• Follow Us on

Home ေလကေနကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏိုင္ေၾကာင္းအေထာက္အထားမ်ားကို W.H.O အသိအမွတ္ျပဳ

ေလကေနကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏိုင္ေၾကာင္းအေထာက္အထားမ်ားကို W.H.O အသိအမွတ္ျပဳ

Share this post

ဂ်ီနီဗာ၊ ဇူလိုင္ ၈

ကို႐ိုနာဗိုင္းရပ္စ္ကို ေလကတစ္ဆင့္သယ္ေဆာင္ေပးေၾကာင္း သက္ေသမ်ားထြက္ေပၚေနသည္ကို ကမာၻ႔က်န္း မာေရးအဖြဲ႔(W.H.O)က အဂၤါေန႔တြင္ အသိအမွတ္ျပဳသည္။

လူမ်ားအၾကား COVID-19 အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါမည္သို႔ပ်ံ႔ႏွံ႔ေၾကာင္းလမ္းၫႊန္ခ်က္မ်ားကို အဆင့္ႁမွင့္တင္ေျပာင္းလဲရန္ သိပၸံပညာ႐ွင္တစ္စုက တိုက္တြန္းၿပီးေနာက္ W.H.O က ယခုကဲ့သို႔အသိအမွတ္ျပဳ ျခင္းျဖစ္သည္။

“ေလကေနတစ္ဆင့္ကူးစက္ပ်ံ႕ႏွံ႔တာနဲ႔ ေလထဲကအစက္ငယ္ေတြကေနတစ္ဆင့္ကူးစက္ပ်ံ႕ႏွံ႔မႈေတြကို COVID-19 ကူးစက္ႏိုင္တဲ့လမ္းေၾကာင္းတစ္ခုအေနနဲ႔ ကၽြန္မတို႔ေျပာၿပီးပါၿပီ” ဟု W.H.O ၏ COVID-19 ကမာၻ႔ကပ္ေရာ ဂါဆိုင္ရာနည္းပညာအဖြဲ႔ေခါင္းေဆာင္မာရီယာ ဗန္ကာ့ခိုဗ္ကသတင္းစာ႐ွင္းလင္းပြဲတြင္ေျပာသည္။

COVID-19 ေရာဂါရွိသူတစ္ေယာက္ ႏွာေခ်၊ ေခ်ာင္းဆို၊ စကားေျပာခ်ိန္တြင္ ႏွာေခါင္း သို႔ ပါးစပ္မွထြက္ၿပီး ေျမျပင္ေပၚတြင္မၾကာခင္နစ္ျမဳပ္သြားသည့္အစက္ငယ္မ်ားမွ ေနာက္ထပ္လူတစ္ေယာက္ကို ေရာဂါျဖစ္ေစ သည့္ SARS-CoV-2 ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကူးစက္ေၾကာင္း WHOကေျပာထားသည္။

သို႔ေသာ္ Clinical Infectious Diseases ဂ်ာနယ္တြင္ တနလၤါေန႔ကထုတ္ေဝခဲ့သည့္ ႏိုင္ငံ ၃၂ ႏိုင္ငံမွ သိပၸံ ပညာရွင္ ၂၃၉ ေယာက္၏ ေတြ႕ရွိခ်က္အရ ေလထဲလြင့္ေမ်ာေနသည့္ ဗိုင္းရပ္စ္ပါဝင္သည့္အမႈန္ငယ္မ်ားကို ရႉမိသူမ်ားလည္း ဗိုင္းရပ္စ္ကူးစက္ႏိုင္ေၾကာင္းသိရသည္။

ထိုအမႈန္ငယ္မ်ားေလထဲတြင္ၾကာၾကာေနႏိုင္သျဖင့္ လမ္းၫႊန္ခ်က္မ်ားကို အဆင့္ျမႇင့္တင္ေျပာင္းလဲရန္ သိပၸံ ပညာရွင္မ်ားကတိုက္တြန္းေနျခင္းျဖစ္သည္။ ေခ်ာင္းဆိုးႏွာေခ်ရာမွထြက္သည့္အစက္မ်ားေၾကာင့္ႏွင့္ ေလထဲမွ တစ္ဆင့္ကူးစက္ျခင္းတို႔ မည္မွ်ပ်ံႏွ႔ံႏိုင္ေၾကာင္းမရွင္းလင္းေသးေပ။

W.H.O ၏ လမ္းၫႊန္ခ်က္မ်ားေျပာင္းလဲသြားပါက လက္ရွိတြင္ အစိုးရမ်ားက်င့္သုံးေနသည့္ လူခ်င္း ၃ ေပခြာရ မည့္အႀကံဥာဏ္ကို သက္ေရာက္မႈရွိႏိုင္သည္။

လမ္းၫႊန္ခ်က္မူဝါဒမ်ားအတြက္ W.H.Oကိုမွီခိုေနရသည့္အစိုးရမ်ားကလည္း ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ရန္ရည္ ႐ြယ္ထားသည့္ ျပည္သူ႔က်န္းမာေရးအစီအမံမ်ားကို ခ်ိန္ညႇိရႏိုင္သည္။

Ref : WHO acknowledges ‘evidence emerging’ of airborne spread of COVID-19

#PeopleMedia

(unicode)
လေကနေကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်းအထောက်အထားများကို W.H.O အသိအမှတ်ပြု
………………………………………………………

ဂျီနီဗာ၊ ဇူလိုင် ၈

ကိုရိုနာဗိုင်းရပ်စ်ကို လေကတစ်ဆင့်သယ်ဆောင်ပေးကြောင်း သက်သေများထွက်ပေါ်နေသည်ကို ကမ္ဘာ့ကျန်း မာရေးအဖွဲ့(W.H.O)က အင်္ဂါနေ့တွင် အသိအမှတ်ပြုသည်။

လူများအကြား COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမည်သို့ပျံ့နှံ့ကြောင်းလမ်းညွှန်ချက်များကို အဆင့်မြှင့်တင်ပြောင်းလဲရန် သိပ္ပံပညာရှင်တစ်စုက တိုက်တွန်းပြီးနောက် W.H.O က ယခုကဲ့သို့အသိအမှတ်ပြု ခြင်းဖြစ်သည်။

“လေကနေတစ်ဆင့်ကူးစက်ပျံ့နှံ့တာနဲ့ လေထဲကအစက်ငယ်တွေကနေတစ်ဆင့်ကူးစက်ပျံ့နှံ့မှုတွေကို COVID-19 ကူးစက်နိုင်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့ ကျွန်မတို့ပြောပြီးပါပြီ” ဟု W.H.O ၏ COVID-19 ကမ္ဘာ့ကပ်ရော ဂါဆိုင်ရာနည်းပညာအဖွဲ့ခေါင်းဆောင်မာရီယာ ဗန်ကာ့ခိုဗ်ကသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

COVID-19 ရောဂါရှိသူတစ်ယောက် နှာချေ၊ ချောင်းဆို၊ စကားပြောချိန်တွင် နှာခေါင်း သို့ ပါးစပ်မှထွက်ပြီး မြေပြင်ပေါ်တွင်မကြာခင်နစ်မြုပ်သွားသည့်အစက်ငယ်များမှ နောက်ထပ်လူတစ်ယောက်ကို ရောဂါဖြစ်စေ သည့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ကြောင်း WHOကပြောထားသည်။

သို့သော် Clinical Infectious Diseases ဂျာနယ်တွင် တနင်္လါနေ့ကထုတ်ဝေခဲ့သည့် နိုင်ငံ ၃၂ နိုင်ငံမှ သိပ္ပံ ပညာရှင် ၂၃၉ ယောက်၏ တွေ့ရှိချက်အရ လေထဲလွင့်မျောနေသည့် ဗိုင်းရပ်စ်ပါဝင်သည့်အမှုန်ငယ်များကို ရှူမိသူများလည်း ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်းသိရသည်။

ထိုအမှုန်ငယ်များလေထဲတွင်ကြာကြာနေနိုင်သဖြင့် လမ်းညွှန်ချက်များကို အဆင့်မြှင့်တင်ပြောင်းလဲရန် သိပ္ပံ ပညာရှင်များကတိုက်တွန်းနေခြင်းဖြစ်သည်။ ချောင်းဆိုးနှာချေရာမှထွက်သည့်အစက်များကြောင့်နှင့် လေထဲမှ တစ်ဆင့်ကူးစက်ခြင်းတို့ မည်မျှပျံနှံ့နိုင်ကြောင်းမရှင်းလင်းသေးပေ။

W.H.O ၏ လမ်းညွှန်ချက်များပြောင်းလဲသွားပါက လက်ရှိတွင် အစိုးရများကျင့်သုံးနေသည့် လူချင်း ၃ ပေခွာရ မည့်အကြံဥာဏ်ကို သက်ရောက်မှုရှိနိုင်သည်။

လမ်းညွှန်ချက်မူဝါဒများအတွက် W.H.Oကိုမှီခိုနေရသည့်အစိုးရများကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်ရည် ရွယ်ထားသည့် ပြည်သူ့ကျန်းမာရေးအစီအမံများကို ချိန်ညှိရနိုင်သည်။

Ref : WHO acknowledges ‘evidence emerging’ of airborne spread of COVID-19

#PeopleMedia


Share this post