• Follow Us on

Home တ႐ုတ္မွာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ရွိလာ

တ႐ုတ္မွာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ရွိလာ

Share this post

ေဘက်င္း၊ ဇန္နဝါရီ – ၂၈

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စၿပီးပ်ံ႕ႏွံ႔တဲ့ ကို႐ိုနာဗိုင္းရပ္ 2019-nCoV ေၾကာင့္ ေသဆုံးသူအေယာက္ ၁၀၀ ရွိလာၿပီလို႔ ဟူေဘးျပည္နယ္က်န္းမာေရးေကာ္မရွင္က ဇန္နဝါရီ ၂၈ ရက္ အဂၤါေန႔ မွာထုတ္ျပန္ပါတယ္။

တနလ္ာေန႔မွာ ျပည္နယ္အတြင္းေသဆုံးသူ ၇၆ ေယာက္ရွိခဲ့ရာကေန ျမင့္တက္ခဲ့တာျဖစ္ၿပီး ျပည္နယ္အတြင္း ကူးစက္ခံတယ္လို႔ အတည္ျပဳႏိုင္တဲ့ျဖစ္စဥ္ ၂၇၁၄ ခုရွိေနၿပီလို႔လည္းပါဝင္ပါတယ္။

ၿမိဳ႕ေတာ္ေဘက်င္းမွာ ဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးေသဆုံးမႈရွိလာၿပီးေနာက္ တစ္ႏိုင္ငံလုံးေသဆုံးသူ ၁၀၆ ေယာက္ရွိလာတဲ့အျပင္ ကူးစက္ခံရသူ ၄၁၉၃ ေယာက္ရွိေနၿပီလို႔ တ႐ုတ္အစိုးရပိုင္ People’s Daily သတင္းစာကေဖာ္ျပပါတယ္။

တ႐ုတ္အဓိပတိလီခက်င္းကလည္း တနလ္ာေန႔မွာ ဝူဟန္ကို သြားခဲ့ၿပီး က်န္းမာေရးဝန္ထမ္းေတြကို ခ်ီးေျမႇာက္ခဲ့တဲ့အျပင္ ေနာက္ထပ္ဝန္ထမ္း ၂၅၀၀ ဝူဟန္ကို ထပ္ေရာက္လာမယ္လို႔ေျပာပါတယ္။

လီဟာ ျပန္႔ပြားမႈေနာက္ပုိင္း ၀ူဟန္ကုိ ပထမဆုံးသြားေရာက္ခဲ့တဲ့ထိပ္တန္းတ႐ုတ္ေခါင္းေဆာင္ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕အားထုတ္မႈကို ကုလသမဂၢကအသိအမွတ္ျပဳၿပီး ေရာဂါျပန္႔ပြားမႈထိန္းခ်ဳပ္ေနတဲ့ တ႐ုတ္ရဲ႕စြမ္း ရည္ကိုလည္း ယုံၾကည္တဲ့အျပင္ အေထာက္အပံ့နဲ႔အကူအညီေတြေပးဖို႔ အဆင္သင့္ရွိေနတယ္လို႔ ကုလသ မဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္အန္တိုနီယို ဂူတားရက္စ္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျပင္ပႏိုင္ငံ တစ္ဒါဇင္ေလာက္မွာလည္း ေရာဂါကူးစက္မႈေတြရွိေနၿပီး သီရိလက္ာနဲ႔ဂ်ာမနီတို႔ဟာ ကူးစက္မႈေတြရွိေနေၾကာင္း ေနာက္ဆုံးအတည္ျပဳတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲက ထိုင္း၊ စင္ကာပူ၊ ေကမာၻဒီးယားနဲ႔ ဗီယက္နမ္တို႔မွာ ဗိုင္းရပ္စ္ကူးစက္ခံရမႈေတြ ရွိေနပါတယ္။

Source – Reuters

Photo – Xinhua

#PeopleMedia #International

(Unicode)
တရုတ်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
…………………………………………………

ဘေကျင်း၊ ဇန်နဝါရီ – ၂၈

တရုတ်နိုင်ငံအလယ်ပိုင်းဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စပြီးပျံ့နှံ့တဲ့ ကိုရိုနာဗိုင်းရပ် 2019-nCoV ကြောင့် သေဆုံးသူအယောက် ၁၀၀ ရှိလာပြီလို့ ဟူဘေးပြည်နယ်ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၈ ရက် အင်္ဂါနေ့ မှာထုတ်ပြန်ပါတယ်။

တနလာ်နေ့မှာ ပြည်နယ်အတွင်းသေဆုံးသူ ၇၆ ယောက်ရှိခဲ့ရာကနေ မြင့်တက်ခဲ့တာဖြစ်ပြီး ပြည်နယ်အတွင်း ကူးစက်ခံတယ်လို့ အတည်ပြုနိုင်တဲ့ဖြစ်စဉ် ၂၇၁၄ ခုရှိနေပြီလို့လည်းပါဝင်ပါတယ်။

မြို့တော်ဘေကျင်းမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုရှိလာပြီးနောက် တစ်နိုင်ငံလုံးသေဆုံးသူ ၁၀၆ ယောက်ရှိလာတဲ့အပြင် ကူးစက်ခံရသူ ၄၁၉၃ ယောက်ရှိနေပြီလို့ တရုတ်အစိုးရပိုင် People’s Daily သတင်းစာကဖော်ပြပါတယ်။

တရုတ်အဓိပတိလီခကျင်းကလည်း တနလာ်နေ့မှာ ဝူဟန်ကို သွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ချီးမြှောက်ခဲ့တဲ့အပြင် နောက်ထပ်ဝန်ထမ်း ၂၅၀၀ ဝူဟန်ကို ထပ်ရောက်လာမယ်လို့ပြောပါတယ်။

လီဟာ ပြန့်ပွားမှုနောက်ပိုင်း ဝူဟန်ကို ပထမဆုံးသွားရောက်ခဲ့တဲ့ထိပ်တန်းတရုတ်ခေါင်းဆောင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့အားထုတ်မှုကို ကုလသမဂ္ဂကအသိအမှတ်ပြုပြီး ရောဂါပြန့်ပွားမှုထိန်းချုပ်နေတဲ့ တရုတ်ရဲ့စွမ်း ရည်ကိုလည်း ယုံကြည်တဲ့အပြင် အထောက်အပံ့နဲ့အကူအညီတွေပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ကုလသ မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတားရက်စ်ကပြောပါတယ်။

တရုတ်နိုင်ငံပြင်ပနိုင်ငံ တစ်ဒါဇင်လောက်မှာလည်း ရောဂါကူးစက်မှုတွေရှိနေပြီး သီရိလကာ်နဲ့ဂျာမနီတို့ဟာ ကူးစက်မှုတွေရှိနေကြောင်း နောက်ဆုံးအတည်ပြုတဲ့နိုင်ငံတွေဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက ထိုင်း၊ စင်ကာပူ၊ ကေမ္ဘာဒီးယားနဲ့ ဗီယက်နမ်တို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ရှိနေပါတယ်။

Source – Reuters

Photo – Xinhua

#PeopleMedia #International


Share this post