• Follow Us on

Home တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံအတွက် ဒုတိယမြောက် အဆင့်မြင့်ဖရီးဂိတ်သင်္ဘော လွှဲပြောင်းပေး

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံအတွက် ဒုတိယမြောက် အဆင့်မြင့်ဖရီးဂိတ်သင်္ဘော လွှဲပြောင်းပေး

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

ပါကစ္စတန်ရေတပ်ကို အဆင့်မြှင့်တင်တဲ့အနေနဲ့ တရုတ်နိုင်ငံက ဒုတိယမြောက် Type 054A/P ဖရီးဂိတ်တစ်စီး ကို ပါကစ္စတန်ရေတပ်ကို လွှဲပြောင်းပေးလိုက်ပါတယ်။

 

ပီအန်အက်စ်ထိုင်မာ (PNS Taimur) လို့ နာမည်ပေးထားတဲ့ အဲဒီဖရီးဂိတ်စစ်သင်္ဘောမှာ ပင်လယ်ပြင်စောင့် ကြည့်ထောက်လှမ်းရေးတာဝန်နဲ့ တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်ရာမှာ အထောက်အကူဖြစ်ဖို့အတွက် ခေတ်မီလက်နက်တွေနဲ့ ဆင်ဆာတွေ တပ်ဆင်ထားပါတယ်။

 

ဒီဖရီးဂိတ်သင်္ဘောမှာ ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်ဖို့အတွက် နောက်ဆုံးပေါ်တိုက်ခိုက်ရေးစီမံခန့်ခွဲမှုစနစ်နဲ့ အီ လက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကိုလည်း တပ်ဆင်ထားတယ်လို့ဆိုပါတယ်။

 

ပါကစ္စတန်နိုင်ငံရဲ့ ပင်လယ်ပြင်လုံခြုံရေးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ပါကစ္စတန်ရေတပ်အတွက် ဒီဖရီးဂိတ်စစ်သင်္ဘောကအထောက်အကူပြုနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

 

ဒီနှစ်အစောပိုင်းက ပီအန်အက်စ်တူဂယ် (PNS Tughril) လို့ နာမည်ပေးထားတဲ့ တရုတ်နိုင်ငံထုတ် ဘက်စုံသုံး ဖရီးဂိတ်လေးစီးထဲက ပထမဦးဆုံးသင်္ဘောကို ပါကစ္စတန်နိုင်ငံက လက်ခံရရှိခဲ့ပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းကာလက တရုတ်ကုမ္ပဏီထုတ် စစ်သင်္ဘောတချို့မှာ စက်မှုဆိုင်ရာပြဿနာကြီးကြီး မားမားတွေနဲ့ ပါကစ္စတန်ရေတပ်က ရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံထုတ် ဖရီးဂိတ်သင်္ဘောတွေဟာ သင်္ဘောပေါ်မှာတပ်ဆင်ထားတဲ့ ဒုံးကျည်စနစ်တွေက ချွတ်ယွင်း ချက်တွေရှိနေတဲ့အတွက် ပစ်မှတ်ကိုပစ်ခတ်ရာမှာ ထိရောက်မှုမရှိဘူးလို့ ပထဝီနိုင်ငံရေးလေ့လာတဲ့အဖွဲ့တစ်ဖွဲ့ က လတ်တလောကာလမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

အဲဒီဖရီးဂိတ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့အင်ဂျင်တွေမှာလည်း အပြစ်အနာအဆာတွေတွေ့ရှိရပြီး စစ်ဆင် ရေးဆောင်ရွက်ရာမှာ အနှောင့်အယှက်အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

 

Ref: China Delivers Advanced Frigate to Pakistan Navy

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 

Ref: China Delivers Advanced Frigate to Pakistan Navy

 

#PeopleMedia


Share this post