• Follow Us on

Home တ႐ုတ္တပ္မေတာ္က အျငင္းပြားနယ္စပ္အနီး စစ္ဘက္စခန္းမ်ား တည္ေဆာက္ေနဟု အစီရင္ခံစာတစ္ေစာင္ ေဖာ္ျပ

တ႐ုတ္တပ္မေတာ္က အျငင္းပြားနယ္စပ္အနီး စစ္ဘက္စခန္းမ်ား တည္ေဆာက္ေနဟု အစီရင္ခံစာတစ္ေစာင္ ေဖာ္ျပ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၃

၂၀၁၇ ခုႏွစ္တြင္ ဒိုခ္လမ္ေဒသ၌ တင္းမာမႈမ်ားျဖစ္ပြားၿပီးေနာက္ အျငင္းပြားနယ္စပ္ရွိ ထိန္းခ်ဳပ္မ်ဥ္းအနီး တ႐ုတ္နိုင္ငံက ေလတပ္အေျခစိုက္စခန္းသုံးခု၊ အျမဲတမ္းေလေၾကာင္းရန္ကာကြယ္ေရးစခန္း ငါးခုႏွင့္ ရဟတ္ ယာဥ္ဆင္းသက္ကြင္းငါးခု တည္ေဆာက္မႈ စတင္ခဲ့ေၾကာင္း ကမၻာ့လုံျခဳံေရးအတိုင္ပင္ခံလုပ္ငန္းတစ္ခုျဖစ္သည့္ Stratfor ၏ အစီရင္ခံစာတစ္ခုအရ သိရသည္။

ေမလအတြင္း လာဒါေဒသ၌ အိႏၵိယႏွင့္တ႐ုတ္တပ္ဖြဲ႕မ်ားၾကား ရန္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ တ႐ုတ္နိုင္ငံ က ရဟတ္ယာဥ္ကြင္း ငါးခုအနက္ ေလးခုတည္ေဆာက္မႈ စတင္ခဲ့ေၾကာင္း အစီရင္ခံစာအရ သိရသည္။

၂၀၁၇ ခုႏွစ္ ဒိုခ္လမ္အေရးအခင္းေၾကာင့္ တ႐ုတ္နိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ ဦးတည္ခ်က္မ်ား ေျပာင္း လဲသြားပုံေပၚၿပီး ၿပီးခဲ့ေသာ သုံးႏွစ္အတြင္း အိႏၵိယနိုင္ငံႏွင့္ထိစပ္ေနသည့္ နယ္စပ္တစ္ေလ်ာက္ ေလတပ္အေၿခ စိုက္စခန္းမ်ား၊ ေလေၾကာင္းကာကြယ္ေရးစခန္းမ်ားႏွင့္ ရဟတ္ယာဥ္ကြင္းမ်ား တည္ေဆာက္မႈကို ႏွစ္ဆအထိ တိုး ျမႇင့္ခဲ့သည္။

တ႐ုတ္နိုင္ငံက အျငင္းပြားနယ္စပ္အနီး ထိုသို႔ စစ္ဘက္စခန္းမ်ား တည္ေဆာက္ေနမႈက ေဒသတြင္း၌ တင္းမာမႈမ်ား ေရရွည္ျဖစ္ေစနိုင္ေၾကာင္း အစီရင္ခံစာက ဆိုသည္။

အိႏၵိယနိုင္ငံ၏ မၾကာေသးမီက ျပင္သစ္နိုင္ငံထံမွ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္မ်ား ဝယ္ယူမႈက အိႏၵိယ နိုင္ငံကို အနည္းငယ္ သက္သာရာရေစေသာ္လည္း ျပည္တြင္း၌ စစ္လက္နက္မ်ားထုတ္လုပ္မႈႏွင့္ ျပည္ပမွ လက္ နက္မ်ားဝယ္ယူမႈေၾကာင့္ အိႏၵိယေလတပ္ အင္အားေတာင့္တင္းလာရန္ အခ်ိန္ယူရမည္ဟု အစီရင္ခံစာက ဆို သည္။

“A military drive spells out China’s intent along the Indian border” ဟု အမည္ေပးထားသည့္ အဆိုပါအစီရင္ခံစာတြင္ တ႐ုတ္စစ္ဘက္စခန္းမ်ား နယ္စပ္တစ္ေလ်ာက္ ျမန္ဆန္စြာ တိုးခ်ဲ႕ေနမႈက တ႐ုတ္နိုင္ငံ ၏ရည္ရြယ္ခ်က္ကို ေဖာ္ျပေနဟု ဆိုသည္။

အိႏၵိယနိုင္ငံကလည္း စစ္ေျမျပင္၌ တ႐ုတ္နိုင္ငံႏွင္ယွဥ္နိုင္ရန္ ေလေၾကာင္းအင္အား၊ ေျမျပင္အေျချပဳ ေလေၾကာင္းရန္ကာကြယ္ေရးႏွင့္ ဒုံးက်ည္တပ္ဖြဲ႕မ်ားကို အဆင့္ျမႇင့္တင္ေနဟု အစီရင္ခံစာက ဆိုသည္။

–အိႏၵိယ–
တူေဒး
Ref; China built near 13 new military positions, including 3 air bases, near LAC since Doklam

(unicode)

တရုတ်တပ်မတော်က အငြင်းပွားနယ်စပ်အနီး စစ်ဘက်စခန်းများ တည်ဆောက်နေဟု အစီရင်ခံစာတစ်စောင် ဖော်ပြ

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃

၂၀၁၇ ခုနှစ်တွင် ဒိုခ်လမ်ဒေသ၌ တင်းမာမှုများဖြစ်ပွားပြီးနောက် အငြင်းပွားနယ်စပ်ရှိ ထိန်းချုပ်မျဉ်းအနီး တရုတ်နိုင်ငံက လေတပ်အခြေစိုက်စခန်းသုံးခု၊ အမြဲတမ်းလေကြောင်းရန်ကာကွယ်ရေးစခန်း ငါးခုနှင့် ရဟတ် ယာဉ်ဆင်းသက်ကွင်းငါးခု တည်ဆောက်မှု စတင်ခဲ့ကြောင်း ကမ္ဘာ့လုံခြုံရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Stratfor ၏ အစီရင်ခံစာတစ်ခုအရ သိရသည်။

မေလအတွင်း လာဒါဒေသ၌ အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များကြား ရန်ပွဲများဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ က ရဟတ်ယာဉ်ကွင်း ငါးခုအနက် လေးခုတည်ဆောက်မှု စတင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

၂၀၁၇ ခုနှစ် ဒိုခ်လမ်အရေးအခင်းကြောင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ဦးတည်ချက်များ ပြောင်း လဲသွားပုံပေါ်ပြီး ပြီးခဲ့သော သုံးနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်တစ်လျောက် လေတပ်အခြေ စိုက်စခန်းများ၊ လေကြောင်းကာကွယ်ရေးစခန်းများနှင့် ရဟတ်ယာဉ်ကွင်းများ တည်ဆောက်မှုကို နှစ်ဆအထိ တိုး မြှင့်ခဲ့သည်။

တရုတ်နိုင်ငံက အငြင်းပွားနယ်စပ်အနီး ထိုသို့ စစ်ဘက်စခန်းများ တည်ဆောက်နေမှုက ဒေသတွင်း၌ တင်းမာမှုများ ရေရှည်ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ မကြာသေးမီက ပြင်သစ်နိုင်ငံထံမှ ရာဖေးလ်ဂျက်တိုက်လေယာဉ်များ ဝယ်ယူမှုက အိန္ဒိယ နိုင်ငံကို အနည်းငယ် သက်သာရာရစေသော်လည်း ပြည်တွင်း၌ စစ်လက်နက်များထုတ်လုပ်မှုနှင့် ပြည်ပမှ လက် နက်များဝယ်ယူမှုကြောင့် အိန္ဒိယလေတပ် အင်အားတောင့်တင်းလာရန် အချိန်ယူရမည်ဟု အစီရင်ခံစာက ဆို သည်။

“A military drive spells out China’s intent along the Indian border” ဟု အမည်ပေးထားသည့် အဆိုပါအစီရင်ခံစာတွင် တရုတ်စစ်ဘက်စခန်းများ နယ်စပ်တစ်လျောက် မြန်ဆန်စွာ တိုးချဲ့နေမှုက တရုတ်နိုင်ငံ ၏ရည်ရွယ်ချက်ကို ဖော်ပြနေဟု ဆိုသည်။

အိန္ဒိယနိုင်ငံကလည်း စစ်မြေပြင်၌ တရုတ်နိုင်ငံနှင်ယှဉ်နိုင်ရန် လေကြောင်းအင်အား၊ မြေပြင်အခြေပြု လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်တပ်ဖွဲ့များကို အဆင့်မြှင့်တင်နေဟု အစီရင်ခံစာက ဆိုသည်။

–အိန္ဒိယ–
တူဒေး
Ref; China built near 13 new military positions, including 3 air bases, near LAC since Doklam


Share this post