• Follow Us on

Home မိတ္ထီလာမြို့၌ စိတ်ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးသည် ဖခင်အပါအဝင် မိသားစုဝင် ၃ ဦးကို ဓားဖြင့်ခုတ်

မိတ္ထီလာမြို့၌ စိတ်ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးသည် ဖခင်အပါအဝင် မိသားစုဝင် ၃ ဦးကို ဓားဖြင့်ခုတ်

Share this post

မန္တလေး၊ အောက်တိုဘာ ၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာတောင် ၇ လမ်း၌ နေထိုင်သည့် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသားတစ်ဦးသည် မနေ့က ဖခင်အပါအဝင် မိသားစုဝင် ၃ ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း အိမ်နီးနားချင်း ဒေသခံတစ်ဦးမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ညနေပိုင်းက အဆိုပါ အမျိုးသားသည် စိတ်ရောဂါဖောက်လာပြီးနောက်  အိမ်ရှိ မိသားစုများကို ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရပါတယ်။

 

“သူက စိတ်ဝေဒနာခံစားနေရတာ။ မွေးရာပါမဟုက်ဘူး။ တောင်ကြီးတက္ကသိုလ်တတ်ရင်းနဲ့ စိတ်ဝေဒနာ ခံစား ရတာ။ ခုသူ့အသက်က ၃၀ ကျော်လောက်ရှိပြီ။ မနေ့က စိတ်ဖောက်လားမသိဘူး သူ့အဖေ၊ သူ့အစ်မ၊ သူ့ညီမ တို့ကို ဓားနဲ့ခုတ်တာ၊ အဖေကတော့ လက်နဲ့ခေါင်း။ အစ်မနဲ့ညီမကတော့ ဒေါင်းနဲ့ ပခုံးထိတယ်။ သိပ်အဆိုးကြီး တော့မဟုတ်ဘူး” လို့ အိမ်နီးနာချင်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ အရေးပေါ်ယာဉ် (၃) စီးဖြင့် မိတ္ထီလာ မြို့ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း

 

#PeopleMedia #မိတ္ထီလာမြို့

 

(unicode)


…………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၇ (People Media)

 


 


 


 


 


 

#PeopleMedia #မိတ်ထီလာမွို့


Share this post