• Follow Us on

Home တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း စားေသာက္ဆိုင္ၿပိဳက်မႈတြင္ ငါးဦး ေသဆုံး၊ တစ္ဦး ဒဏ္ရာရ

တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း စားေသာက္ဆိုင္ၿပိဳက်မႈတြင္ ငါးဦး ေသဆုံး၊ တစ္ဦး ဒဏ္ရာရ

Share this post

ႏိုင္ငံတကာ၊ ျသဂုတ္ ၃၀

တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း၌ စားေသာက္ဆိုင္တစ္ဆိုင္ ၿပိဳက်မႈျဖစ္ပြားခဲ့ရာ လူငါးဦးထက္မနည္း ေသဆုံးခဲ့ ၿပီး ကယ္ဆယ္ေရးသမားမ်ားက ဒါဇင္ႏွင့္ခ်ီေသာ အသက္ရွင္က်န္ရစ္သူမ်ားမ်ားကို အပ်က္အစီးမ်ားေအာက္မွ ဆြဲထုတ္ခဲ့သလို ပိတ္မိေနသူဟု ယူဆရသူမ်ားကို ရွာေဖြေနေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ရွန္းဇီးျပည္နယ္ က်န္ဖန္းစီရင္စုရွိ စားေသာက္ဆိုင္အျဖစ္ အသုံးျပဳသည့္ ႏွစ္ထပ္အေဆာက္အအုံတစ္ခု ယေန႔နံနက္ပိုင္းက ၿပိဳက်ခဲ့ေၾကာင္း စီဂ်ီတီအင္န္႐ုပ္သံဌာနက ေဖာ္ျပခဲ့သည္။

“ၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ ခန္႔မွန္းေခ် လူ ၃၇ ဦးခန္႔ အပ်က္အစီးမ်ားေအာက္ ေရာက္ရွိခဲ့ပါတယ္။ လက္ ရွိအခ်ိန္ထိ လူ ၃၃ ဦးကို ကယ္တင္ခဲ့ၿပီးျဖစ္ပါတယ္။ လူငါးဦး ေသဆုံးခဲ့ၿပီး တစ္ဦးကေတာ့ ဒဏ္ရာျပင္းထန္စြာ ရရွိ ခဲ့ပါတယ္” ဟု စီဂ်ီတီအင္န္ သတင္းဌာနက ေဖာ္ျပသည္။

လိေမၼာ္ေရာင္ဝတ္စုံ ဆင္ျမန္းထားသည့္ ကယ္ဆယ္ေရးသမားမ်ားက အပ်က္အစီးမ်ားေအာက္ ရွာေဖြေရး လုပ္ေဆာင္ေနပုံကို စီဂ်ီတီအင္န္႐ုပ္သံဌာန၏ ဝက္ဘ္ဆိုဒ္ေပၚရွိ ဓာတ္ပုံမ်ားက ျပသခဲ့သည္။

ကယ္ဆယ္ေရးတြင္ လူေပါင္း ၇၀၀ ခန္႔ ပါဝင္ခဲ့သည္။ အေဆာက္အအုံၿပိဳက်မႈ ျဖစ္ပြားရသည့္အေၾကာင္း ရင္းကို မသိရေသးေပ။

ကိုးကား – ေအအက္ဖ္ပီ

Ref; At least five dead in China restaurant collapse

(unicode)
တရုတ်နိုင်ငံမြောက်ပိုင်း စားသောက်ဆိုင်ပြိုကျမှုတွင် ငါးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
…………………………………………………………………..

နိုင်ငံတကာ၊ သြဂုတ် ၃၀

တရုတ်နိုင်ငံမြောက်ပိုင်း၌ စားသောက်ဆိုင်တစ်ဆိုင် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးခဲ့ ပြီး ကယ်ဆယ်ရေးသမားများက ဒါဇင်နှင့်ချီသော အသက်ရှင်ကျန်ရစ်သူများများကို အပျက်အစီးများအောက်မှ ဆွဲထုတ်ခဲ့သလို ပိတ်မိနေသူဟု ယူဆရသူများကို ရှာဖွေနေကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ရှန်းဇီးပြည်နယ် ကျန်ဖန်းစီရင်စုရှိ စားသောက်ဆိုင်အဖြစ် အသုံးပြုသည့် နှစ်ထပ်အဆောက်အအုံတစ်ခု ယနေ့နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း စီဂျီတီအင်န်ရုပ်သံဌာနက ဖော်ပြခဲ့သည်။

“ပြိုကျမှုဖြစ်ပွားပြီးနောက် ခန့်မှန်းချေ လူ ၃၇ ဦးခန့် အပျက်အစီးများအောက် ရောက်ရှိခဲ့ပါတယ်။ လက် ရှိအချိန်ထိ လူ ၃၃ ဦးကို ကယ်တင်ခဲ့ပြီးဖြစ်ပါတယ်။ လူငါးဦး သေဆုံးခဲ့ပြီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ပါတယ်” ဟု စီဂျီတီအင်န် သတင်းဌာနက ဖော်ပြသည်။

လိမ္မော်ရောင်ဝတ်စုံ ဆင်မြန်းထားသည့် ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက် ရှာဖွေရေး လုပ်ဆောင်နေပုံကို စီဂျီတီအင်န်ရုပ်သံဌာန၏ ဝက်ဘ်ဆိုဒ်ပေါ်ရှိ ဓာတ်ပုံများက ပြသခဲ့သည်။

ကယ်ဆယ်ရေးတွင် လူပေါင်း ၇၀၀ ခန့် ပါဝင်ခဲ့သည်။ အဆောက်အအုံပြိုကျမှု ဖြစ်ပွားရသည့်အကြောင်း ရင်းကို မသိရသေးပေ။

ကိုးကား – အေအက်ဖ်ပီ

Ref; At least five dead in China restaurant collapse


Share this post