• Follow Us on

Home တမန္ေတာ္မိုဟာမက္ပံု ကာတြန္းဆြဲထားသည္မ်ားကို ျပင္သစ္သမၼတက ကာကြယ္ေျပာဆိုၿပီးေနာက္ အာရပ္ႏိုင္ငံမ်ား ျပင္သစ္ကို သပိတ္ေမွာက္၊ ရပ္ဆိုင္းရန္ ျပင္သစ္တိုက္တြန္း

တမန္ေတာ္မိုဟာမက္ပံု ကာတြန္းဆြဲထားသည္မ်ားကို ျပင္သစ္သမၼတက ကာကြယ္ေျပာဆိုၿပီးေနာက္ အာရပ္ႏိုင္ငံမ်ား ျပင္သစ္ကို သပိတ္ေမွာက္၊ ရပ္ဆိုင္းရန္ ျပင္သစ္တိုက္တြန္း

Share this post

ပဲရစ္၊ ေအာက္တိုဘာ ၂၆
အေ႐ွ႕အလယ္ပိုင္းႏိုင္ငံမ်ားအေနျဖင့္ ျပင္သစ္ကုန္ပစၥည္းမ်ားကိုသပိတ္ေမွာက္မႈရပ္ဆိုင္းရန္ ျပင္သစ္ႏိုင္ငံက တိုက္တြန္းသည္။
တမန္ေတာ္မိုဟာမက္ကာတြန္းပံုမ်ားထုတ္ေဖာ္ျပသခြင့္ကို ျပင္သစ္သမၼတ အီမန္ႏ်ဳဴရယ္ မက္ခ႐ြန္က ကာကြယ္ေျပာဆိုၿပီးေနာက္ သပိတ္ေမွာက္ေနၾကျခင္းျဖစ္သည္။
အေျခအျမစ္မ႐ွိသည့္သပိတ္ေမွာက္ရန္ေတာင္းဆိုမႈသည္ တယူသန္လူနည္းစုက တိုက္တြန္းေနျခင္းဟု ျပင္သစ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာသည္။
ကူဝိတ္၊ ေဂ်ာ္ဒန္ႏွင့္ ကာတာတို႔႐ွိဆိုင္အခ်ိဳ႕တြင္ ျပင္သစ္ကုန္စည္မ်ားကို ဖယ္႐ွားထားသည္။
တခ်ိန္တည္းတြင္ လစ္ဗ်ား၊ ဆီးရီးယားႏွင့္ ဂါဇာကမ္းေျမာင္တို႔တြင္ ဆႏၵျပမႈမ်ား႐ွိေနသည္။
အတန္းထဲတြင္ တမန္ေတာ္မိုဟာမက္ကာတြန္းမ်ားျပခဲ့သည့္ ျပင္သစ္ေက်ာင္းဆရာကို ရက္ရက္စက္စက္သ တ္ခဲ့ၿပီးေနာက္ အစၥလာမ္မစ္အစြန္းေရာက္မ်ားက ျပင္သစ္ႏိုင္ငံအနာဂတ္ကို စိုးမိုးခ်င္ေသာေၾကာင့္ ထိုေက်ာင္းဆရာကို သတ္ျဖတ္ခဲ့ျခင္းဟု ျပင္သစ္သမၼတကေျပာၿပီးေနာက္ပိုင္း သပိတ္ေမွာက္မႈမ်ား႐ွိလာသည္။
အစၥလာမ္ယဥ္ေက်းမႈအရ တမန္ေတာ္မိုဟာမက္ႏွင့္ ဘုရားသခင္အလႅာတို႔၏ပံုရိပ္မ်ားေဖာ္ျပျခင္းကို ျပင္းျပင္းထန္ထန္တားျမစ္ထားသျဖင့္ တမန္ေတာ္မိုဟာမက္ပံုမ်ားသ႐ုပ္ေဖာ္ျခင္းသည္ မြတ္ဆလင္မ်ားကို ဆိုးဆိုး႐ြား႐ြားေစာ္ကားသည့္လုပ္ရပ္ျဖစ္သည္။
တူရကီႏွင့္ပါကစၥတန္ႏိုင္ငံေရးေခါင္းေဆာင္မ်ားက မက္ခ႐ြန္၏မွတ္ခ်က္ကို လြတ္လပ္စြာကိုးကြယ္ခြင့္ကို ေစာ္ကားသည္ဟု စြပ္စြဲေနၿပီး တနဂၤေႏြေန႔တြင္ တူရကီသမၼတ ရီဆက္ ေတယစ္ အာဒို၀မ္က အစၥလာမ္ဘာသာအေပၚသူ၏အျမင္မ်ားေၾကာင့္ စိတ္က်န္းမာေရးစစ္ေဆးသင့္သည္ဟု မက္ခ႐ြန္ကိုေျပာသည္။
Ref : France urges Arab nations to prevent boycotts over Macron’s cartoons defence
#PeopleMedia
(unicode)
တမန်တော်မိုဟာမက်ပုံ ကာတွန်းဆွဲထားသည်များကို ပြင်သစ်သမ္မတက ကာကွယ်ပြောဆိုပြီးနောက် အာရပ်နိုင်ငံများ ပြင်သစ်ကို သပိတ်မှောက်၊ ရပ်ဆိုင်းရန် ပြင်သစ်တိုက်တွန်း
………………………………………
ပဲရစ်၊ အောက်တိုဘာ ၂၆
အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပြင်သစ်ကုန်ပစ္စည်းများကိုသပိတ်မှောက်မှုရပ်ဆိုင်းရန် ပြင်သစ်နိုင်ငံက တိုက်တွန်းသည်။
တမန်တော်မိုဟာမက်ကာတွန်းပုံများထုတ်ဖော်ပြသခွင့်ကို ပြင်သစ်သမ္မတ အီမန်နျုူရယ် မက်ခရွန်က ကာကွယ်ပြောဆိုပြီးနောက် သပိတ်မှောက်နေကြခြင်းဖြစ်သည်။
အခြေအမြစ်မရှိသည့်သပိတ်မှောက်ရန်တောင်းဆိုမှုသည် တယူသန်လူနည်းစုက တိုက်တွန်းနေခြင်းဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
ကူဝိတ်၊ ဂျော်ဒန်နှင့် ကာတာတို့ရှိဆိုင်အချို့တွင် ပြင်သစ်ကုန်စည်များကို ဖယ်ရှားထားသည်။
တချိန်တည်းတွင် လစ်ဗျား၊ ဆီးရီးယားနှင့် ဂါဇာကမ်းမြောင်တို့တွင် ဆန္ဒပြမှုများရှိနေသည်။
အတန်းထဲတွင် တမန်တော်မိုဟာမက်ကာတွန်းများပြခဲ့သည့် ပြင်သစ်ကျောင်းဆရာကို ရက်ရက်စက်စက်သ တ်ခဲ့ပြီးနောက် အစ္စလာမ်မစ်အစွန်းရောက်များက ပြင်သစ်နိုင်ငံအနာဂတ်ကို စိုးမိုးချင်သောကြောင့် ထိုကျောင်းဆရာကို သတ်ဖြတ်ခဲ့ခြင်းဟု ပြင်သစ်သမ္မတကပြောပြီးနောက်ပိုင်း သပိတ်မှောက်မှုများရှိလာသည်။
အစ္စလာမ်ယဉ်ကျေးမှုအရ တမန်တော်မိုဟာမက်နှင့် ဘုရားသခင်အလ္လာတို့၏ပုံရိပ်များဖော်ပြခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသဖြင့် တမန်တော်မိုဟာမက်ပုံများသရုပ်ဖော်ခြင်းသည် မွတ်ဆလင်များကို ဆိုးဆိုးရွားရွားစော်ကားသည့်လုပ်ရပ်ဖြစ်သည်။
တူရကီနှင့်ပါကစ္စတန်နိုင်ငံရေးခေါင်းဆောင်များက မက်ခရွန်၏မှတ်ချက်ကို လွတ်လပ်စွာကိုးကွယ်ခွင့်ကို စော်ကားသည်ဟု စွပ်စွဲနေပြီး တနင်္ဂနွေနေ့တွင် တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဝမ်က အစ္စလာမ်ဘာသာအပေါ်သူ၏အမြင်များကြောင့် စိတ်ကျန်းမာရေးစစ်ဆေးသင့်သည်ဟု မက်ခရွန်ကိုပြောသည်။
Ref : France urges Arab nations to prevent boycotts over Macron’s cartoons defence
#PeopleMedia


Share this post