• Follow Us on

Home တ႐ုတ္ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဥ္ J-20 ၂ စင္းကို Y-20 ဆီသယ္ေလယာဥ္ျဖင့္ ပ်ံသန္းစဥ္ ဆီျဖည့္သြင္း

တ႐ုတ္ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဥ္ J-20 ၂ စင္းကို Y-20 ဆီသယ္ေလယာဥ္ျဖင့္ ပ်ံသန္းစဥ္ ဆီျဖည့္သြင္း

Share this post

တ႐ုတ္အစိုးရရဲ႕ဝါဒျဖန္႔စာေတြမွာ တ႐ုတ္ေလတပ္က သယ္ပို႔ေလယာဥ္အျဖစ္သံုးတဲ့ Y-20 တစ္စင္းက ဆီျဖည့္ေလယာဥ္အျဖစ္တာ၀န္ေျပာင္းယူၿပီး J-20 ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဥ္ ၂ စင္းရဲ႕အေပၚကေန ဆီျဖည့္ေနတာေတြ႕ရတဲ့အျပင္ WS-20 turbofan အင္ဂ်င္တပ္ဆင္ထားတာကိုလည္း ေတြ႕ရပါတယ္။

အေနာက္ပစိဖိတ္ေဒသမွာ အဓိကအင္အားႀကီးႏိုင္ငံျဖစ္လာဖို႔ရည္မွန္းခ်က္အတြက္ ဆီျဖည့္ေလယာဥ္အုပ္စုကို တ႐ုတ္ႏိုင္ငံက အ႐ူးအမူးလိုခ်င္ေနတယ္လို႔ ကၽြမ္းက်င္သူေတြကယံုၾကည္ေနပါတယ္။

လက္႐ွိမွာေတာ့ တ႐ုတ္ျပည္မႀကီးမွာ ႐ု႐ွားထုတ္ Il-78 ၃ စင္းနဲ႔ ဆိုဗီယက္ေခတ္က Tupolev Tu-16 ဗံုးက်ဲေလယာဥ္ကို အျပည့္အ၀လိုင္စင္ယူၿပီး ျပည္တြင္းမွာျပန္တည္ေဆာက္ထားတဲ့ H-6 ဗံုးက်ဲေလယာဥ္ ၁၀ စင္းကို ဆီျဖည့္တာ၀န္ေျပာင္းလဲထားတဲ့ေလယာဥ္ ၁၀ စင္းပါတဲ့အုပ္စုအပါအ၀င္ ေလထဲမွာဆီျဖည့္ႏိုင္တဲ့ဆီျဖည့္ေလယာဥ္ ၁၃ စင္းနဲ႔ ၁၅ စင္းၾကားမွာ႐ွိပါတယ္။

အေမရိကန္ေလတပ္နဲ႔ေျဖာင့္ေျဖာင့္ႀကီးဆန္႔က်င္ေနတာကေတာ့ KC-135 အမ်ားစုပါ၀င္ေနတဲ့ ဆီျဖည့္ေလယာဥ္အစင္း ၅၀၀ ေလာက္႐ွိေနပါတယ္။

ပံုထဲမွာျမင္ရတဲ့ဆီျဖည့္ေလယာဥ္မွာ WS-20 turbofan အင္ဂ်င္ေတြတပ္ဆင္ထားတာေတြ႕ရေပမဲ့ အမွန္တကယ္ေ႐ွးဦးမ်ိဳးကြဲေတြမွာေတာ့ ပိုသက္တမ္းၾကာၿပီး အားသိပ္မေကာင္းတဲ့အင္ဂ်င္ေတြေၾကာင့္ စြမ္းေဆာင္မႈကို ကန္႔သတ္ထားပါတယ္။

WS-20 အင္ဂ်င္ဟာ အမ်ားဆံုးကုန္ ၆၆ တန္ကိုတင္ႏိုင္ဖို႔လိုအပ္ခ်က္ျဖစ္ပါတယ္။

ဆီျဖည့္ေလယာဥ္ေတြဟာ ျဖစ္လာႏိုင္တဲ့စစ္ေျမျပင္ေတြက ကုန္းေျမနဲ႔ သူတို႔ရဲ႕ေလယာဥ္ကြင္းႀကီးေတြကေန မိုင္ ၁၀၀၀ ဒါမွမဟုတ္ ဒီထက္ပိုေ၀းတဲ့ေနရာမွာ႐ွိတဲ့အေနာက္ပစိဖိတ္ေဒသအတြက္ တိုက္ေလယာဥ္ေတြနဲ႔ဗံုးက်ဲေလယာဥ္ေတြ ပိုၿပီးေ၀းေ၀းသြားႏိုင္ဖို႔ ကူညီႏိုင္မွာပါ။

ယွဥ္ေျပာရမယ္ဆိုရင္ေတာ့ IL-78 ေတြဟာ တစ္ေခါက္မွာ ေလာင္စာဆီတန္ ၁၀၀ ေလာက္တင္ႏုိင္ၿပီး KC-135 ေတြနဲ႔တန္းတူနီးပါးျဖစ္ေနေပမဲ့ H-6 ဆီျဖည့္ေလယာဥ္ေတြကေတာ့ တစ္ေခါက္မွာ ဆီတန္ ၂၀ ေလာက္ပဲတင္ႏိုင္ပါတယ္။

ဒါေပမဲ့ Y-20U ေတြရဲ႕ေလာင္စာဆီသယ္ႏိုင္တဲ့ပမာဏကိုေတာ့ အတည္ျပဳခ်က္မ႐ွိေသးပါဘူး။

Ref : Two Chinese Stealth J-20 Fighter Jets Get Fueled Mid-Air By ‘Futuristic’ Y-20 Tankers

#PeopleMedia

(unicode)
တရုတ်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် J-20 ၂ စင်းကို Y-20 ဆီသယ်လေယာဉ်ဖြင့် ပျံသန်းစဉ် ဆီဖြည့်သွင်း
…………………………………………

တရုတ်အစိုးရရဲ့ဝါဒဖြန့်စာတွေမှာ တရုတ်လေတပ်က သယ်ပို့လေယာဉ်အဖြစ်သုံးတဲ့ Y-20 တစ်စင်းက ဆီဖြည့်လေယာဉ်အဖြစ်တာဝန်ပြောင်းယူပြီး J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၂ စင်းရဲ့အပေါ်ကနေ ဆီဖြည့်နေတာတွေ့ရတဲ့အပြင် WS-20 turbofan အင်ဂျင်တပ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

အနောက်ပစိဖိတ်ဒေသမှာ အဓိကအင်အားကြီးနိုင်ငံဖြစ်လာဖို့ရည်မှန်းချက်အတွက် ဆီဖြည့်လေယာဉ်အုပ်စုကို တရုတ်နိုင်ငံက အရူးအမူးလိုချင်နေတယ်လို့ ကျွမ်းကျင်သူတွေကယုံကြည်နေပါတယ်။

လက်ရှိမှာတော့ တရုတ်ပြည်မကြီးမှာ ရုရှားထုတ် Il-78 ၃ စင်းနဲ့ ဆိုဗီယက်ခေတ်က Tupolev Tu-16 ဗုံးကျဲလေယာဉ်ကို အပြည့်အဝလိုင်စင်ယူပြီး ပြည်တွင်းမှာပြန်တည်ဆောက်ထားတဲ့ H-6 ဗုံးကျဲလေယာဉ် ၁၀ စင်းကို ဆီဖြည့်တာဝန်ပြောင်းလဲထားတဲ့လေယာဉ် ၁၀ စင်းပါတဲ့အုပ်စုအပါအဝင် လေထဲမှာဆီဖြည့်နိုင်တဲ့ဆီဖြည့်လေယာဉ် ၁၃ စင်းနဲ့ ၁၅ စင်းကြားမှာရှိပါတယ်။

အမေရိကန်လေတပ်နဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကတော့ KC-135 အများစုပါဝင်နေတဲ့ ဆီဖြည့်လေယာဉ်အစင်း ၅၀၀ လောက်ရှိနေပါတယ်။

ပုံထဲမှာမြင်ရတဲ့ဆီဖြည့်လေယာဉ်မှာ WS-20 turbofan အင်ဂျင်တွေတပ်ဆင်ထားတာတွေ့ရပေမဲ့ အမှန်တကယ်ရှေးဦးမျိုးကွဲတွေမှာတော့ ပိုသက်တမ်းကြာပြီး အားသိပ်မကောင်းတဲ့အင်ဂျင်တွေကြောင့် စွမ်းဆောင်မှုကို ကန့်သတ်ထားပါတယ်။

WS-20 အင်ဂျင်ဟာ အများဆုံးကုန် ၆၆ တန်ကိုတင်နိုင်ဖို့လိုအပ်ချက်ဖြစ်ပါတယ်။

ဆီဖြည့်လေယာဉ်တွေဟာ ဖြစ်လာနိုင်တဲ့စစ်မြေပြင်တွေက ကုန်းမြေနဲ့ သူတို့ရဲ့လေယာဉ်ကွင်းကြီးတွေကနေ မိုင် ၁၀၀၀ ဒါမှမဟုတ် ဒီထက်ပိုဝေးတဲ့နေရာမှာရှိတဲ့အနောက်ပစိဖိတ်ဒေသအတွက် တိုက်လေယာဉ်တွေနဲ့ဗုံးကျဲလေယာဉ်တွေ ပိုပြီးဝေးဝေးသွားနိုင်ဖို့ ကူညီနိုင်မှာပါ။

ယှဉ်ပြောရမယ်ဆိုရင်တော့ IL-78 တွေဟာ တစ်ခေါက်မှာ လောင်စာဆီတန် ၁၀၀ လောက်တင်နိုင်ပြီး KC-135 တွေနဲ့တန်းတူနီးပါးဖြစ်နေပေမဲ့ H-6 ဆီဖြည့်လေယာဉ်တွေကတော့ တစ်ခေါက်မှာ ဆီတန် ၂၀ လောက်ပဲတင်နိုင်ပါတယ်။

ဒါပေမဲ့ Y-20U တွေရဲ့လောင်စာဆီသယ်နိုင်တဲ့ပမာဏကိုတော့ အတည်ပြုချက်မရှိသေးပါဘူး။

Ref : Two Chinese Stealth J-20 Fighter Jets Get Fueled Mid-Air By ‘Futuristic’ Y-20 Tankers

#PeopleMedia


Share this post