• Follow Us on

Home တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်လောက်တွင် ထိုင်ဝမ်အား အင်အားအလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်လာနိုင် ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်လောက်တွင် ထိုင်ဝမ်အား အင်အားအလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်လာနိုင် ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၇ (People Media)

 

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်လောက်တွင် ထိုင်ဝမ်နိုင်ငံအား အင်အားအလုံးအရင်းနှင့် ကျူးကျော်တိုက်ခိုက် လာရန် စီစဉ်နိုင်သည့်စွမ်းရည်ရှိကြောင်း တရုတ်စစ်လေယာဉ်အများအပြား ထိုင်ဝမ်လေကြောင်းရန်ကာကွယ် ရေးဇုံအတွင်းဝင်ရောက်လာပြီးနောက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၆ ရက်နေ့ကပြောကြား  လိုက်သည်။

 

“ထိုင်ဝမ်နိုင်ငံကို ထိုးစစ်ဆင်လာမယ့်အရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ စွမ်းရည်အပြည့်ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ တန်ဖိုးတွေပေးဆပ်ရလိမ့်မယ်။” ဟု ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီး ချီးကုဝိုချန်က ထိုင်ဝမ်ဂျာနယ်လစ်များကို ဗုဒ္ဓဟူးနေ့ကပြောသည်။

 

အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံက ဂျက်တိုက်လေယာဉ်များနှင့် နျူကလီးယားဗုံးကြဲလေယာဉ်များ အပါအဝင် စစ်လေယာဉ် ၁၅၀ စင်း ထိုင်ဝမ်နိုင်ငံတွင်းသို့ စေလွှတ်ခဲ့ပြီနောက် ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီး ချီး ကုဝိုချန်၏ ပြောကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင် ထိုင်ဝမ်ရေလက်ကြားစစ်ရေးတင်းမာမှုကို ၎င်း တပ်မတော်ထဲစတင်ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ အနှစ် ၄၀ ကျော်ကာလအတွင်း အန္တရာယ်အရှိဆုံးတင်းမာမှု အဖြစ် ကာကွယ်ရေးဝန်ကြီး ချီးကုဝိုချန်ကပြောဆိုခဲ့ကြောင်း ထိုင်ဝမ် Central News Agency (CNA) သတင်း ဌာနကဖော်ပြခဲ့သည်။

 

ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက် တရုတ်နိုင်ငံ၏ မစွက်ဖက်ရေးနှင့် တားဆီးပိတ်ဆို့မှု စွမ်းရည်များသည် ၂၀၂၅ ခု နှစ်ဝန်းကျင်လောက်တွင် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းပြောဆိုရင်း အဆိုပါအစည်းအဝေးတွင် ထိုင်ဝမ်တပ်မ တော်က လွှတ်တော်အမတ်များထံ အစီရင်ခံစာတစ်စောင်တင်ပြခဲ့ကြသည်။

 

ထိုင်ဝမ်လွှတ်တော်အမတ်များကလည်း ဒုံးကျည်များ၊ စစ်သင်္ဘောများအပါအဝင် ပြည်တွင်းထုတ်လက်နက်များ အတွက် အထူးကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၈.၆ ဘီလျံကို ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့သည်။

 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်လေယာဉ်များထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်း ကျူး ကျော်ဝင်ရောက်လာကြောင်းပြောဆိုနေချိန်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက နေ့စွဲတပ်မထားသော တရုတ် J-16 ဂျက်တိုက်လေယာဉ်ပုံကို ထုတ်ဖော်ပြသခဲ့သည်။

 

လွှတ်တော်တွင်းအစည်းအဝေးပြီးဆုံးသွားပြီးနောက် ဂျာနယ်လစ်များနှင့် စကားပြောရာတွင် ထိုင်ဝမ်နိုင်ငံအနေ ဖြင့် တရုတ်နိုင်ငံ၏လေကြောင်းကျူးကျော်မှုကို ပြန်လည်တုံ့ပြန်ရာတွင် ၎င်းတို့အားပြန်လည်တိုက်ခိုက်ရန် မည် သည့်လှုပ်ရှားမှုမျိုးကိုမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီး ချီးကုဝိုချန်ကပြောသည်။

 

“ကျွန်တော်တို့ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါလိမ့်မယ်။ ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ တပ် မတော်က တိုက်ပွဲဝင်ဖို့လိုအပ်လာပြီဆိုရင် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ရှေ့တန်းစစ်မျက်နှာကို ရောက်နေပါလိမ့် မယ်။” ဟု ၎င်းကပြောသည်။

 

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံသည် တရုတ်ပြည်တွင်းစစ်ပွဲအပြီး နှစ်ပေါင်းခုနစ်ဆယ်ကျော်ကြာသည်အထိ သီးခြားစီ အုပ်ချုပ်ခဲ့သော တိုင်းပြည်များဖြစ်သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီး စစ်ရှုံးအမျိုးသားရေးဝါဒီများက တိုင်ပေ သို့ပြေးလာကြပြီး ထိုင်ဝမ်နိုင်ငံကို ထူထောင်ခဲ့ကြုခြင်းဖြစ်သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ဒီမိုကရက် တစ်နိုင်ငံဖြစ်သော ထိုင်ဝမ်ကိုတစ်ကြိမ်မှအုပ်ချုပ်ခဲ့ဖူးခြင်းမရှိသော်လည်း တရုတ်နိုင်ငံက လူဦးရေ ၂၄ သန်းဝန်း ကျင်ရှိသည့်ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားသည်။

 

တရုတ်နိုင်ငံ လိုအပ်လာလျှင် ထိုင်ဝမ်ကို စစ်ရေးအရအရေးယူဆောင်ရွက်မည့်နည်းလမ်းကို ဖယ်ထုတ်ထားခြင်း မရှိကြောင်းပြောဆိုပြီး ထိုင်ဝမ်ရေလက်ကြားတင်းမာမှုအရေးနှင့်ပတ်သက်၍ ထိုင်ဝမ်နှင့် အမေရိကန်တို့ကြားမှ လျှို့ဝှက်သောမရိုးသားမှုများကို ပြစ်တင်ဝေဖန်လျက်ရှိသည်။

 

“အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်တွေရောင်းချပေးခြင်းအားဖြင့် အပျက်သဘောဆောင်တဲ့ လှုပ်ရှားမှုတွေ ကိုလုပ်နေပါတယ်။ ထိုင်ဝမ်နိုင်ငံကို ဒေါ်လာ သန်း ၇၅၀ တန် လက်နက်ရောင်းချပေးရေးအပါအဝင် ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေးရော စစ်ဖက်ဆက်ဆံရေးရော လုပ်နေတာတွေ့မြင်နေရတယ်။ အမေရိကန်လေယာဉ် တွေ ထိုင်ဝမ်မှာ ဆင်းသက်ခွင့်ပေးဖို့ရော အမေရိကန်သင်္ဘောတွေကို ထိုင်ဝမ်ရေလက်ကြားမှာ ခုတ်မောင်း သွားလာခွင့်ပေးဖို့ရော မြှင့်တင်အားပေးနေတာတွေ့ရတယ်။” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟူချောင်ယင်က အောက်တိုဘာလ ၄ ရက်နေ့ကပြောသည်။

 

Ref: China could be ready to mount a ‘full-scale’ invasion of Taiwan by 2025, island’s defense minister says

 

#PeopleMedia

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: China could be ready to mount a ‘full-scale’ invasion of Taiwan by 2025, island’s defense minister says

 

#PeopleMedia


Share this post