• Follow Us on

Home ထင်းသွားခုတ်သည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲရာ ညာဘက်ခြေထောက်ပြတ်

ထင်းသွားခုတ်သည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲရာ ညာဘက်ခြေထောက်ပြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာရှိ တောင်ပေါ်သို့ ထင်းသွားခုတ် သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ညာဘက်ခြေထောက်ပြတ်သွားကြောင်း သိ ရပါတယ်။

 

ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဦးဇော်မိုးလွင်မှာ ထင်းကောက်ရန်သွားစဉ် ထောင်ထား သည့်မိုင်းအားနင်းမိသောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

ထိုမိုင်းနင်းမိသည့် အသက် (၄၁) နှစ်အရွယ် အမျိုးသားမှာ လမ်းမတော်ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး အစားအသောက်များချက်ပြုတ်ရန်အတွက် တောထဲသို့ထင်းသွားခုတ်ရာတွင် မိုင်းနင်းမိခဲ့ကြောင်း သိရပါတယ်။

 

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်ရရှိသည့် ဦးဇော်မိုးလွင်အား ကျောက်တော်ဆေးရုံမှ စစ်တွေ ဆေးရုံသို့ ဒေသခံလူမှုကူညီရေးအသင်းမှအသင်းယာဉ်ဖြင့် သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post