• Follow Us on

Home ဗန္းေမာ္ခ႐ိုင္အတြင္း မဲေပးႏိုင္သည့္တိုက္ပြဲေရွာင္ျပည္သူ ရွစ္ေထာင္ခန္႔ရွိ

ဗန္းေမာ္ခ႐ိုင္အတြင္း မဲေပးႏိုင္သည့္တိုက္ပြဲေရွာင္ျပည္သူ ရွစ္ေထာင္ခန္႔ရွိ

Share this post

ဗန္းေမာ္၊ ျသဂုတ္ ၃၀

ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္တြင္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ၌မဲေပးႏိုင္သည့္ တိုက္ပြဲေရွာင္ ျပည္သူ ၈၀၀၀ခန္႔ရွိေၾကာင္း ဗန္းေမာ္ခ႐ိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ထံမွ သိရသည္။

ဗန္းေမာ္ခ႐ိုင္အတြင္းတြင္ တိုက္ပြဲေရွာင္စခန္းေပါင္း၂၀ ရွိၿပီး ယင္းအနက္ မံစီၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲေရွာင္စခန္း သုံးခုျဖစ္သည့္ မိုင္းေခါင္ IDP Camp၊ မံဝိန္းႀကီး IDP Camp၊ ေကာင္ရာ IDP Campတို႔အတြက္ သီးသန္႔မဲ႐ုံမ်ား ထားရွိေပးသြားမည္ ျဖစ္ေၾကာင္း ဗန္းေမာ္ခ႐ိုင္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ဥကၠ႒ ဦးေက်ာ္သိန္းဦးက ဆိုသည္။

”ဒီဗန္းေမာ္ခ႐ိုင္တစ္ခုလုံး ဆိုရင္ေတာ့ မဲဆႏၵရွင္က ရွစ္ေထာင္ေက်ာ္ရွိပါတယ္။ အဓိကေတာ့ မဲဆႏၵရွင္အင္အားေပၚမူတည္ၿပီးေတာ့။ လိုအပ္လို႔ သီးသန္႔မဲ႐ုံ ေထာင္ထားေပးတာပါ”ဟု ဦးေက်ာ္သိန္းဦးကေျပာသည္။

အဆိုပါ တိုက္ပြဲေရွာင္စခန္း ၃ခုတြင္ အိမ္ေထာင္စုေပါင္း ၁၄၄၆စု ရွိၿပီး လူဦးေရ ၇၂၀၆ ဦးရွိသည့္အနက္မဲဆႏၵရွင္ေပါင္း ၄၉၇၅ဦးရွိ ေၾကာင္း ဗန္းေမာ္ခ႐ိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ သိရသည္။

ဗန္းေမာ္ခ႐ိုင္ အတြင္းမွ က်န္ရွိသည့္ တိုက္ပြဲေရွာင္ ၁၇မွ မဲဆႏၵရွင္မ်ားအေနျဖင့္ နီးစပ္ရာ ေက်းရြာ၊ ရပ္ ကြက္ မဲ႐ုံမ်ားတြင္ မဲေပးရန္စီစဥ္ထားေၾကာင္းကိုလည္း သိရသည္။

ဗန္းေမာ္ခ႐ိုင္အတြင္းရွိၿမိဳ႕နယ္မ်ား ျဖစ္ၾကသည့္ မံစီၿမိဳ႕နယ္၌ တိုက္ပြဲေရွာင္စခန္း ၃ ခု၊ ဗန္းေမာ္ၿမိဳ႕နယ္၌ ၆ ခု မိုးေမာက္ၿမိဳ႕နယ္ ၉ခု၊ ေရႊကူၿမိဳ႕နယ္ ၂ ရွိေၾကာင္း သိရသည္။

၂၀၁၅ ေရြးေကာက္ပြဲ၌လည္းယင္း တိုက္ပြဲေရွာင္စခန္း ၃ခုအတြက္ သီးသန္႔ မဲ႐ုံ ထားရွိေပးခဲ့ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ရွိ တိုက္ပြဲေရွာင္စခန္းေပါင္း (၈၀) ေက်ာ္တြင္ တိုက္ပြဲေရွာင္ လူဦးေရ (၄၀၀၀၀) ေက်ာ္ မွီတင္းေနထိုင္လ်က္ရွိၿပီးယင္းအနက္ လက္ရွိျပဳစုထားသည့္ စာရင္းမ်ားအရ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲေပးႏိုင္မည့္ တိုက္ပြဲေရွာင္ (၂၃၀၀၀)ခန္႔ရွိေၾကာင္း ကခ်င္ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွသိရသည္။

လြမ္းေအာင္(EPN)

#PeopleMedia

(unicode)
ဗန်းမော်ခရိုင်အတွင်း မဲပေးနိုင်သည့်တိုက်ပွဲရှောင်ပြည်သူ ရှစ်ထောင်ခန့်ရှိ
………………………………………………………..

ဗန်းမော်၊ သြဂုတ် ၃၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌မဲပေးနိုင်သည့် တိုက်ပွဲရှောင် ပြည်သူ ၈၀၀၀ခန့်ရှိကြောင်း ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။

ဗန်းမော်ခရိုင်အတွင်းတွင် တိုက်ပွဲရှောင်စခန်းပေါင်း၂၀ ရှိပြီး ယင်းအနက် မံစီမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း သုံးခုဖြစ်သည့် မိုင်းခေါင် IDP Camp၊ မံဝိန်းကြီး IDP Camp၊ ကောင်ရာ IDP Campတို့အတွက် သီးသန့်မဲရုံများ ထားရှိပေးသွားမည် ဖြစ်ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သိန်းဦးက ဆိုသည်။

”ဒီဗန်းမော်ခရိုင်တစ်ခုလုံး ဆိုရင်တော့ မဲဆန္ဒရှင်က ရှစ်ထောင်ကျော်ရှိပါတယ်။ အဓိကတော့ မဲဆန္ဒရှင်အင်အားပေါ်မူတည်ပြီးတော့။ လိုအပ်လို့ သီးသန့်မဲရုံ ထောင်ထားပေးတာပါ”ဟု ဦးကျော်သိန်းဦးကပြောသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်း ၃ခုတွင် အိမ်ထောင်စုပေါင်း ၁၄၄၆စု ရှိပြီး လူဦးရေ ၇၂၀၆ ဦးရှိသည့်အနက်မဲဆန္ဒရှင်ပေါင်း ၄၉၇၅ဦးရှိ ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဗန်းမော်ခရိုင် အတွင်းမှ ကျန်ရှိသည့် တိုက်ပွဲရှောင် ၁၇မှ မဲဆန္ဒရှင်များအနေဖြင့် နီးစပ်ရာ ကျေးရွာ၊ ရပ် ကွက် မဲရုံများတွင် မဲပေးရန်စီစဥ်ထားကြောင်းကိုလည်း သိရသည်။

ဗန်းမော်ခရိုင်အတွင်းရှိမြို့နယ်များ ဖြစ်ကြသည့် မံစီမြို့နယ်၌ တိုက်ပွဲရှောင်စခန်း ၃ ခု၊ ဗန်းမော်မြို့နယ်၌ ၆ ခု မိုးမောက်မြို့နယ် ၉ခု၊ ရွှေကူမြို့နယ် ၂ ရှိကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ၌လည်းယင်း တိုက်ပွဲရှောင်စခန်း ၃ခုအတွက် သီးသန့် မဲရုံ ထားရှိပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းပေါင်း (၈၀) ကျော်တွင် တိုက်ပွဲရှောင် လူဦးရေ (၄၀၀၀၀) ကျော် မှီတင်းနေထိုင်လျက်ရှိပြီးယင်းအနက် လက်ရှိပြုစုထားသည့် စာရင်းများအရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် တိုက်ပွဲရှောင် (၂၃၀၀၀)ခန့်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

လွမ်းအောင်(EPN)

#PeopleMedia


Share this post