• Follow Us on

Home တႏုိင္းၿမိဳ႕ NLD ၿမိဳ႕နယ္႐ုံးအပါအဝင္ လူေနအိမ္မ်ား ၎ပိုင္ဥယ်ာဥ္ၿခံေျမအတြင္း ဝင္ေရာက္က်ဴးေနသည္ဟု ဆိုကာ ၿခံပုိင္ရွင္ဆႏၵထုတ္ေဖာ္

တႏုိင္းၿမိဳ႕ NLD ၿမိဳ႕နယ္႐ုံးအပါအဝင္ လူေနအိမ္မ်ား ၎ပိုင္ဥယ်ာဥ္ၿခံေျမအတြင္း ဝင္ေရာက္က်ဴးေနသည္ဟု ဆိုကာ ၿခံပုိင္ရွင္ဆႏၵထုတ္ေဖာ္

Share this post

တႏိုင္း၊ ဇန္နဝါရီ – ၂၇

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕တြင္ ယေန႔၊ နံနက္ပိုင္းက မုန္ဒိန္ရပ္ကြက္ေန ဦးအားဖူ(ခ)ဦးငြားတားသည္ ၎ပိုင္ ဥယ်ာဥ္ၿခံေျမအတြင္း ၿမိဳ႕နယ္ NLD ႐ုံး အပါအဝင္ လူေနအိမ္မ်ား ဝင္ေရာက္က်ဴးေနသည္ဟုဆိုကာ တစ္ကိုယ္ ေတာ္ဆႏၵေဖာ္ထုတ္ခဲ့သည္။

တစ္ကိုယ္ေတာ္ဆႏၵေဖာ္ထုတ္ျခင္းကို ဇန္နဝါရီ ၂၇ ရက္ နံနက္ ၁၀ နာရီအခ်ိန္က တႏိုင္းတံတားထိပ္မွ စတင္ လမ္းေလွ်ာက္ခဲ့ၿပီး ဟူးေကာင္းခန္းမေရွ႕၊ ထို႔ေနာက္ NLD ႐ုံးေရွ႕အထိ ဗီႏိုင္းကိုင္ေဆာင္၍ ဆႏၵေဖာ္ထုတ္ခဲ့ သည္။

တစ္ကိုယ္ေတာ္ဆႏၵေဖာ္ထုတ္သူ ဦးအားဖူ (ခ)ဦးငြားတားက ၎ပိုင္ေျမဧက(၉ ဒႆမ၂၀)အက်ယ္တြင္ လူ ေနအိမ္ ၇၀ ေက်ာ္ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက ၿမိဳ႕နယ္ပါတီ႐ုံးတည္ေဆာက္ေနၿပီး ေျမယာက်ဴးေက်ာ္ခံေနမႈေၾကာင့္ ယခုကဲ့သို႔ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ဟု ဆိုသည္။

“ဒီေျမယာနဲ႔ ပတ္သက္ၿပီးေတာ့မွ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးကတာဝန္ရွိလူႀကီးေတြကလည္း လူေတြ႕ လာေရာက္စစ္ေဆးပါတယ္။ ဒါေပမယ့္ဘာအေၾကာင္း တစ္စုံတစ္ရာျပန္တာမရွိလို႔ ကြၽန္ေတာ္က ႏိုင္ငံေတာ္ သမၼတကို စာျပန္တင္ခဲ့တယ္။ အဲ့ဒီလိုစီစစ္ဆဲကာလမွာ ၿခံထဲမွာရွိတဲ့ ကြၽန္ေတာ့္ရဲ႕ တစ္ပိုင္တစ္ႏိုင္လုပ္ေနတဲ့ ငါးကန္ကို ေက်ာက္ေတြဖို႔ၿပီးေတာ့မွ NLD ၿမိဳ႕နယ္႐ုံး က်ဴးေက်ာ္ေဆာက္လုပ္လာတယ္။ ကြၽန္ေတာ္လည္း ခရီး သြားေနတဲ့အခါ ေဆာက္လိုက္တယ္ အခုကၿပီးသေလာက္ျဖစ္ေနၿပီ ဆိုင္းဘုတ္ေတြလည္းေထာင္ထားတယ္” ဟု ဦးအားဖူ(ခ) ဦးငြားတားက ေျပာသည္။

ထို႔ျပင္ က်ဴးေက်ာ္ခံရသည့္ ေျမယာႏွင့္ပတ္သက္၍ အစိုးရမွ စနစ္တက်ေျဖရွင္းေပးရန္ႏွင့္ ၎၏ေျမယာအေပၚ ရင္းႏွီးျမဳပ္ႏွံဆုံးရႈံးထားသည့္အေပၚ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ မည္ကဲ့သို႔ ျပန္လည္ေဆာင္ရြက္ေပးမည္ကို သိရွိ ေစရန္အတြက္ ထုတ္ေဖာ္ရျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

ဦးငြားတား၏ ေျမယာေပၚတြင္ တႏိုင္းၿမိဳ႕နယ္ NLD ပါတီ႐ုံးတည္ေဆာက္ထားမႈႏွင့္ပတ္သက္၍ တႏိုင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးလင္းလင္းဦးထံ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ရာ ၎က လႊတ္ေတာ္သို႔ ေရာက္ရွိေနသည္ဟုသာ ေျပာၾကားခဲ့သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ တႏိုင္းၿမိဳ႕နယ္ ေျမစာရင္းဦးစီးမွဴး ဦးသန္းတင့္ကိုထံ ဆက္သြယ္ေမးျမန္းခဲ့ရာ ၎က ယခုကဲ့သို႔ ဆိုသည္။

“သူအမႈက ကြၽန္ေတာ္တို႔ စစ္ေဆးထားတယ္ေလ။ အရင္တုန္းကလည္းစစ္ေဆးထားတယ္” ဟုသာ ၎က ျပန္လည္ေျဖခဲ့သည္။

ဦးအားဖူ(ခ)ဦးငြားတာက ယင္းကိစၥႏွင့္ပတ္သက္၍ အစိုးရမွျပန္လည္ေျဖရွင္းေပးျခင္းမရွိပါက ေနျပည္ေတာ္ အထိသြားေရာက္ကာ သတင္းစာရွင္းလင္းပြဲဆက္လုပ္သြားမည္ဟု ဆိုသည္။

တစ္ကိုယ္ေတာ္ဆႏၵေဖာ္ထုတ္သူ ဦးအားဖူ(ခ)ဦးငြားတား ဆႏၵထုတ္ေဖာ္ရာတြင္ ကိုင္ေဆာင္ခဲ့သည့္ ဗီႏိုင္းေပၚ တြင္ “ကြၽႏ္ုပ္ဥယ်ာဥ္ၿခံေျမ၊ ေျမစာရင္းပုံစံ(၁၀၅)(၁၀၆)ရွိတယ္၊ ေျမခြန္ေျပစာရွိတယ္၊ ဒါေပမယ့္က်ဴးေက်ာ္မႈ ျဖစ္ေနတယ္၊ ဥပေဒကေျပာတယ္၊ က်ဴးေက်ာ္မႈျဖစ္တယ္ ဖယ္ရွားေပးလိုက္။ ကြၽႏ္ုပ္မေျပာဘူး ပါးစပ္ပိတ္ထား တယ္၊ ဥပေဒကေျပာလိမ့္မယ္၊ ဥပေဒကေျပာေနဆဲ က်ဴးေက်ာ္မႈျဖစ္ေနတယ္ ဖယ္ရွားေပးရမယ္၊ ဥပေဒရဲ႕ အထက္မွာ ဘယ္သူမွမရွိရဘူး” ဟု ေရးသားထားသည္။

လြမ္းေအာင္

#PeopleMedia

(Unicode)
တနိုင်းမြို့ NLD မြို့နယ်ရုံးအပါအဝင် လူနေအိမ်များ ၎င်းပိုင်ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်ကျူးနေသည်ဟု ဆိုကာ ခြံပိုင်ရှင်ဆန္ဒထုတ်ဖော်
…………………………………………………………

တနိုင်း၊ ဇန်နဝါရီ – ၂၇

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ယနေ့၊ နံနက်ပိုင်းက မုန်ဒိန်ရပ်ကွက်နေ ဦးအားဖူ(ခ)ဦးငွားတားသည် ၎င်းပိုင် ဥယျာဉ်ခြံမြေအတွင်း မြို့နယ် NLD ရုံး အပါအဝင် လူနေအိမ်များ ဝင်ရောက်ကျူးနေသည်ဟုဆိုကာ တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်ခဲ့သည်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က တနိုင်းတံတားထိပ်မှ စတင် လမ်းလျှောက်ခဲ့ပြီး ဟူးကောင်းခန်းမရှေ့၊ ထို့နောက် NLD ရုံးရှေ့အထိ ဗီနိုင်းကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ သည်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ (ခ)ဦးငွားတားက ၎င်းပိုင်မြေဧက(၉ ဒဿမ၂၀)အကျယ်တွင် လူ နေအိမ် ၇၀ ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြို့နယ်ပါတီရုံးတည်ဆောက်နေပြီး မြေယာကျူးကျော်ခံနေမှုကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ဟု ဆိုသည်။

“ဒီမြေယာနဲ့ ပတ်သက်ပြီးတော့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကတာဝန်ရှိလူကြီးတွေကလည်း လူတွေ့ လာရောက်စစ်ဆေးပါတယ်။ ဒါပေမယ့်ဘာအကြောင်း တစ်စုံတစ်ရာပြန်တာမရှိလို့ ကျွန်တော်က နိုင်ငံတော် သမ္မတကို စာပြန်တင်ခဲ့တယ်။ အဲ့ဒီလိုစီစစ်ဆဲကာလမှာ ခြံထဲမှာရှိတဲ့ ကျွန်တော့်ရဲ့ တစ်ပိုင်တစ်နိုင်လုပ်နေတဲ့ ငါးကန်ကို ကျောက်တွေဖို့ပြီးတော့မှ NLD မြို့နယ်ရုံး ကျူးကျော်ဆောက်လုပ်လာတယ်။ ကျွန်တော်လည်း ခရီး သွားနေတဲ့အခါ ဆောက်လိုက်တယ် အခုကပြီးသလောက်ဖြစ်နေပြီ ဆိုင်းဘုတ်တွေလည်းထောင်ထားတယ်” ဟု ဦးအားဖူ(ခ) ဦးငွားတားက ပြောသည်။

ထို့ပြင် ကျူးကျော်ခံရသည့် မြေယာနှင့်ပတ်သက်၍ အစိုးရမှ စနစ်တကျဖြေရှင်းပေးရန်နှင့် ၎င်း၏မြေယာအပေါ် ရင်းနှီးမြုပ်နှံဆုံးရှုံးထားသည့်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကို သိရှိ စေရန်အတွက် ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဦးငွားတား၏ မြေယာပေါ်တွင် တနိုင်းမြို့နယ် NLD ပါတီရုံးတည်ဆောက်ထားမှုနှင့်ပတ်သက်၍ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းလင်းဦးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက လွှတ်တော်သို့ ရောက်ရှိနေသည်ဟုသာ ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တနိုင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးသန်းတင့်ကိုထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဆိုသည်။

“သူအမှုက ကျွန်တော်တို့ စစ်ဆေးထားတယ်လေ။ အရင်တုန်းကလည်းစစ်ဆေးထားတယ်” ဟုသာ ၎င်းက ပြန်လည်ဖြေခဲ့သည်။

ဦးအားဖူ(ခ)ဦးငွားတာက ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရမှပြန်လည်ဖြေရှင်းပေးခြင်းမရှိပါက နေပြည်တော် အထိသွားရောက်ကာ သတင်းစာရှင်းလင်းပွဲဆက်လုပ်သွားမည်ဟု ဆိုသည်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ(ခ)ဦးငွားတား ဆန္ဒထုတ်ဖော်ရာတွင် ကိုင်ဆောင်ခဲ့သည့် ဗီနိုင်းပေါ် တွင် “ကျွန်ုပ်ဥယျာဉ်ခြံမြေ၊ မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရှိတယ်၊ မြေခွန်ပြေစာရှိတယ်၊ ဒါပေမယ့်ကျူးကျော်မှု ဖြစ်နေတယ်၊ ဥပဒေကပြောတယ်၊ ကျူးကျော်မှုဖြစ်တယ် ဖယ်ရှားပေးလိုက်။ ကျွန်ုပ်မပြောဘူး ပါးစပ်ပိတ်ထား တယ်၊ ဥပဒေကပြောလိမ့်မယ်၊ ဥပဒေကပြောနေဆဲ ကျူးကျော်မှုဖြစ်နေတယ် ဖယ်ရှားပေးရမယ်၊ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရဘူး” ဟု ရေးသားထားသည်။

လွမ်းအောင်

#PeopleMedia


Share this post