
 
အလားတူ ေဆးမွဴးအေယာင္ေဆာင္သည္ ၂၀၁၈ ခုႏွစ္၌ ေဆးကုသမႈလိုင္စင္မရွိဘဲ ေဆးဝါးကုသမႈ ေၾကာင့္ ေထာင္ဒဏ္ ၃ ႏွစ္အား ကသာၿမိဳ႕အက်ဥ္းေထာင္တြင္ က်ခံခဲ့ရၿပီး ၂၀၁၉ ခုႏွစ္တြင္ လြတ္ၿငိမ္းခ်မ္း သာခြင့္ျဖင့္ လြတ္ေျမာက္လာခဲ့သူတစ္ဦးျဖစ္သည္။
 
ယခုအခါတြင္လည္း တပ္မေတာ္သားေဆးမွဴး အေယာင္ေဆာင္၍ လိမ္လည္မႈမ်ားအား ဆက္လက္ျပဳ လုပ္လ်က္ရွိမႈေၾကာင့္ ထပ္မံ၍ အဖမ္းခံခဲ့ရသည္။
 
#PeopleMedia #ေဆးမွဴးအေယာင္ေဆာင္
 
(unicode)
တပ်မတော်သားဆေးမှူးအယောင်ဆောင်၍ ဆိုင်ကယ်နှင့် ငွေကြေးလိမ်သူ ဖမ်းဆီးခံရ
…………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ – ၁၇
 
တပ်မတော်သားဆေးမှူးအယောင်ဆောင်၍ ဆိုင်ကယ်နှင့် ငွေကြေးလိမ်လည်သူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာနယ်မြေခံ တပ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူများက နိုဝင်ဘာ(၁၃)ရက်နေ့၌ ဖမ်းဆီးလိုက်သည်။
 
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နှင့် ကျောက်ဆည်မြို့နယ်တို့၌ တပ်မတော်သားဆေးမှူး ရဲသွေးဦးဆိုသူမှ CZI အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးနှင့် ငွေကျပ် ၅ သိန်းအား လိမ်လည်ရယူသွားကြောင်း သတင်း ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာနယ်မြေတပ်ထိန်းတာဝန်ရှိသူများက စုံစမ်းခဲ့သည်။
 
ထိုသို့စုံစမ်းရာ၌ နိုဝင်ဘာ ၁၃ ရက်တွင် မုံရွာမြို့နယ်၊ ရွှေဇလုပ်ရပ်ကွက်၊ ကံမရပ်နေ ဦးအောင်ကျော်မြင့်၏ နေအိမ်၌ တပ်မတော်သားဆေးမှူး ရဲသွေးဦးအမည်အားအသုံးပြု၍ လိမ်လည်မှုများ ဆောင်ရွက်နေသည့် သန့်ဇင်ဝင်း၊ ၃၂ နှစ်၊ (ဘ)ဦးမြဝင်း၊ ကျန်စစ်သားလမ်း၊ နယ်မြေ(၁၂)၊ သလ္လာရပ်ကွက်၊ မုံရွာမြို့နေသူအား ဖမ်းဆီရမိခဲ့သည်။
 
အဆိုပါ တပ်မတော်သားဆေးမှူး ရဲသွေးဦး အယောင်ဆောင် သန့်ဇင်ဝင်းသည် ၂၀၁၄ ခုနှစ် ဇွန် ၂ ရက်တွင် သန့်ဇင်ဝင်းအား ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြင့် ထောင်ဒဏ် ၂ နှစ်အား ရွှေဘိုမြို့ အကျဉ်းထောင်တွင်ကျခံခဲ့ရသည်။
 
အလားတူ ဆေးမှူးအယောင်ဆောင်သည် ၂၀၁၈ ခုနှစ်၌ ဆေးကုသမှုလိုင်စင်မရှိဘဲ ဆေးဝါးကုသမှု ကြောင့် ထောင်ဒဏ် ၃ နှစ်အား ကသာမြို့အကျဉ်းထောင်တွင် ကျခံခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူတစ်ဦးဖြစ်သည်။
 
ယခုအခါတွင်လည်း တပ်မတော်သားဆေးမှူး အယောင်ဆောင်၍ လိမ်လည်မှုများအား ဆက်လက်ပြု လုပ်လျက်ရှိမှုကြောင့် ထပ်မံ၍ အဖမ်းခံခဲ့ရသည်။
 
#PeopleMedia #ဆေးမှူးအယောင်ဆောင်

Share this post