• Follow Us on

Home အများပါဝင်နိုင်မည့် သမုဒ္ဒရာရင်းမြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအားထုတ်မှုများအတွက် အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်

အများပါဝင်နိုင်မည့် သမုဒ္ဒရာရင်းမြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအားထုတ်မှုများအတွက် အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်

Share this post

ဒါကာ၊ အောက်တိုဘာ ၇
 
ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်နိုင်ငံတို့သည် ပူးတွဲအလုပ်လုပ်ကိုင်ခြင်း၊ သိနားလည်မှု၊ အချက်အလက်နှင့် အတွေးအခေါ်များမျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုပူးပေါင်းဆောင်ရွက်မှုများအပြည့်အ၀ တိုးမြှင့်ခြင်းများဖြင့် သမုဒ္ဒရာရင်းမြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
 
 
ထိုအတွက် မကြာသေးမီကပြုလုပ်ခဲ့သော နှစ်နိုင်ငံအစည်းအဝေးတွင် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်တို့က ဆွေးနွေးခဲ့ကြသည်ဆို၏။
 
 
ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယသမုဒ္ဒရာအနားသတ်နိုင်ငံများ၏ ပင်လယ်ပြင် စီး ပွားရေးဆိုင်ရာ တတိယအကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းကိုလည်း အမေရိကန်က အလေးအနက်ထားကြောင်း ပြောဆိုသည်။
 
 
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ယခုကဏ္ဍ၌ USAID ၊ USTDA နှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးဌာနခွဲ၏ အာရှဒေသစွမ်းအင်မှတစ်ဆင့်ဖွံ့ဖြိုတိုးတက်အစီအစဉ် Asia EDGE သာမက အမေရိကန်အစိုးရတစ်ဖွဲ့လုံးကပါ ထောက်ပံ့ကူညီသည့်အတွက် ကြိုဆိုကြောင်း တုံ့ပြန်သည်။
 
 
#Peoplemedia
 
(Unicode)
အများပါဝင်နိုင်မည့် သမုဒ္ဒရာရင်းမြစ်စီးပွားရေးဖွ့ံဖြိုးတိုးတက်ရေးအားထုတ်မှုများအတွက် အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်
………………………………………………………….
 
ဒါကာ၊ အောက်တိုဘာ ၇
 
ဘင်္ဂလားဒေ့ရ်ှနှင့် အမေရိကန်နိုင်ငံတို့သည် ပူးတွဲအလုပ်လုပ်ကိုင်ခြင်း၊ သိနားလည်မှု၊ အချက်အလက်နှင့် အတွေးအခေါ်များမျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုပူးပေါင်းဆောင်ရွက်မှုများအပြည့်အဝ တိုးမြှင့်ခြင်းများဖြင့် သမုဒ္ဒရာရင်းမြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
 
ငါးနှင့်ပင်လယ်စာပြုပြင်ထုတ်လုပ်သည့်နည်းပညာ၊ ဂြိုလ်တု သို့ ဆိုနာနည်းပညာသုံးငါးရှာနည်းပညာကိုလည်း အမေရိကန်ဘက်က လွှဲပြောင်းပေးလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်ကမျှော်လင့်နေကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနကပြောသည်။
 
ထိုအတွက် မကြာသေးမီကပြုလုပ်ခဲ့သော နှစ်နိုင်ငံအစည်းအဝေးတွင် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရ်ှနှင့် အမေရိကန်တို့က ဆွေးနွေးခဲ့ကြသည်ဆို၏။
 
တရားမဝင်၊ အကြောင်းကြားမှုမရှိခြင်းနှင့် ပုံမှန်မဟုတ်သောငါးဖမ်းခြင်းတို့အား ဟန့်တားဖယ်ရှားရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆိပ်ကမ်းအဆင့်အစီအမံများသဘောတူညီချက်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါဝင်လာခြင်းကို အမေရိကန်ဘက်က ချီးကျူးခဲ့သည်။
 
ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရ်ှအစိုးရက အိန္ဒိယသမုဒ္ဒရာအနားသတ်နိုင်ငံများ၏ ပင်လယ်ပြင် စီး ပွားရေးဆိုင်ရာ တတိယအကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းကိုလည်း အမေရိကန်က အလေးအနက်ထားကြောင်း ပြောဆိုသည်။
 
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့၏ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင် နှစ်နိုင်ငံသမုဒ္ဒရာ ရင်းမြစ်စီးပွားရေးနှင့် သမုဒ္ဒရာများ၏အနာဂတ်အလားအလာများတွင် ခိုင်မာသည့်သိပ္ပံပညာ၊ တီထွင်ဆန်းသစ် သည့်စီမံခန့်ခွဲမှု၊ ထိရောက်သောအုပ်ချုပ်မှု၊ အဓိပ္ပာယ်ပြည့်ဝသောမိတ်ဖက်များနှင့် ပြည်သူလူထုပူးပေါင်း ပါဝင်မှုတို့၏အရေးပါပုံကို အသိအမှတ်ပြုကြကြောင်း အမေရိကန်ဘက်ကပြောသည်။
 
ဘင်္ဂလားဒေ့ရ်ှဘက်ကလည်း ယခုကဏ္ဍ၌ USAID ၊ USTDA နှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးဌာနခွဲ၏ အာရှဒေသစွမ်းအင်မှတစ်ဆင့်ဖွံ့ဖြိုတိုးတက်အစီအစဉ် Asia EDGE သာမက အမေရိကန်အစိုးရတစ်ဖွဲ့လုံးကပါ ထောက်ပံ့ကူညီသည့်အတွက် ကြိုဆိုကြောင်း တုံ့ပြန်သည်။
 
Ref : Bangladesh, US for joint efforts to develop inclusive blue economy
 
#Peoplemedia

Share this post