• Follow Us on

Home တာလီဘန်ဆန့်ကျင်မှုတော်လှန်ရေး အာဖဂန်တစ်ဝန်းပျံ့နှံ့ဟု မာဆွတ်ပြော

တာလီဘန်ဆန့်ကျင်မှုတော်လှန်ရေး အာဖဂန်တစ်ဝန်းပျံ့နှံ့ဟု မာဆွတ်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

တာလီဘန်များကို ခုခံတွန်းလှန်မှုမှာ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း ပျံ့နှံ့လာပြီဖြစ်ပြီး ကဘူးမြို့တော်ကိုသိမ်း ပိုက်ထားသော်လည်း ခုခံတွန်းလှန်မှုကို တာလီဘန်များမဖြိုခွင်းနိုင်ကြောင်း တာလီဘန်တို့ကိုလက်မခံသည့် တော်လှန်ရေးခေါင်းဆောင် အာမက်ရှာမာဆွတ်၏ အစ်ကိုဖြစ်သူ အာမက်ဝါလီမာဆွတ်က  ဗုဒ္ဓဟူးနေ့က ပြော သည်။

 

“တာလီဘန်တွေက တိုက်ခိုက်ချင်တယ်ဆိုရင် ပြည်သူတွေမှာလည်း တာလီဘန်တွေကို ပြန်လည်ခုခံတိုက်ခိုက် ဖို့ အခွင့်အရေးရှိတယ်။ တော်လှန်ရေးနယ်မြေတွေက အာဖဂန်နစ္စတန်တစ်ဝန်း တဖြည်ဖြည်း ကျယ်ပြန့်လာပါ ပြီ။” ဟု  ၎င်းကပြောသည်။

 

“အာဖဂန်ပြည်သူတွေရဲ့ ယုံကြည်မှုဟာ အနှစ်နှစ်ဆယ်အတွင်းမှာ ပြောင်းလဲသွားပါပြီ။ အာဖဂန်အမျိုးသမီးတွေ ဟာလည်းတော်လှန်ရေးသမားတွေပဲဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တန်ဖိုးဟာ တာလီဘန်တွေလက် ထက်မှာထက် အများကြီးပြောင်းလဲသွားလို့ပါပဲ။ ဒီလိုပဲ တိုင်းပြည်လူဦးရေရဲ့ ၇၀% ရှိတဲ့ အာဖဂန်လူငယ်မျိုး ဆက်သစ်တွေဟာလည်း တော်လှန်ရေးရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးက ဆက်ဖြစ်နေမှာပဲဖြစ်တယ်။ လူအများလက်ခံထားတဲ့ ယုံကြည်မှုနဲ့ အခွင့်အရေးတွေအတွက် တိုက်ခိုက်တာဟာ လွတ်လပ်မှုတစ်ခုပဲဖြစ်တယ်။” ဟု ၎င်းကပြောသည်။

 

အာမက်ရှားမာဆွတ်၏သားဖြစ်သူ အာမက်မာဆွတ်သည် မည်သည့်အချိန်မှ လက်နက်မချဟု သံန္နိဋ္ဌာန်ချထား သူဖြစ်သော်လည်း တာလီဘန်များနှင့် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။

 

အာဖဂန်ပြည်သူထောင်ပေါင်းများစွာ ပန်ရှီယာတောင်ကြားရှိ ၎င်းတို့၏ အမျိုးသားတော်လှန်ရေးတပ်ဦးသို့ လာ ရောက်ပူးပေါင်းလျက်ရှိကြောင်း မာဆွတ်ကပြောသည်။ ပန်ရှီယာတောင်ကြားမှာ ၁၉၇၉ ခုနှစ် ဆိုဗီယက်တပ် များကျူးကျော်စဉ်ကာလကရော ၁၉၉၆-၂၀၀၁ ခုနှစ် တာလီဘန်များအုပ်ချုပ်ခဲ့စဉ်ကာကလရော မည်သူ့လက် အောက်ကိုမှ ကျရောက်ခဲ့ခြင်းမရှိပေ။

သဘောထားတင်မာသူများက နေတိုးတပ်ဖွဲ့ဝင်များကို ဆယ်စုနှစ်နှစ်ခုတိုင် လက်နက်ကိုင်တိုက်ပွဲဝင်နေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း တာလီဘန်များကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ဆင် ထားကြောင်း မာဆွတ်ကပြောသည်။

 

“ကျွန်တော်တို့တော်လှန်ရေးသမားတွေဆီမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ခုခံတော်လှန်ရတော့မယ် ဆိုရင် အာဖဂန်နစ္စတန်တစ်ဝန်း တာလီဘန်တွေကို စစ်ပန်းသွားအောင်တိုက်ခိုက်သွားမှာပါ။ ပြောက်ကျားနည်း နဲ့ တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်သလို နိုင်ငံရေးအရလည်း ခုခံတော်လှန်သွားမှာဖြစ်တယ်။” ဟု ၎င်းက ပြော သည်။

 

Ref: Anti-Taliban Resistance Spreading in Afghanistan: Massoud Brother

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 



 


 

Ref: Anti-Taliban Resistance Spreading in Afghanistan: Massoud Brother

 

#PeopleMedia


Share this post