• Follow Us on

Home တိုယိုတာကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားများထုတ်လုပ်ရန် ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံ


Share this post

ကိုးကား – ဗွီအင်န်အေ
(unicode)
တိုယိုတာကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားများထုတ်လုပ်ရန် ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံ
…………………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (PeopleMedia)
ဂျပန်ကားကုမ္ပဏီ တိုယိုတာက လာမည့်ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားများ ထုတ်လုပ် ရန် ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။
တိုယိုတာကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် ယိုရှီမီယာဇာကီနှင့် အင်ဒိုနီးရှား စီးပွား ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး အာလန်ဂါဟာတာတိုတို့ကြား ဒီဇင်ဘာလ ၈ ရက်က အွန်လိုင်းအစည်းအ ဝေးတစ်ခု ကျင်းပပြီးနောက် ရင်းနှီးမြှုပ်နှံမည့် ကတိကဝတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တိုယိုတာကုမ္ပဏီက ဘာလီကျွန်းရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် နူဆာဒူအာရှိ EV Smart Mobility စီမံကိန်း လုပ်ဆောင်ရန် အင်ဒိုနီးရှား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
၂၀၂၅ ခုနှစ်မတိုင်မီ အင်ဒိုနီးရှား သုံးစွဲသူများအတွက် လျှပ်စစ်ကား ၁၀ စင်း ထုတ်လုပ်ရန် စီစဉ်နေပြီး အင်ဒိုနီးရှားနိုင်ငံအား တိုယိုတာထုတ်ကုန်များအတွက် ပို့ကုန်အချက်အချာနေရာတစ်ခု ဖြစ်လာစေရန် ပြင်ဆင်နေ ကြောင်း မီယာဇာကီက ပြောသည်။
အနောက်ဂျဗားပြည်နယ် ကာရာဝမ်မြို့ရှိစက်ရုံ၌ လျှပ်စစ်ကားထုတ်လုပ်မှု စတင်မည်ဟု ၂၀၁၉ ခုနှစ်အ တွင်း PT Toyata Motor Manufacturing Indonesia (TMMIN) က ကြေညာခဲ့သည်။
ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားအား အာရှဒေသ၏ လျှပ်စစ်ကားထုတ်လုပ်မှု အချက်အချာနေရာ တစ်ခုအဖြစ် ပြောင်းလဲပြီး ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ကာ ၂၀၂၅ ခုနှစ်မတိုင်မီ စုစုပေါင်း ကားထုတ်လုပ်မှု ၏ ၂၀ ရောက်ရှိလိုသည့်ဆန္ဒကို သမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား – ဗွီအင်န်အေ
Ref; Toyota to pour 2 bln USD into electric vehicle production in Indonesia


Share this post