• Follow Us on

Home ဒေါ်လာ ၃.၀၇ ဘီလျံတန်ဖရီးဂိတ်တည်ဆောက်ရေးစီမံချက် တောင်ကိုရီးယားအစိုးရ ခွင့်ပြု

ဒေါ်လာ ၃.၀၇ ဘီလျံတန်ဖရီးဂိတ်တည်ဆောက်ရေးစီမံချက် တောင်ကိုရီးယားအစိုးရ ခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် (People Media)

 

ကိုရီးယားဝန် ၃.၅၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၀၇ ဘီလျံ) ကုန်ကျမည့် ခေတ်မီဖရီးဂိတ်စစ်သင်္ဘော ခြောက်စီးတည်ဆောက်မည့်စီမံချက်အား တောင်ကိုရီးယားအစိုးရကခွင့်ပြုလိုက်သည်။

 

အနာဂတ်ဖရီးဂိတ်စမ်းသပ်လေ့လာမှု (FFX) အမှတ်စဉ် ၄ စီမံချက်သည် ၂၀၂၃-၂၀၃၂ ခုနှစ်အတွင်းအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းစီမံချက်သည် သက်တမ်းရင့် ပိုးဟန်အဆင့်ကော်ဗတ်စစ်ရေ ယာဉ်အုပ်စုနှင့် အောဆန်အဆင့် ဖရီးဂိတ်စစ်သင်္ဘောများကို အစားထိုးရန် စတင်ခဲ့ခြင်းဖြစ်သည်။ အင်းချန်အ ဆင့်ဖရီးဂိတ်စစ်သင်္ဘောကို ၂၀၁၁ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့သည်။

 

တန်ချိန် ၂,၃၀၀ ရှိ အင်းချန်အဆင့်ဖရီးဂိတ်စစ်သင်္ဘော ခြောက်စီးကို ၂၀၁၅ ခုနှစ်တွင်စတင်မိတ်ဆက်ပြသခဲ့ပြီး နောက် တန်ချိန် ၂,၈၀၀ ရှိ ဒေးဂိုအဆင့်ဖရီးဂိတ်စစ်သင်္ဘော ရှစ်စီးကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် တွင် ရေချခဲ့သည်။

 

ဟွန်ဒိုင်းအကြီးစားစက်မှုလုပ်ငန်း (HHI) နှင့် ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့် မရိန်းအင်ဂျင်နီယာကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် ဒေးဂိုအဆင့်ဖရီးဂိတ်စစ်သင်္ဘောများတွင် ရန်သူ့ရေဒါဖမ်းယူနိုင်မှုလျှော့ချနိုင်ရန် အတွက် X ပုံစံသင်္ဘောကွပ်ကဲစင်ကဲ့သို့ ပုံစံအသစ်များကိုထည့်သွင်းတည်ဆောက်ထားသည်။ ယင်းဖရီးဂိတ် စစ်သင်္ဘော ရှစ်စီးအနက် ငါးစီးမှာရေချပြီးဖြစ်ပြီး သုံးစီးမှာတာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

 

အနာဂတ်ဖရီးဂိတ်စမ်းသပ်လေ့လာမှု (FFX) အမှတ်စဉ် ၃ စီမံချက်တွင် ဟွန်ဒိုင်းအကြီးစားစက်မှုလုပ်ငန်း (HHI) မှ တည်ဆောက်သည့် တန် ၃,၅၀၀ အောဆန်အဆင့် ဖရီးဂိတ်စစ်သင်္ဘောများပါဝင်သည်။ ယင်း ဖရီး ဂိတ်စစ်သင်္ဘောများတွင် လေယာဉ်တင်သင်္ဘောတိုက်ဖျက်ရေးလက်နက် တပ်ဆင်ထားသည်မှာ သိသာထင် ရှားသောတိုးတက်မှုဖြစ်ကြောင်း Aju Business Daily သတင်းစာတွင်ရေးသားဖော်ပြထားသည်။ ၎င်းအပြင် ယင်းအောဆန်အဆင့် ဖရီးဂိတ်စစ်သင်္ဘောများတွင် active electronically scanned array radar များတပ် ဆင်အသုံးပြုထားကြောင်းသိရသည်။ အဆိုပါ ယင်းအောဆန်အဆင့် ဖရီးဂိတ်စစ်သင်္ဘောထဲမှ ပထမဦးဆုံး ၆ စီးကို ၂၀၂၃ ခုနှစ်တွင်ရေချမည်ဖြစ်ပြီး နောက်နှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

 

ယခုနောက်ဆုံးအသုတ် စီမံချက်တွင် စစ်သင်္ဘောများကို ပြည်တွင်း၌ပင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် အင် ဂျင်နီယာကြီးကြပ်ရေးစနစ်ပါရှိပြီး ယင်းစနစ်မှာပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများအကြိုက် ဆွဲဆောင်မှုရှိစေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ယခုတည်ဆောက်မည့်ခေတ်မီဖရီးဂိတ်စစ်သင်္ဘောများမှာ တန်ချိန် ၄,၅၀၀ နှင့် ၅,၀၀၀ ကြားရှိကြောင်း သတင်း များထွက်ပေါ်နေသော်လည်း တောင်ကိုးရီးယားကာကွယ်ရေးစီမံချက်ကော်မရှင် ကော်မတီကမူ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

Ref: South Korea Approves $3.07 Billion Frigate Program

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: South Korea Approves $3.07 Billion Frigate Program

 

#PeopleMedia


Share this post