• Follow Us on

Home တ႐ုတ္ဂ်က္တိုက္ေလယာဥ္ႏွင့္ ဗံုးႀကဲေလယာဥ္မ်ားကိုေတြ႕႐ွိ ၿပီးေနာက္ ေလတပ္စခန္းမ်ားကို အိႏိၵယေစာင့္ ၾကည့္ေန

တ႐ုတ္ဂ်က္တိုက္ေလယာဥ္ႏွင့္ ဗံုးႀကဲေလယာဥ္မ်ားကိုေတြ႕႐ွိ ၿပီးေနာက္ ေလတပ္စခန္းမ်ားကို အိႏိၵယေစာင့္ ၾကည့္ေန

Share this post

နယူးေဒလီ၊ ၾသဂုတ္ ၂၁

အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔ၾကားအမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္းတြင္ တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ေလတပ္ PLAAF ၏လႈပ္႐ွားမႈမ်ားကို အိႏၵိယေအဂ်င္စီမ်ား မ်က္စိေဒါက္ေထာ က္ၾကည့္ေနေၾကာင္း အိႏိၵယသတင္းမ်ားကေဖာ္ျပသည္။

“႐ွင္ဂ်န္းနဲ႔ တိဗက္ေဒသေတြက ဟိုတန္၊ ဂါဂန္ဆာ၊ ကတ္႐ွ္ဂါ၊ ေဟာ့ပင္း၊ ကြန္ကာဇြန္၊ လင္က်ီးနဲ႔ ပန္ဂတ္ PLAAF အေျခစိုက္စခန္းေတြကို အေသအခ်ာေစာင့္ၾကည့္ေနပါတယ္။ မၾကာေသးခင္က အဲဒီစခန္းေတြမွာ လႈပ္႐ွားမႈေတြေတာ္ေတာ္မ်ားမ်ား႐ွိခဲ့ပါတယ္” ဟု အိႏၵိယအစိုးရသတင္းရင္းျမစ္မ်ားက ANI သတင္းေအဂ်င္စီ ကိုေျပာသည္။

မၾကာေသးမီက ခိုလႈံရာေနရာမ်ားပိုခိုင္ခံမႈ႐ွိေအာင္ျပဳျပင္ျခင္း၊ ေလယာဥ္ေျပးလမ္းမ်ားတိုးခ်ဲ႕ျခင္းႏွင့္ စစ္ဆင္ေရး မ်ားျပဳလုပ္ရန္ တပ္ဖြဲ႔၀င္မ်ားထပ္တိုးေနရာခ်ျခင္းကဲ့သို႔ေသာ အဆင့္ႁမွင့္တင္ျခင္မ်ားျပဳလုပ္ေနသည္ကိုေတြ႕ ခဲ့ရသည္ဟု အိႏၵိယအစိုးရဘက္ကေျပာသည္။

အိႏၵိယအေ႐ွ႕ေျမာက္ျပည္နယ္မ်ားႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္႐ွိေသာ လင္က်ီးေလတပ္စခန္းကို ရဟတ္ယာဥ္စခန္း အျဖစ္အဓိကအသံုးျပဳေနၿပီး ေထာက္လွမ္းေရးလႈပ္႐ွားမႈမ်ားႁမွင့္တင္ရန္ ရဟတ္ယာဥ္ကြန္ရက္တစ္ခုတည္ ေဆာက္ေနသည္ဟုလည္း ေျပာသည္။

႐ွင္ဂ်န္းမွဟိုတန္ေလတပ္စခန္းတြင္ တ႐ုတ္ႏိုင္ငံ၏ J-20 ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဥ္ ၂ စင္းကိုျမင္ ေတြ႕ခဲ့ရၿပီး တ႐ုတ္ပံုစံ Su-30 တိုက္ေလယာဥ္မ်ားကိုလည္း ေနရာခ်ထားသည္။

ထို႔အျပင္ H-6 ဗံုးႀကဲေလယာဥ္ ၆ စင္းႏွင့္ KD-63 ခ႐ုဇ္ဒံုးပ်ံမ်ားကိုလည္း ကတ္႐ွ္ဂါေလတပ္စခန္းတြင္ တ႐ုတ္တပ္ဖြဲ႔မ်ားက ေနရာခ်ထားသည္။

တ႐ုတ္လႈပ္႐ွားမႈမ်ားကိုတန္ျပန္ရန္ အိႏၵိယႏိုင္ငံကလည္း နယ္စပ္မ်ဥ္း႐ွိရာသို႔ တပ္ဖြဲ႔မ်ားထပ္တိုးေနရာခ်ထား သည္။

တင့္တပ္ဖြဲ႔မ်ားႏွင့္အျခားလက္နက္မ်ားသာမက အိႏိၵယေလတပ္ေလယာဥ္မ်ားကိုလည္း နယ္စပ္မ်ဥ္းတစ္ေလွ်ာ က္တြင္ အဆင္သင့္အေနအထားျဖင့္ အိႏိၵယႏိုင္ငံက ျပင္ဆင္ထားသည္။

Su-30၊ MiG-29 ႏွင့္ MiG-29K မ်ားသာမက မၾကာေသးမီက၀ယ္ယူထားသည့္ Rafale ဂ်က္တိုက္ေလယာ ဥ္မ်ားကိုလည္း ေနရာခ်ထားၿပီး ထိုေနရာပတ္၀န္းက်င္ကို ကင္းလွည့္ေနသည္။

Ref : After Spotting J-20 Jets, Nuclear-Capable H-6 Bombers, India Deeply Monitoring Chinese Air Bases

#PeopleMedia

(unicode)
တရုတ်ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ်များကိုတွေ့ရှိ ပြီးနောက် လေတပ်စခန်းများကို အိန္ဒိယစောင့် ကြည့်နေ
………………………………………………………

နယူးဒေလီ၊ ဩဂုတ် ၂၁

အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြားအမှန်တကယ်ထိန်းချုပ်မျဉ်းတွင် တင်းမာမှုများမြင့်တက်နေချိန် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်လေတပ် PLAAF ၏လှုပ်ရှားမှုများကို အိန္ဒိယအေဂျင်စီများ မျက်စိဒေါက်ထော က်ကြည့်နေကြောင်း အိန္ဒိယသတင်းများကဖော်ပြသည်။

“ရှင်ဂျန်းနဲ့ တိဗက်ဒေသတွေက ဟိုတန်၊ ဂါဂန်ဆာ၊ ကတ်ရှ်ဂါ၊ ဟော့ပင်း၊ ကွန်ကာဇွန်၊ လင်ကျီးနဲ့ ပန်ဂတ် PLAAF အခြေစိုက်စခန်းတွေကို အသေအချာစောင့်ကြည့်နေပါတယ်။ မကြာသေးခင်က အဲဒီစခန်းတွေမှာ လှုပ်ရှားမှုတွေတော်တော်များများရှိခဲ့ပါတယ်” ဟု အိန္ဒိယအစိုးရသတင်းရင်းမြစ်များက ANI သတင်းအေဂျင်စီ ကိုပြောသည်။

မကြာသေးမီက ခိုလှုံရာနေရာများပိုခိုင်ခံမှုရှိအောင်ပြုပြင်ခြင်း၊ လေယာဉ်ပြေးလမ်းများတိုးချဲ့ခြင်းနှင့် စစ်ဆင်ရေး များပြုလုပ်ရန် တပ်ဖွဲ့ဝင်များထပ်တိုးနေရာချခြင်းကဲ့သို့သော အဆင့်မြှင့်တင်ခြင်များပြုလုပ်နေသည်ကိုတွေ့ ခဲ့ရသည်ဟု အိန္ဒိယအစိုးရဘက်ကပြောသည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော လင်ကျီးလေတပ်စခန်းကို ရဟတ်ယာဉ်စခန်း အဖြစ်အဓိကအသုံးပြုနေပြီး ထောက်လှမ်းရေးလှုပ်ရှားမှုများမြှင့်တင်ရန် ရဟတ်ယာဉ်ကွန်ရက်တစ်ခုတည် ဆောက်နေသည်ဟုလည်း ပြောသည်။

ရှင်ဂျန်းမှဟိုတန်လေတပ်စခန်းတွင် တရုတ်နိုင်ငံ၏ J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၂ စင်းကိုမြင် တွေ့ခဲ့ရပြီး တရုတ်ပုံစံ Su-30 တိုက်လေယာဉ်များကိုလည်း နေရာချထားသည်။

ထို့အပြင် H-6 ဗုံးကြဲလေယာဉ် ၆ စင်းနှင့် KD-63 ခရုဇ်ဒုံးပျံများကိုလည်း ကတ်ရှ်ဂါလေတပ်စခန်းတွင် တရုတ်တပ်ဖွဲ့များက နေရာချထားသည်။

တရုတ်လှုပ်ရှားမှုများကိုတန်ပြန်ရန် အိန္ဒိယနိုင်ငံကလည်း နယ်စပ်မျဉ်းရှိရာသို့ တပ်ဖွဲ့များထပ်တိုးနေရာချထား သည်။

တင့်တပ်ဖွဲ့များနှင့်အခြားလက်နက်များသာမက အိန္ဒိယလေတပ်လေယာဉ်များကိုလည်း နယ်စပ်မျဉ်းတစ်လျှော က်တွင် အဆင်သင့်အနေအထားဖြင့် အိန္ဒိယနိုင်ငံက ပြင်ဆင်ထားသည်။

Su-30၊ MiG-29 နှင့် MiG-29K များသာမက မကြာသေးမီကဝယ်ယူထားသည့် Rafale ဂျက်တိုက်လေယာ ဉ်များကိုလည်း နေရာချထားပြီး ထိုနေရာပတ်ဝန်းကျင်ကို ကင်းလှည့်နေသည်။

Ref : After Spotting J-20 Jets, Nuclear-Capable H-6 Bombers, India Deeply Monitoring Chinese Air Bases

#PeopleMedia


Share this post