• Follow Us on

Home တရုတ်နိုင်ငံတွင် အစိုးရတိုက်ခန်းရရှိရန် ဆွေမျိုးနီးစပ်သူချင်း ၂၃ ကြိမ် လက်ထပ်ကွာ ရှင်းမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် အစိုးရတိုက်ခန်းရရှိရန် ဆွေမျိုးနီးစပ်သူချင်း ၂၃ ကြိမ် လက်ထပ်ကွာ ရှင်းမှုဖြစ်ပွား

Share this post

တရုတ်နိုင်ငံက ဆွေမျိုးနီးစပ်သူ ၁၁ ဦးဟာ အစိုးရက ပေးတဲ့ တိုက်ခန်းရဖို့အတွက် တစ်လအတွင်း ၂၃ ကြိမ် အပြန်အလှန် လက်ထပ်၊ကွာရှင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျို့ကျောင်းပြည်နယ်မှာ အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ဖြိုဖျက်ခံရတဲ့ နေအိမ်တွေကို တိုက်ခန်းပေးအပ်ရာမှာ လူ ၁၃ ဦးဟာ အလိမ်အညာအိမ်ထောင်ပြုပြီး တိုက်ခန်းရရှိခဲ့တယ်လို့ တရုတ်သတင်းမီဒီယာ The People’s Daily က စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

လိမ်ညာ လက်ထပ်ကွာရှင်းမှု ၂၃ ကြိမ်မှာ ဇနီးဟောင်း၊ခင်ပွန်းဟောင်းနဲ့ လက်ထပ်ကွာရှင်းခြင်း၊ မောင်နှမ၀မ်းကွဲများနဲ့ လက်ထပ်ကွာရှင်းခြင်း၊မောင်နှမခြင်း လက်ထပ်ကွာရှင်းခြင်းဖြစ်ရပ်တွေပါဝင်ခဲ့ တယ်လို့ တရုတ်အခြေစိုက် သတင်းစာ The Global Times က ဖော်ပြခဲ့ပါတယ်။

အခုလိုလုပ်ဆောင်ခဲ့သူတွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့ တယ်လို့လည်း မီဒီယာက ပြောပါတယ်။ သက်ဆိုင်ရာက အခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။

Ref;AFP


Share this post