• Follow Us on

Home တာမွေမြို့ရှိ မြမေတ္တာမွန် စက်သုံးဆီဆိုင်သည် ယမန်နေ့ညက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသည့်အပြင် ယနေ့နံနက်၌ ဆီဆိုင်အနီး၌ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်ဗုံး ထပ်မံတွေ့ရှိ

တာမွေမြို့ရှိ မြမေတ္တာမွန် စက်သုံးဆီဆိုင်သည် ယမန်နေ့ညက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသည့်အပြင် ယနေ့နံနက်၌ ဆီဆိုင်အနီး၌ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်ဗုံး ထပ်မံတွေ့ရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ မြမေတ္တာမွန် စက်သုံးဆီဆိုင်သည် ယမန်နေ့ညက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသည့်အပြင် ယနေ့နံနက်တွင်လည်း ဆီဆိုင်ဘေး၌ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်ဗုံး ထပ်မံ တွေ့ရှိခဲ့သည်။

 

ထပ်မံတွေ့ရှိသည့် လက်လုပ်ဗုံးသည် အဝေထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သော လက်လုပ်ဗုံးအမျိုးအစားဖြစ် သည်။ ဆီဆိုင်ဘေးတွင် မသင်္ကာဖွယ် အဝါရောင်လက်ဆွဲအိတ်ကို တွေ့ရှိသည့်အတွက် လုံခြုံရေးအဖွဲ့များကို အကြောင်းကြားရာမှ ထပ်မံတွေ့ခဲ့တာဖြစ်သည်။

 

“CCTV ရုပ်သံမှတ်တမ်းရထားတယ်။ တရားခံဖမ်းဆီးရေးအတွက်လည်း ဆောင်ရွက်နေတယ်။ ကျန်တာက အခုလောလောတယ်ဆယ်တော့ ဘာမှတော့ ပြောလို့မရသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

 

ပြီးခဲ့သည့်လပိုင်းက အင်းစိန်မြို့နယ်ရှိ မြမေတ္တာမွန် စက်သုံးဆီဆိုင်အား မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်ဖြစ်ခဲ့ပြီး ယခု တွင် တာမွေမြို့နယ်ရှိ မြတ်မေတ္တာမွန်ဆီဆိုင်အား ၂ ကြိမ်တိတိ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

 

#PeopleMedia #မြမေတ္တာမွန်စက်သုံးဆီဆိုင် #လက်လုပ်ဗုံး

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post