• Follow Us on

Home တိုက်ခိုက်ရေးလေယာဉ်အာရုံခံစနစ်အဆင်မြှင့်တင်ရန် အမေရိကန်လေတပ်က ကနေဒါကုမ္ပဏီကို ဒေါ်လာ သန်း ၇၀ တန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

တိုက်ခိုက်ရေးလေယာဉ်အာရုံခံစနစ်အဆင်မြှင့်တင်ရန် အမေရိကန်လေတပ်က ကနေဒါကုမ္ပဏီကို ဒေါ်လာ သန်း ၇၀ တန် ကန်ထရိုက်လုပ်ငန်းအပ်နှံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅ (People Media)

 

အမေရိကန်လေတပ်သည် လေတပ်ပိုင် တိုက်ခိုက်ရေးလေယာဉ်၏ အီလက်ထရစ်ကယ်အလင်းရောင် အနီ အောက်ရောင်ခြည်သုံး အာရုံခံကိရိယာများ (electro-optical infrared sensors) အဆင့်မြှင့်တင်ရန် အတွက် ကနေဒါကုမ္ပဏီတစ်ခုဖြစ်သော Canadian Commercial Corporation ထံသို့ ဒေါ်လာ သန်း ၇၀ တန် ကန်ထ ရိုက်လုပ်ငန်းကို အပ်နှံလိုက်သည်။

 

အဆိုပါကန်ထရိုက်စာချုပ်အရ ကနေဒါကုမ္ပဏီသည် အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော L3Harris Technologies ကုမ္ပဏီကထုတ်လုပ်ထားသည့် အာရုံခံစနစ်အတွက် ကွန်ပျူတာစနစ်ပြစ်ချက်များရှာဖွေဖော် ထုတ်ပြီးပြန်လည်အဆင့်မြှင့်တင်ြ့ပုပြင်ခြင်းနှင့် လေယာဉ်မောင်းနှင်ထိန်းသိမ်းမှုအတွက် သင်တန်းထောက်ပံ့မှု များကို ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

အီလက်ထရစ်ကယ်အလင်းရောင် အနီ အောက်ရောင်ခြည်သုံး အာရုံခံကိရိယာများ (electro-optical infrared sensors) ၏ MX series သည် လှိုင်းလတ်နှင့်လှိုင်းတိုတို့တွင်ဖမ်းယူရရှိသည့် ရုပ်ပုံများကို တည်ငြိမ်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီး နေ့ရောညပါမက ဆိုးရွားသောရာသီဥတုအခြေအနေများတွင်ပါ ပုံရိပ်ဖမ်းနိုင်စွမ်းကို တိကျ သေချာအောင်ဆောင်ရွက်ပေးနိုင်သည်။

 

အဆိုပါအာရုံခံစနစ်သည် ဂူဂယ်လ်မြေပုံများ၊ ဒစ်ဂျစ်တယ်ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊ စွမ်းအားမြင့်ရှာဖွေ ရေးမီး၊ စစ်ဆင်ရေးကွန်ပျုတာများနှင့် တွဲဖက်အသုံးပြုနိုင်သည်။ အမေရိကန်လေတပ်သည် အဆိုပါ အီလက်ထ ရစ်ကယ်အလင်းရောင် အနီ အောက်ရောင်ခြည်သုံး အာရုံခံကိရိယာမ (electro-optical infrared sensors) ကို  AC-130 တိုက်ခိုက်ရေးလေယာဉ်များတွင် တပ်ဆင်သုံးစွဲသည်။

 

“စစ်ဆင်ရေးအချက်အလက်တွေနဲ့ ကိုက်ညီဖို့ အကောင်းဆုံးစနစ်တစ်ခုကို ရွေးချယ်ရာမှာ အရွယ်အစား၊ အ   လေးချိန်နဲ့ စွမ်းအင်လိုအပ်ချက်တွေဟာ အဓိကအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ MX စနစ်တွေဟာ အကောင်း ဆုံးစွမ်းဆောင်ရည်တွေရရှိဖို့အတွက် မတူညီတဲ့အလင်းရောင်ရှာဖွေခြင်း၊ အာရုံခံခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်တွေဆီကနေ ခေတ်မီအားသာချက်တွေကို ဆက်လက်ထုတ်ယူအသုံးပြုသွားမှာဖြစ်ပါတယ်။” ဟု L3Harris Technologies ကုမ္ပဏီက၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကန်ထရိုက်စာချုပ်ပါလုပ်ငန်းများကို ဖလော်ရီဒါပြည်နယ်နှင့် နယူးမက္ကစီကိုပြည်နယ်များတွင် ဆောင်ရွက်သွား မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် ဒီဇင်ဘာလတွင် ကန်ထရိုက်လုပ်ငန်းပြီးဆုံးမည်ဟု မျှော်လင့်ထားသည်။

 

Ref: USAF Awards Canadian Firm $70M Gunship Sensor Contract

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref: USAF Awards Canadian Firm $70M Gunship Sensor Contract

 

#PeopleMedia


Share this post