• Follow Us on

Home တရုတ်နိုင်ငံအရှေ့ပိုင်း တီယန်ကျင်းမြို့၌ ရေခဲမုန့်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း တီယန်ကျင်းမြို့၌ ရေခဲမုန့်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

တရုတ်နိုင်ငံအရှေ့ပိုင်း တီယန်ကျင်းမြို့ရှိ ကုမ္ပဏီတစ်ခုမှထုတ်လုပ်သော ရေခဲမုန့်များအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရာ ထုတ်လုပ်ခဲ့သော ရေခဲ့မုန့်ဘူးများ ပြန်သိမ်းခဲ့ရကြောင်း ဒေသန္တရအစိုးရအဖွဲ့က ပြော သည်။

ပေကျင်းမြို့နှင့်ကပ်လျက်တည်ရှိသော တီယန်ကျင်းမြို့ရှိ Daqiaodao Food Co Ltd ကို ချိတ်ပိတ်ခဲ့ပြီး ဝန်ထမ်းများကို ဗိုင်းရပ်စ်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း မြို့တော်အစိုးရ၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိအချိန်ထိ ရေခဲမုန့်မှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုသော လူပုဂ္ဂိုလ်မရှိသေးကြောင်း ဒေသန္တရအစိုးရအဖွဲ့က ပြောသည်။

ကုမ္ပဏီထုတ် ရေခဲမုန့်ဘူး ၂၉၀၀၀ ကို ဈေးကွက်အတွင်း မရောင်းချရသေးဘဲ ရောင်းချပြီးသော ရေခဲ မုန့်ဘူး ၃၉၀ ကို ဈေးကွက်အတွင်းမှ ပြန်ရုတ်သိမ်းရန် ခြေရာခံမှုလုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြော သည်။

ရေခဲမုန့်တွင်ပါဝင်သည့် နို့မှုန့်ကဲ့သို့သော ပစ္စည်းအမယ်များကို နယူးဇီလန်နှင့် ယူကရိန်းနိုင်ငံမှ တင်သွင်း ခဲ့ကြောင်း ဒေသန္တရအစိုးရအဖွဲ့က ဆိုသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်က ပြည်ပမှတင်သွင်းလာသည့် ငါး၊ အစားအစားများမှတစ်ဆင့် စတင်ဖြစ်ပွားခဲ့သည်ဟု တရုတ်အစိုးရက ပြောကြားခဲ့ သည်။

Ref; Chinese city reports coronavirus found on ice cream

(unicode)
………………………………………………….








Ref; Chinese city reports coronavirus found on ice cream


Share this post