• Follow Us on

Home တာလီဘန်များလက်ထဲတွင် ပါကစ္စတန်မှ နျူကလီးယားထိပ်ဖူး ၁၅၀ စုဆောင်းထားရှိနိုင်ကြောင်း ထရမ့်လက် ထက်လုံခြုံရေးအကြံပေးအရာရှိဟောင်း သတိပေးပြောဆို

တာလီဘန်များလက်ထဲတွင် ပါကစ္စတန်မှ နျူကလီးယားထိပ်ဖူး ၁၅၀ စုဆောင်းထားရှိနိုင်ကြောင်း ထရမ့်လက် ထက်လုံခြုံရေးအကြံပေးအရာရှိဟောင်း သတိပေးပြောဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များပြန်လည်သိမ်းပိုက်ပြီးနောက် တာလီဘန်များအနေဖြင့် နျူကလီးယား ထိပ်ဖူး ၁၅၀ အထိ စုဆောင်းထားရှိနိုင်ကြောင်း လုံခြုံရေးအကြံပေးအရာရှိဟောင်းတစ်ဦးကသတိပေးပြောဆို လိုက်သည်။

 

တာလီဘန်အစိုးရသည် ပါကစ္စတန်နိုင်ငံမှ ဖျက်အားပြင်းလက်နက်များရရှိထားကြောင်း အခိုင်အမာပြောဆိုမှု များကို စိုးရိမ်ဖွယ်ရာရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်က အိမ်ဖြူတော်မှလုံခြုံရေးအကြံ ပေးအရာရှိဟောင်းဂျွန်ဘိုလ်တန်က အင်တာဗျူးတစ်ခုတွင်ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

လွန်ခဲ့သည့်လက အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာစဉ်အတွင်း တာလီဘန်များက မြို့ တော်ကဘူးကို လျင်မြန်စွာသိမ်းပိုက်ခဲ့ရာ ကဘူးလေဆိပ်တွင် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းသွားလာမှုများ မှာ ဖရိုဖရဲဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။

 

ကဘူးလေဆိပ်အတွင်း ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးရေးအစီအစဉ်တွင် လေကြောင်းခရီးစဉ် ၁၆၅ ကြိမ် ဖြင့် လူပေါင်း ၁၅,၀၀၀ ကို နှစ်ပတ်အတွင်း ရွှေ့ပြောင်းပေးခဲ့ရာ အမှတ် ၁၆ လေကြောင်းတိုက်ခိုက်ရေးတပ်မမှ အရာရှိ/စစ်သည် ၁,၀၀၀ ကျော်ပါဝင်ကူညီခဲ့ကြောင်းသိရသည်။

 

လက်ရှိအချိန်တွင် သမ္မတဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသားလုံခြုံရေးအကြံပေးတာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာဘိုလ်တန်က နောက်ထပ်ခြိမ်းခြောက်မှုများကို သတိပေးလိုက်သည်။

 

“အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေဟာ ပါကစ္စတန်ကိုထိန်းချုပ်ထားတဲ့အကြမ်းဖက်သမား တွေရဲ့ပေါ်လာမယ့်အလားအလာကို ရင်ဆိုင်နေရပါတယ်။” ဟု WABC 770 ရေဒီယိုအသံလွှင့်ဌာနနှင့် အင် တာဗျူးတစ်ခုတွင် မစ္စတာဘိုလ်တန်ကပြောသည်။

 

“ဒါက ဘာကိုဆိုလိုသလဲဆိုတော့ အမေရိကန်နဲ့ ကျွန်တော်တို့မိတ်ဆွေနိုင်ငံတွေအတွက် တကယ့်ခြိမ်းခြောက်မှု ဖြစ်တဲ့ အကြမ်းဖက်သမားတွေရဲ့လက်ထဲမှာ နျူကလီးယားလက်နက် ၁၅၀ ရှိနေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ပဲ။” ဟု ၎င်းကပြောသည်။

 

တာလီဘန်များအနေဖြင့် ၎င်းတို့အုပ်ချုပ်ရေးကို ပြန်လည်မတော်လှန်နိုင်ရန်အတွက် စစ်ဆင်ရေးပြုလုပ်ရာတွင် အာဖဂန်အရပ်သားများ၏လှုပ်ရှားမှုများကို ချောင်းမြောင်းကြည့်ရှုနိုင်ရေး တရုတ်ဆိုင်ဘာသူလျှိုများစုဆောင်းနေ ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မစ္စတာဘိုလ်တန်၏ပြောဆိုမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

မြေပြင်လိုင်းဖုန်းခေါ်ဆိုမှုများ၊ မိုဘိုင်းကွန်ရက်ခေါ်ဆိုမှုများကို ကြားဖြတ်ဖမ်းယူနားထောင်နိုင်ရန်နှင့် အင်တာ နက်နှင့် လူမှုကွန်ရက်အသုံးပြုမှုများကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန် သင်ကြားပြသပေးမည့် အကောင်းဆုံး ဆက်သွယ်ရေးကျွမ်းကျင်သူများကို တရုတ်အစိုးရက တာလီဘန်များထံ စေလွှတ်ပေးခဲ့ကြောင်းသိရသည်။

 

ယင်းရည်ရွယ်ချက်မှာ အာရပ်နွေဦးတော်လှန်ရေးကာလအတွင်း အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သလို လူမှုကွန်ရက်ပေါ်တွင်စုစည်း၍ ပုန်ကန်ထကြွမည့်သူများကို တားဆီးရန်အတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အနောက်တိုင်းထောက်လှမ်းရေးသတင်းရင်းမြစ်များကပြောသည်။

 

“တရုတ်က ဒီကနေ့အခြေအနေမျိုးအတွက် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ပြီး တာလီဘန်တွေကို ဆွယ်နေ တာကြာလှပေါ့။ ဒါက နိုင်ငံသားတွေရဲ့ ဆက်သွယ်ရေးကို ထိန်းချုပ်တာ နှစ်ပေါင်းကြာပါပြီ။ တရုတ်တွေက ဖုန်းလိုင်းတွေကြားဖြတ်နားထောင်တာ၊ အင်တာနက်တွေ စောင့်ကြည့်တာ ကျွမ်းကျင်ပါတယ်။” ဟု အမေရိ ကန်ထောက်လှမ်းရေးတစ်ဦးက ပြောသည်။

 

Ref: Taliban could amass 150 nuclear warheads from Pakistan, warns ex-Trump security advisor

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Taliban could amass 150 nuclear warheads from Pakistan, warns ex-Trump security advisor

 

#PeopleMedia


Share this post