• Follow Us on

Home ျမစ္ႀကီးနားဘူတာတြင္ ကိုယ္အပူခ်ိန္ျမင့္ေနသူတစ္ဦးေတြ႕ရွိ၍ေဆး႐ုံသို႔ပို႔ေဆာင္ထား

ျမစ္ႀကီးနားဘူတာတြင္ ကိုယ္အပူခ်ိန္ျမင့္ေနသူတစ္ဦးေတြ႕ရွိ၍ေဆး႐ုံသို႔ပို႔ေဆာင္ထား

Share this post

ျမစ္ႀကီးနား ျသဂုတ္ ၂၈

ျမစ္ႀကီးနားဘူတာတြင္ ျသဂုတ္လ၂၈ရက္ညေန၄နာရီေက်ာ္ခန္႔ကကိုယ္အပူခ်ိန္ျမင့္ေနသူတစ္ဦးေတြ႕ရွိ၍ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါကိုယ္အပူခ်ိန္ျမင့္မားေနသူမွာ ျမစ္ဆုံအထက္ဘက္ ေရႊေမွာ္တြင္ေနထိုင္သူျဖစ္ၿပီး ၎၏ေနရပ္ ပဲခူးတိုင္း၊ေညာင္ေလးပင္ၿမိဳ႕
သို႔ျပန္ရန္ ရထားလာစီးျခင္းျဖစ္ေၾကာင္းျမစ္ႀကီးနားဘူတာ႐ုံပိုင္ခ်ဳပ္ဦးခင္ေသာ္ကေျပာသည္။

”ရထားစီးမယ့္ခရီးသည္ေတြကို ကိုယ္အပူခ်ိန္တိုင္းပါတယ္ အခုခရီးသည္ကကိုယ္အပူခ်ိန္ျမင့္ေနၿပီး
အပူခ်ိန္ ၁၀၁ဒသမ၃ဒီဂရီဖာရင္ဟိုက္ရွိတဲ့အတြက္ ရထားေပၚတက္ခြင့္မေပးဘဲ သက္ဆိုင္ရာအဖြဲ႕ကိုအေၾကာင္းၾကားၿပီး ေဆး႐ုံကိုပို႔ေပးထားပါတယ္”ဟု ၎ကေျပာသည္။

ျမစ္ႀကီးနားဘူတာတြင္ ယခုႏွစ္ဧၿပီလမွစ၍ဘူတာအတြင္း အေပါက္တစ္ေပါက္သာထားၿပီး ယင္းအေပါက္မွခရီးသည္အဝင္အထြက္ကို စီစစ္၍ ႏွာေခါင္းစည္းမပါလွ်င္အဝင္မခံျခင္း၊ကိုယ္အပူခ်ိန္တိုင္းျခင္း ခရီးသည္တစ္ဦးႏွင့္တစ္ဦးခုံျခား၍ထိုင္ေစျခင္း၊ဘူတာအတြင္း ပိုးသတ္ေဆးျဖန္းျခင္းတို႔ကို လုပ္ေဆာင္ေနသည္။

မီးမီး

(unicode)
မြစ်ကြီးနားဘူတာတွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦးတွေ့ရှိ၍ဆေးရုံသို့ပို့ဆောင်ထား
………………………………………………………………………

မြစ်ကြီးနား သြဂုတ် ၂၈

မြစ်ကြီးနားဘူတာတွင် သြဂုတ်လ၂၈ရက်ညနေ၄နာရီကျော်ခန့်ကကိုယ်အပူချိန်မြင့်နေသူတစ်ဦးတွေ့ရှိ၍ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုယ်အပူချိန်မြင့်မားနေသူမှာ မြစ်ဆုံအထက်ဘက် ရွှေမှော်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏နေရပ် ပဲခူးတိုင်း၊ညောင်လေးပင်မြို့
သို့ပြန်ရန် ရထားလာစီးခြင်းဖြစ်ကြောင်းမြစ်ကြီးနားဘူတာရုံပိုင်ချုပ်ဦးခင်သော်ကပြောသည်။

”ရထားစီးမယ့်ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းပါတယ် အခုခရီးသည်ကကိုယ်အပူချိန်မြင့်နေပြီး
အပူချိန် ၁၀၁ဒသမ၃ဒီဂရီဖာရင်ဟိုက်ရှိတဲ့အတွက် ရထားပေါ်တက်ခွင့်မပေးဘဲ သက်ဆိုင်ရာအဖွဲ့ကိုအကြောင်းကြားပြီး ဆေးရုံကိုပို့ပေးထားပါတယ်”ဟု ၎င်းကပြောသည်။

မြစ်ကြီးနားဘူတာတွင် ယခုနှစ်ဧပြီလမှစ၍ဘူတာအတွင်း အပေါက်တစ်ပေါက်သာထားပြီး ယင်းအပေါက်မှခရီးသည်အဝင်အထွက်ကို စီစစ်၍ နှာခေါင်းစည်းမပါလျှင်အဝင်မခံခြင်း၊ကိုယ်အပူချိန်တိုင်းခြင်း ခရီးသည်တစ်ဦးနှင့်တစ်ဦးခုံခြား၍ထိုင်စေခြင်း၊ဘူတာအတွင်း ပိုးသတ်ဆေးဖြန်းခြင်းတို့ကို လုပ်ဆောင်နေသည်။

မီးမီး


Share this post