• Follow Us on

Home ဧရာ၀တီတိုင္းေဒသႀကီး ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ကရင္လူထု ၁ သိန္းေက်ာ္မွ ကရင္ပါတီကို ေထာက္ခံ ေၾကာင္း ၀န္းရံလွည့္လည္မည္ဟုေျပာ

ဧရာ၀တီတိုင္းေဒသႀကီး ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ကရင္လူထု ၁ သိန္းေက်ာ္မွ ကရင္ပါတီကို ေထာက္ခံ ေၾကာင္း ၀န္းရံလွည့္လည္မည္ဟုေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၆
ဧရာ၀တီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ကရင္လူငယ္မ်ားမွဦးေဆာင္၍ ကရင္လူထု ၁ သိန္းေက်ာ္မွ ကရင္ပါတီကို ေထာက္ခံသြားမည္ဟု ဧရာ၀တီကရင္လူငယ္အဖဲြ႕မွကိုစေလာင္ေလာင္ကေျပာသည္။
၎ေထာက္ခံလွည့္လည္ပဲြကို ေအာက္တိုဘာ ၂၇ ရက္ ေန႔လယ္ပိုင္းတြင္ က်င္းပျပဳလုပ္မွာျဖစ္ၿပီး ယခုလို ေဆာင္ရြက္ရျခင္းမွာလဲ ကရင္ျပည္နယ္ရွိ္ပါတီမ်ားကို လႊတ္ေတာ္ထဲေရာက္ေအာင္ ၀န္းရံရျခင္းျဖစ္သည္ဟု ကိုစေလာင္ေလာင္ကေျပာသည္။
“လူအင္အားကေတာ့ ေသခ်ာမေျပာႏိုင္ေသးဘူး။ ၁ သိန္းေလာက္လည္းရွိရင္ရွိႏိုင္မယ္ေပါ့။ ကၽြန္ေတာ္တို႔က လည္း ကၽြန္ေတာ္တို႔ၿမိဳ႕နယ္ကသြား၀န္းရံမယ္။ သူတို႔ကလည္း သူတို႔ၿမိဳ႕နယ္က သြား၀န္းရံမယ္။ အခု သိထားခ်က္အရ ေက်ာင္းကုန္းၿမိဳ႕နယ္မွာသြားၿပီးပူးေပါင္းမယ္။ ကၽြန္ေတာ္တို႔ရဲ႕ကရင္ျပည္နယ္ကပါတီေတြကို ကၽြန္ေတာ္တို႔က ကရင္ပါတီေတြကို လႊတ္ေတာ္ထဲေရာက္ေအာင္ သူတို႔ကို၀န္းရံေပးဖို႔အခ်က္ပါပဲ က်န္တာ ဘာရည္ရြယ္ခ်က္မွမရွိပါဘူး” ဟု ဧရာ၀တီကရင္လူငယ္အဖဲြ႕မွ ကိုစေလာင္ေလာင္ကေျပာသည္။
လာေရာက္၀န္းရံသူမ်ားသည္ ကရင္အလံ၊ ကရင္အက်ီမ်ား၀တ္ဆင္ကာ လာေရာက္ပါရန္ႏွင့္ က်န္းမာေရး ၀န္ႀကီးဌာန၏ သတ္မွတ္ထားသည့္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ Mask, facesheild, Hangel တို႔ ယူေဆာင္လာရန္လည္း ၎ကေျပာသည္။
#PeopleMedia
(unicode)
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကရင်လူထု ၁ သိန်းကျော်မှ ကရင်ပါတီကို ထောက်ခံ ကြောင်း ဝန်းရံလှည့်လည်မည်ဟုပြော
……………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ကရင်လူငယ်များမှဦးဆောင်၍ ကရင်လူထု ၁ သိန်းကျော်မှ ကရင်ပါတီကို ထောက်ခံသွားမည်ဟု ဧရာဝတီကရင်လူငယ်အဖွဲ့မှကိုစလောင်လောင်ကပြောသည်။
၎င်းထောက်ခံလှည့်လည်ပွဲကို အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယခုလို ဆောင်ရွက်ရခြင်းမှာလဲ ကရင်ပြည်နယ်ရှိ်ပါတီများကို လွှတ်တော်ထဲရောက်အောင် ဝန်းရံရခြင်းဖြစ်သည်ဟု ကိုစလောင်လောင်ကပြောသည်။
“လူအင်အားကတော့ သေချာမပြောနိုင်သေးဘူး။ ၁ သိန်းလောက်လည်းရှိရင်ရှိနိုင်မယ်ပေါ့။ ကျွန်တော်တို့က လည်း ကျွန်တော်တို့မြို့နယ်ကသွားဝန်းရံမယ်။ သူတို့ကလည်း သူတို့မြို့နယ်က သွားဝန်းရံမယ်။ အခု သိထားချက်အရ ကျောင်းကုန်းမြို့နယ်မှာသွားပြီးပူးပေါင်းမယ်။ ကျွန်တော်တို့ရဲ့ကရင်ပြည်နယ်ကပါတီတွေကို ကျွန်တော်တို့က ကရင်ပါတီတွေကို လွှတ်တော်ထဲရောက်အောင် သူတို့ကိုဝန်းရံပေးဖို့အချက်ပါပဲ ကျန်တာ ဘာရည်ရွယ်ချက်မှမရှိပါဘူး” ဟု ဧရာဝတီကရင်လူငယ်အဖွဲ့မှ ကိုစလောင်လောင်ကပြောသည်။
လာရောက်ဝန်းရံသူများသည် ကရင်အလံ၊ ကရင်အကျီများဝတ်ဆင်ကာ လာရောက်ပါရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ Mask, facesheild, Hangel တို့ ယူဆောင်လာရန်လည်း ၎င်းကပြောသည်။

Share this post