• Follow Us on
Latest News

Home တူရကီနိုင်ငံ ရုရှားသင်္ဘောများ ပင်လယ်နက်ဝင်ထွက်ခွင့်ကို ပိတ်ပင်မည်

တူရကီနိုင်ငံ ရုရှားသင်္ဘောများ ပင်လယ်နက်ဝင်ထွက်ခွင့်ကို ပိတ်ပင်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ယူကရိန်းနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ပင်လယ်နက်ကို ဝင်ထွက်သွားလာမယ့် ရုရှား စစ်သင်္ဘောတွေကို ဝင်ထွက်ခွင့်ပိတ်ပင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလု ချာဗုရှိုလူ (Mevlut Cavusoglu) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“လက်ရှိအချိန်က လေကြောင်းတိုက်ခိုက်မှု အနည်းအကျဉ်းဖြစ်နေတာမဟုတ်ပါဘူး။ ယူကရိန်းမှာ တရားဝင် စစ်ပွဲဖြစ်ပွားနေတာပါ။ ကျွန်တော်တို့ မွန်းထရက်စာချုပ် (Montreux Convention) အတိုင်းဆောင်ရွက်သွားမှာ ပါ။ တူရကီနိုင်ငံအနေနဲ့ မွန်းထရက်စာချုပ်မှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ပွင့်လင်းမြင်သာစွာဆောင်ရွက်သွား မှာဖြစ်ပါတယ်။” လို့ ၎င်းက CNN တာ့ခ်ကို ပြောပါတယ်။

 

ပင်လယ်နက်ရေလက်ကြားတွေကို ထိန်းချုပ်ထားတဲ့ ၁၉၃၆ ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ မွန်းထရက်စာချုပ်အရ စစ်ဖြစ် လာတော့မယ့်အရိပ်လက္ခဏာနဲ့အတူ တူရကီနိုင်ငံကို ခြိမ်းမြောက်ခံရတယ်လို့ ထင်မြင်ယူဆရင်ဖြစ်စေ၊ စစ်ဖြစ် လာတဲ့အခါမှာဖြစ်စေ ဘယ်နိုင်ငံက စစ်သင်္ဘောကိုမဆို တူရကီနိုင်ငံက ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားနိုင် ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ်ပြန်သွားကြမယ့် စစ်သင်္ဘောတွေကိုတော့ တူရကီအစိုးရက ရေလက်ကြားဖြတ်သန်းသွား လာဖို့အတွက် ခွင့်ပြုသွားမှာဖြစ်ပါတယ်။

 

“ဒီချွင်းချက်ကိုတော့ အလွဲသုံးစားမလုပ်သင့်ပါဘူး။ ကိုယ့်မိခင်နိုင်ငံကို ပြန်သွားမယ်လို့ ကြေညာထားပြီး ဒီရေလက်ကြားကိုဖြတ်သန်းသွားမယ့် စစ်သင်္ဘောတွေဟာ စစ်ပွဲမှာပါဝင်ပတ် သက်လို့မရပါဘူး။” လို့ မယ်ဗလုချာဗုရှိုလူက ပြောပါတယ်။

 

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက တရားဝင်စစ်ဖြစ်နေပါပြီလို့ မကြေညာထားပေမဲ့လည်း ယူကရိန်းအစိုးရက တော့ ရုရှားစစ်သင်္ဘောတွေကို ရေလက်ကြားကိုဖြတ်သန်းခွင့်မပေးဖို့ တူရကီအစိုးရကို အကြိမ်ကြိမ်တောင်း ဆိုခဲ့ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံက ခွဲထွက်လာတဲ့ ဒွန်းညှက်စ်နဲ့ လူးဂန့်စ်ခ် ဒေသနှစ်ခုကိုကာကွယ် ဖို့ဆိုတဲ့အ ကြောင်းပြချက်နဲ့ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က အင်အားအပြည့်နဲ့ ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံကတော့ ရုရှားရဲ့တိုက်ခိုက်မှုဟာ အကြောင်းမဲ့သက်သက်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ပြင်း ပြင်းထန်ထန်ပြောဆိုဝေဖန်ခဲ့ပါတယ်။

 

Ref: Turkey restricts Russian Navy access

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 

Ref: Turkey restricts Russian Navy access

 

#PeopleMedia


Share this post