• Follow Us on

Home တ႐ုတ္တြင္ ေရေလွာင္ကန္အတြင္း ဘတ္စ္ကားထိုးက်ၿပီး လူ ၂၁ ေယာက္ေသဆံုး

တ႐ုတ္တြင္ ေရေလွာင္ကန္အတြင္း ဘတ္စ္ကားထိုးက်ၿပီး လူ ၂၁ ေယာက္ေသဆံုး

Share this post

ေဘက်င္း၊ ဇူလိုင္ ၈

တ႐ုတ္ႏိုင္ငံမွ ေရေလွာင္ကန္တစ္ကန္အတြင္း ဘတ္စ္ကားထိုးက်ခဲ့ၿပီးေနာက္ အနည္းဆံုးလူ ၂၁ ေယာက္ ေသဆံုးၿပီး ၁၅ ေယာက္ဒဏ္ရာရခဲ့သည္။

အဂၤါေန႔က ေကြက်ိဳးျပည္နယ္၊ အန္႐ွန္ၿမိဳ႕မွ တံတားတစ္စင္းေပၚျဖတ္သြာသည့္ ဘတ္စ္ကားတစ္စီး လမ္းအတား အဆီးမ်ားကိုတိုက္ၿပီး ေရထဲသို႔ထိုးက်သြားျခင္းျဖစ္သည္။

ကားေပၚတြင္ ေဂါင္ေကာင္တကၠသိုလ္၀င္ခြင့္စာေမးပြဲေျဖဆိုမည့္ေက်ာင္းသားမ်ားလည္းပါ၀င္ေနသည္ဟု တ႐ုတ္အစိုးရမီဒီယာမ်ားတြင္ေဖာ္ျပသည္။

မည္သည့္အေၾကာင္းရင္းေၾကာင့္ ထိုးက်သြားျခင္းကို မသိရေသးဘဲ စံုစမ္းေဖာ္ထုတ္ေနသည္။

ယခုျဖစ္ရပ္ေၾကာင့္ ၁၉၉၇ ခုႏွစ္မွစတင္ၿပီး ထိုလမ္းေၾကာင္းတြင္ေမာင္းႏွင္ေနသည့္ယာဥ္ေမာင္းလည္း ေသဆံုးခဲ့ သည္။

အခင္းျဖစ္ပြားခ်ိန္တြင္ လူမည္မွ်လိုက္ပါလာေၾကာင္းႏွင့္ ေက်ာင္းသားမည္မွ်ပါ၀င္ေၾကာင္းလည္း မ႐ွင္းလင္း ေသးေခ်။

အဂၤါေန႔ညေနပိုင္းတြင္ ေရထဲမွကားကို ဆယ္တင္ႏိုင္ခဲ့သည္။ ေရငုပ္သမား ၁၉ ေယာက္အပါအ၀င္ မီးသတ္၀န္ ထမ္း ၁၄၁ ေယာက္က ႐ွာေဖြကယ္ဆယ္ေရးလုပ္ေနေၾကာင္း ေကြက်ိဳးမီးသတ္ဌာနကWeibo စာမ်က္ႏွာတြင္ အဂၤါေန႔ညပိုင္းတြင္ ေၾကညာသည္။

Ref : China: Bus plunges into reservoir, killing 21

#PeopleMedia

(unicode)
တရုတ်တွင် ရေလှောင်ကန်အတွင်း ဘတ်စ်ကားထိုးကျပြီး လူ ၂၁ ယောက်သေဆုံး
……………………………………………………

ဘေကျင်း၊ ဇူလိုင် ၈

တရုတ်နိုင်ငံမှ ရေလှောင်ကန်တစ်ကန်အတွင်း ဘတ်စ်ကားထိုးကျခဲ့ပြီးနောက် အနည်းဆုံးလူ ၂၁ ယောက် သေဆုံးပြီး ၁၅ ယောက်ဒဏ်ရာရခဲ့သည်။

အင်္ဂါနေ့က ကွေကျိုးပြည်နယ်၊ အန်ရှန်မြို့မှ တံတားတစ်စင်းပေါ်ဖြတ်သွာသည့် ဘတ်စ်ကားတစ်စီး လမ်းအတား အဆီးများကိုတိုက်ပြီး ရေထဲသို့ထိုးကျသွားခြင်းဖြစ်သည်။

ကားပေါ်တွင် ဂေါင်ကောင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်ကျောင်းသားများလည်းပါဝင်နေသည်ဟု တရုတ်အစိုးရမီဒီယာများတွင်ဖော်ပြသည်။

မည်သည့်အကြောင်းရင်းကြောင့် ထိုးကျသွားခြင်းကို မသိရသေးဘဲ စုံစမ်းဖော်ထုတ်နေသည်။

ယခုဖြစ်ရပ်ကြောင့် ၁၉၉၇ ခုနှစ်မှစတင်ပြီး ထိုလမ်းကြောင်းတွင်မောင်းနှင်နေသည့်ယာဉ်မောင်းလည်း သေဆုံးခဲ့ သည်။

အခင်းဖြစ်ပွားချိန်တွင် လူမည်မျှလိုက်ပါလာကြောင်းနှင့် ကျောင်းသားမည်မျှပါဝင်ကြောင်းလည်း မရှင်းလင်း သေးချေ။

အင်္ဂါနေ့ညနေပိုင်းတွင် ရေထဲမှကားကို ဆယ်တင်နိုင်ခဲ့သည်။ ရေငုပ်သမား ၁၉ ယောက်အပါအဝင် မီးသတ်ဝန် ထမ်း ၁၄၁ ယောက်က ရှာဖွေကယ်ဆယ်ရေးလုပ်နေကြောင်း ကွေကျိုးမီးသတ်ဌာနကWeibo စာမျက်နှာတွင် အင်္ဂါနေ့ညပိုင်းတွင် ကြေညာသည်။

Ref : China: Bus plunges into reservoir, killing 21

#PeopleMedia


Share this post