• Follow Us on

Home တာလီဘန်များ နိုင်ငံတကာထောက်ခံမှုရအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘလင်ကန်ပြော

တာလီဘန်များ နိုင်ငံတကာထောက်ခံမှုရအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘလင်ကန်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁ (People Media)

 

တာလီဘန်များအနေဖြင့် နိုင်ငံတကာ၏တရားဝင်ထောက်ခံမှုနှင့် ပံ့ပိုးမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်သည်။

 

တာလီဘန်များသည် ၎င်းတို့၏ ကတိကဝတ်များနှင့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တကာထောက်ခံမှုရရှိအောင် လုပ်ဆောင်နိုင်ကြောင်း ၎င်းကပြောသည်။ “တာလီဘန်တွေဟာ နိုင်ငံတကာက ထောက်ခံမှုရအောင် ကြိုးစားနေပါတယ်။ နိုင်ငံတကာထောက်ခံမှုနဲ့ ပံ့ပိုးမှုရအောင် ကြိုးစားဆောင်ရွက်ပါလို့ တာလီဘန်တွေကို ပြောချင်ပါတယ်။” ဟု သြဂုတ်လ ၃၁ ရက်နေ့အစောပိုင်းတွင် ဘလင်ကန်ကပြောသည်။

 

“တာလီဘန်တွေဟာ သူတို့ကတိကဝတ်တွေနဲ့ ဝတ္တရားရှိတဲ့အတိုင်း ဆောင်ရွက်ပြီး နိုင်ငံတကာကထောက်ခံမှုရ အောင်လုပ်နိုင်ပါတယ်။ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားတွေအပါအဝင် အာဖဂန်ပြည်သူတွေရဲ့ အခြေ ခံလူ့အခွင့်အရေးကိုလေးစားဖို့လိုပါတယ်။ အရင်ကလို အာဖဂန်ပြည်သူတွေကို အကြမ်းဖက်အုပ်ချုပ်တာမျိုး မ လုပ်တော့ဘဲ  ကတိကဝတ်ပေးထားတဲ့အတိုင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးကို ဆောင်ရွက်ဖို့လိုပါ တယ်။ အာဖဂန်ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ရောင်ပြန်ဟပ်နိုင်ပြီး ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ့် အားလုံးပါဝင်တဲ့အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း လိုပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်အစိုးရသည် ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပို့ဆောင်ရေးအတွက် လွန်ခဲ့သည့်သီတင်းပတ်များစွာအ တွင်း တာလီဘန်များနှင့် ဆက်သွယ်ခဲ့ကြောင်း ဘလင်ကန်ကပြောသည်။

 

“ကဘူးမှာရှိတဲ့ တာလီဘန်ဦးဆောင်တဲ့အစိုးရနဲ့ တွေ့ဆုံဖို့ တွန်းအားပေးတဲ့အကြောင်းအရာက တစ်ခုပဲရှိပါ တယ်။ အဲဒါကတော့ အလွန်အရေးကြီးတဲ့ ကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့နှစ် အစောပိုင်းကာလက ဒေသတွင်းမှာ ဓားစာခံအဖြစ်ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား မာခ့်ဖရီး ရစ်ချ် လုံခြုံဘေးကင်းစွာ အိမ်ပြန်နိုင်ရေးအပါအဝင် အခုပြောတဲ့အမျိုးသားအကျိုးစီးပွားတွေကို ရယူနိုင်ဖို့ နည်း လမ်းတစ်ရပ်အနေနဲ့ ကျွန်တော်တို့ အာဖဂန်အစိုးရအသစ်နဲ့ လက်တွဲအလုပ်လုပ်နိုင်ပါတယ်။ ဒီနည်းလမ်းထဲမှာ အာဖဂန်နစ္စတန်နဲ့ ဒေသတွင်း ပိုပြီးတည်ငြိမ်ဖို့ပါသလို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကာလအတွင်း ရရှိခဲ့တဲ့တိုးတက် မှုတွေကို ကာကွယ်ထိန်းသိမ်းတာလည်းပါပါတယ်။” ဟု ဘလင်ကန်ကပြောသည်။

 

သို့သော် ယင်းဆောင်ရွက်ချက်များကို ဘာသာရေးအခြေခံယုံကြည်ချက်ပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်မ ဟုတ်ကြောင်း၊ အမေရိကန်အစိုးရဆောင်ရွက်ချက်မှန်သမျှ တာလီဘန်အစိုးရပြောသမျှအပေါ်အခြေခံပြီး လုပ် ဆောင်သွားမည်မဟုတ်ကြောင်း၊ တာလီဘန်များကတိကဝတ်ပြုထားသည့်အကြောင်းအရာများပေါ်တွင်သာ အ ခြေခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကို တာလီဘန်များအား ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

“ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းအလုပ်လုပ်တဲ့အခါ ကျွန်တော်တို့ ဒီ့ ထက်ပိုအောင်မြင်အောင်လုပ်နိုင်တယ်၊ ဒီ့ထက်ကြီးမားတဲ့ ကျွန်တော်တို့ရဲ့သြဇာအရှိန်အဝါကို အသုံးပြုနိုင်တယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်အတောအတွင်း အာဖဂန်မှာဘယ်လိုလုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုတဲ့ နည်းလမ်းနဲ့ပတ်သက်လို့ အစီအစဉ်တွေချမှတ်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ အချိန်တိုအတွင်းမှာ သံတမန်ဆက်ဆံမှုတွေ အများအပြား ဆက်သွယ် ဆောင်ရွက်ခဲ့ရပါတယ်။” ဟု ဘလင်ကန်ကပြောသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် G7 အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များကိုတွေ့ဆုံခဲ့ရကြောင်း၊ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများနှင့် တစ်ယောက်ပြီးတစ်ယောက် စကားပြောခဲ့ရ ကြောင်း၊ လွန်ခဲ့သည့်သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒန်သည် G7 အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်တွေ့ ဆုံခဲ့ကြောင်း၊ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းသည်လည်း မဟာမိတ် ၂၈ နိုင်ငံအဖွဲ့နှင့် တစ် ရက်ခြား တွေ့ဆုံဆွေးနွေးခဲ့ရကြောင်း ၎င်းကပြောသည်။

 

အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သီးသန့် အဖွဲ့ အစည်းများကို ဦးဆောင်သွားမည်ဖြစ်သလို ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့်လည်း နီးကပ်စွာလက် တွဲ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘလင်ကန်ကပြောသည်။ “ကျွန်တော်တို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို မျှဝေဆောင်ရွက်သွားမှာဖြစ်ပြီး ကျွန် တော်တို့နဲ့ လက်တွဲအလုပ်လုပ်ဖို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Blinken says Taliban have to earn legitimacy, support

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Blinken says Taliban have to earn legitimacy, support

#PeopleMedia


Share this post