• Follow Us on

Home တ႐ုတ္ကိုတံု႔ျပန္ရန္ ျမန္မာႏိုင္ငံတြင္ ေဒၚလာသန္း ၆၀၀၀ တန္ဖိုး႐ွိ ေရနံသန္႔စင္စက္႐ံုတည္ေဆာက္ေရး အိႏၵိယက ျမန္မာကိုကမ္းလွမ္း

တ႐ုတ္ကိုတံု႔ျပန္ရန္ ျမန္မာႏိုင္ငံတြင္ ေဒၚလာသန္း ၆၀၀၀ တန္ဖိုး႐ွိ ေရနံသန္႔စင္စက္႐ံုတည္ေဆာက္ေရး အိႏၵိယက ျမန္မာကိုကမ္းလွမ္း

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၇

ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔စြမ္းအင္က႑ပူးေပါင္းေဆာင္႐ြက္မႈျမင့္တက္ေနခ်ိန္တြင္ စြမ္းအင္ေစ်းကြက္တြင္ မဟာဗ်ဴဟာေျမာက္အိမ္နီးခ်င္းႏိုင္ငံျမန္မာတြင္ စြမ္းအင္က႑၌တည္႐ွိမႈပိုမ်ားလာေရးအတြက္ အိႏၵိယႏိုင္ငံက ႀကိဳးပမ္းေနသည္။

ရင္းႏွီးျမွဳပ္ႏွံမႈတန္ဖိုးေဒၚလာသန္း ၆၀၀၀ ႐ွိလာမည့္ ေရနံသန္႔စင္စက္႐ံု ျမန္မာႏိုင္ငံတြင္တည္ေဆာက္ေရးကို ယခုသီတင္းပတ္ အိႏၵိယႏိုင္ငံျခားေရးအတြင္း၀န္ႏွင့္ၾကည္းတပ္ခ်ဳပ္တို႔လာေရာက္စဥ္ ေဆြးေႏြးခဲ့သည္။

ရန္ကုန္ၿမိဳ႕အနီး႐ွိသန္လ်င္တြင္ ေရနံသန္႔စင္စက္႐ံုတည္ေဆာက္ေရး အိႏၵိယဘက္က အႀကံျပဳခဲ့သည္ဟု သတင္းရင္းျမစ္မ်ားကေျပာသည္ဆိုၿပီး အိႏၵိယတိုင္းမ္သတင္းစာကေဖာ္ျပသည္။

အိႏၵိယေရနံေကာ္ပိုေရး႐ွင္းလီမိတက္က ထိုလုပ္ငန္းအတြက္ စိတ္၀င္စားေၾကာင္းျပသေနၿပီး ႏွစ္ႏိုင္ငံအက်ိဳး ႐ွိသည့္လုပ္ငန္းျဖစ္လာႏိုင္သည္ဟုလည္း အိႏၵိယသတင္းရင္းျမစ္မ်ားကေျပာသည္။

တ႐ုတ္ႏုိင္ငံသည္ လက္႐ွိျမန္မာႏိုင္ငံစြမ္းအင္က႑တြင္ ၇၀ ရာခိုင္ႏႈန္းနီးပါးရင္းႏွီးျမွဳပ္ႏွံထားသည္။

အိႏၵိယႏုိင္ငံ၏ အေ႐ွ႕ေမွ်ာ္ႏွင့္ အိမ္နီးခ်င္းပထမ မူ၀ါဒမ်ားတြင္ပါ၀င္သည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ေရနံသန္႔စင္စက္႐ံုမ်ားနည္းပါးေနၿပီး ျပည္တြင္းသံုးစြဲသည့္ပမာဏသာထုတ္လုပ္ေပးႏိုင္သည္။
Ref : To counter China, India offers Myanmar a $6bn oil refinery

#Peoplemedia

(Unicode)
တရုတ်ကိုတုံ့ပြန်ရန် မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၆၀၀၀ တန်ဖိုးရှိ ရေနံသန့်စင်စက်ရုံတည်ဆောက်ရေး အိန္ဒိယက မြန်မာကိုကမ်းလှမ်း
………………………………………………

နယူးဒေလီ၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြင့်တက်နေချိန်တွင် စွမ်းအင်စျေးကွက်တွင် မဟာဗျူဟာမြောက်အိမ်နီးချင်းနိုင်ငံမြန်မာတွင် စွမ်းအင်ကဏ္ဍ၌တည်ရှိမှုပိုများလာရေးအတွက် အိန္ဒိယနိုင်ငံက ကြိုးပမ်းနေသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဒေါ်လာသန်း ၆၀၀၀ ရှိလာမည့် ရေနံသန့်စင်စက်ရုံ မြန်မာနိုင်ငံတွင်တည်ဆောက်ရေးကို ယခုသီတင်းပတ် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်ကြည်းတပ်ချုပ်တို့လာရောက်စဉ် ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့အနီးရှိသန်လျင်တွင် ရေနံသန့်စင်စက်ရုံတည်ဆောက်ရေး အိန္ဒိယဘက်က အကြံပြုခဲ့သည်ဟု သတင်းရင်းမြစ်များကပြောသည်ဆိုပြီး အိန္ဒိယတိုင်းမ်သတင်းစာကဖော်ပြသည်။

အိန္ဒိယရေနံကော်ပိုရေးရှင်းလီမိတက်က ထိုလုပ်ငန်းအတွက် စိတ်ဝင်စားကြောင်းပြသနေပြီး နှစ်နိုင်ငံအကျိုး ရှိသည့်လုပ်ငန်းဖြစ်လာနိုင်သည်ဟုလည်း အိန္ဒိယသတင်းရင်းမြစ်များကပြောသည်။

တရုတ်နိုင်ငံသည် လက်ရှိမြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် ၇၀ ရာခိုင်နှုန်းနီးပါးရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်နှင့် အိမ်နီးချင်းပထမ မူဝါဒများတွင်ပါဝင်သည့် အိမ်နီးချင်းနိုင်ငံများတွင် ရေနံသန့်စင်စက်ရုံများနည်းပါးနေပြီး ပြည်တွင်းသုံးစွဲသည့်ပမာဏသာထုတ်လုပ်ပေးနိုင်သည်။
Ref : To counter China, India offers Myanmar a $6bn oil refinery

#Peoplemedia


Share this post