• Follow Us on

Home ဒိုက်ဦးမြို့၌ ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ ၇ကောင်၊ ဆိုင်ကယ် ၂၆ စီးအပါအဝင် လူ ၂ဦး ဖမ်းဆီးနိုင်

ဒိုက်ဦးမြို့၌ ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ ၇ကောင်၊ ဆိုင်ကယ် ၂၆ စီးအပါအဝင် လူ ၂ဦး ဖမ်းဆီးနိုင်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၇ (People Media)
 
ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်၊ပျဉ်းမလွင်ကျေးရွာနှင့် အမရ ကျေးရွာသို့သွားသည့် လမ်းမဘေး၌ ပြု့လုပ်နေသည့် ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ ၇ကောင်၊ဆိုင်ကယ် ၂၆စီးအပါအဝင် လူ ၂ဦး ဖမ်းဆီးနိုင်ခဲ့သည်။
 
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ရက် ညနေ ၃နာရီ အချိန်ခန့်၌ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာနှင့် အမရ ကျေးရွာသို့သွားသည့် လမ်းမဘေး၊ တောင်ဘက် လယ်ကွင်း အတွင်းရှိ လူမနေသည့် တဲအိမ်အနီး ကုက္ကိုလ်ပင်အောက်တွင် ကြက်တိုက်လောင်းကစားဝိုင်း ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
 
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ဦးစိုးလွင် နှင့် ဦးစိုးနိုင် တို့(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး လူ(၃၀)ဦးခန့် ကြက်တိုက် လောင်းကစားဝိုင်းအတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ၊ တိုက်ကြက်ဖ (၇) ကောင်၊ ဆိုင်ကယ်မျိုးစုံ (၂၆)စီးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
#PeopleMedia #ကြက်ဝိုင်း
 
(unicode)
……………………………………

Share this post