• Follow Us on

Home တရုတ်နိုင်ငံထုတ် အမြင့်-တာဝေးပျံ တိုက်ခိုက်ရေးဒရုန်းအသစ် WZ-7 စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေ 

တရုတ်နိုင်ငံထုတ် အမြင့်-တာဝေးပျံ တိုက်ခိုက်ရေးဒရုန်းအသစ် WZ-7 စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေ 

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃ (People Media)

 

ကျည်စစ်ကျည်မှန်များဖြင့် လေ့ကျင့်ပစ်ခတ်မည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ က Soar Dragon ဟု အမည်ပြောင်ပေးထားသော တရုတ်နိုင်ငံလုပ် WZ-7 High-Altitude Long Endurance (HALE) ဒရုန်းလေယာဉ်ကို ပထမဦးဆုံးအကြိမ် တပ်ဖြန့်ချထားခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။

 

လေယာဉ်အမျိုးအစားပေါင်းစုံပါဝင်သည့် လတ်တလောကာလပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုတွင် အမြင့်ပျံ- တာဝေးပျံသန်းနိုင်သည့် စွမ်းရည်အားသာချက်များနှင့်အတူ WZ-7 ဒရုန်းလေယာဉ်သည် စစ်မြေပြင်အခြေအနေ ပေါ်မူတည်ပြီး ရန်သူ့ပစ်မှတ်များကို အလျင်အမြန်ခြေရာခံနိုင်စွမ်းရှိသည့်အပြင် တိုက်ခိုက်ရေးလေယာဉ်များ ရန် သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ရန် လိုအပ်သောသတင်းအချက်အလက်များကို စစ်ဌာန ချုပ်သို့ပေးပို့နိုင်စွမ်းရှိသည်။

 

တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်လေတပ်သည် စနစ်ကျသောတိုက်ခိုက်ရေးစွမ်းရည်များမြှင့်တင်ရန် အတွက် ခေတ်မီတိုက်ခိုက်ရေးနည်းလမ်းသစ်များကိုအသုံးပြုရာတွင် သိသာထင်ရှားသောတိုးတက်မှုများရရှိ လာပြီဖြစ်ကြောင်း မောင်းသူမဲ့တိုက်ခိုက်ရေးစစ်လက်နက်သစ်တစ်ခုအနေဖြင့် တရုတ်လက်နက်ကိုင် တပ်ဖွဲ့များ ၏ တိုက်ခိုက်ရေး လေ့ကျင့်ခန်းစနစ်များနှင့်ပေါင်းစပ်ဖွဲ့စည်းထားသည့် WZ-7 ဒရုန်းလေယာဉ်က သရုပ်ဖော်ပြ သခဲ့ခြင်းဖြစ်သည်။

 

WZ-7 HALE ဒရုန်းလေယာဉ်ကို ၂၀၂၁ ခုနှစ် ဂျူဟိုင်းလေကြောင်းပြပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် အများ ပြည်သူရှေ့တွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဒရုန်းလေယာဉ်ကို ချန်ဒူးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းအုပ်စုက ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဂွေးဂျောင်း လေယာဉ်ထုတ်လုပ်ရေးကော်ပိုးရေးရှင်းက တည်ဆောက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

တောင်ပံနှစ်ထပ်တပ်ဆင်ထားသော အဆိုပါဒရုန်းလေယာဉ်တွင် တောင်ပံတစ်စုံမှာ လေယာဉ်ကိုယ်ထည်၏ အ လယ်လောက်တွင်ရှိပြီး နောက်ထပ်တောင်ပံတစ်စုံမှာ အမြီးပိုင်းတွင်တပ်ဆင်ထားသည်။

 

WZ-7 ဒရုန်းကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့များက ကင်းထောက်လေယာဉ်အဖြစ် အသုံးပြုရန်ရည်ရွယ်ထား သော်လည်း သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ရေးအတွက် စစ်သင်္ဘောများတွင် အာရုံခံကိရိယာများတပ်ဆင်၍ အသုံးပြုနိုင်ကြောင်းလည်း တရုတ်စစ်ဘက်သတင်းရင်းမြစ် များကပြောသည်။ အဆိုပါဒရုန်းသည် DF-21D ကဲ့သို့ ပဲ့ထိန်းဒုံးပစ်စင်များကိုလည်း သတင်းအချက်အလက် များထောက်ပံ့ပေးပို့နိုင်ကြောင်းသိရသည်။

 

Ref: New largest Chinese-made HALE combat drone WZ-7 Soar Dragon enters into service

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 

Ref: New largest Chinese-made HALE combat drone WZ-7 Soar Dragon enters into service

 

#PeopleMedia


Share this post