• Follow Us on

Home ထား၀ယ္တိုင္းရင္းသားမ်ားပါတီ (DNP) ကို ၀န္းရံသူ သုံးေလးဆေက်ာ္ျမင့္တက္လာ၍ ေရြးေကာက္ပြဲအေျခ အေနေကာင္းေၾကာင္း ပါတီဥကၠ႒ဆို

ထား၀ယ္တိုင္းရင္းသားမ်ားပါတီ (DNP) ကို ၀န္းရံသူ သုံးေလးဆေက်ာ္ျမင့္တက္လာ၍ ေရြးေကာက္ပြဲအေျခ အေနေကာင္းေၾကာင္း ပါတီဥကၠ႒ဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၇

တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ထား၀ယ္တိုင္းရင္းသားမ်ားပါတီ (DNP) အား ၀န္းရံသူ ၂၀၁၅ ခုႏွစ္ထက္ သုံးေလးဆ ပိုမိုျမင့္တက္လာ၍ ယခုေရြးေကာက္ပြဲတြင္ အေျခအေနေကာင္းေၾကာင္း ယင္းပါတီဥကၠ႒ ဦးေအးမင္းက ေျပာသည္။

“၂၀၁၅ နဲ႔စာရင္ အေျခအေန ပိုေကာင္းလာမယ္လို႔ထင္ပါတယ္၊ မဲနိုင္တာကေတာ့ မေျပာနိုင္ဘူးေပါ့၊ ဒါေပမဲ့ ၀န္းရံျပည္သူေရာ ၂၀၁၅ နဲ႔ ဘာမွမဆိုင္ဘူး၊ သုံးေလးဆေလာက္ ၀န္ရံသူမ်ားလာတယ္” ဟု ၎က ဆိုသည္။

DNP အေနႏွင့္ ယခုေရြးေကာက္ပြဲတြင္ ေဒသဖြံၿဖိဳးေရးသာ ဦးစားေဆာင္ရြက္မည္ျဖစ္သည့္အတြက္ တနသၤာရီ တိုင္းေဒသႀကီးလႊတ္ေတာ္ (၈)ေနရာကို ၀င္ေရာက္ယွဥ္ၿပိဳင္ထားၿပီး၊ တိုင္းေဒသႀကီးေနရာျဖစ္သည့္အတြက္ အေျခအေနေကာင္းေၾကာင္း ဦးေအးမင္းက ထပ္မံေျပာသည္။

အခုေရြးေကာက္ပြဲတြင္ အနိုင္ရပါကလည္း တနလၤာရီတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အားရရွိေရးကိစၥ မ်ား၊ ပင္လယ္ငါးဖမ္းလုပ္ငန္းေတြကို ကူညီေဆာင္ရြက္ေပးေရးကိစၥမ်ားႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ တြင္ တနသၤာရီတိုင္းေဒသႀကီး ကိုယ္စားျပဳၿပီးေတာ့ ၀င္ေရာက္ေဆြေႏြးနိုင္ရန္စသည့္ကိစၥရပ္ေဆာင္ရြက္ရန္ ရည္မွန္းထားသည္။

ထား၀ယ္တိုင္းရင္းသားမ်ားပါတီသည္ ၂၀၁၃ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ေနရာ(၁၂)ေနရာ၀င္ေရာက္ခဲ့ရာ ေနရာအားလုံး ႐ူံးနိမ့္ခဲ့သည္။

#PeopleMedia #ထား၀ယ္တိုင္းရင္းသားမ်ားပါတီ

(Unicode)
ထားဝယ်တိုင်းရင်းသားများပါတီ (DNP) ကို ဝန်းရံသူ သုံးလေးဆကျော်မြင့်တက်လာ၍ ရွေးကောက်ပွဲအခြေ အနေကောင်းကြောင်း ပါတီဥက္ကဋ္ဌဆို
……………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၇

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်တိုင်းရင်းသားများပါတီ (DNP) အား ဝန်းရံသူ ၂၀၁၅ ခုနှစ်ထက် သုံးလေးဆ ပိုမိုမြင့်တက်လာ၍ ယခုရွေးကောက်ပွဲတွင် အခြေအနေကောင်းကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

“၂၀၁၅ နဲ့စာရင် အခြေအနေ ပိုကောင်းလာမယ်လို့ထင်ပါတယ်၊ မဲနိုင်တာကတော့ မပြောနိုင်ဘူးပေါ့၊ ဒါပေမဲ့ ဝန်းရံပြည်သူရော ၂၀၁၅ နဲ့ ဘာမှမဆိုင်ဘူး၊ သုံးလေးဆလောက် ဝန်ရံသူများလာတယ်” ဟု ၎င်းက ဆိုသည်။

DNP အနေနှင့် ယခုရွေးကောက်ပွဲတွင် ဒေသဖွံဖြိုးရေးသာ ဦးစားဆောင်ရွက်မည်ဖြစ်သည့်အတွက် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် (၈)နေရာကို ဝင်ရောက်ယှဉ်ပြိုင်ထားပြီး၊ တိုင်းဒေသကြီးနေရာဖြစ်သည့်အတွက် အခြေအနေကောင်းကြောင်း ဦးအေးမင်းက ထပ်မံပြောသည်။

အခုရွေးကောက်ပွဲတွင် အနိုင်ရပါကလည်း တနင်္လာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စ များ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးရေးကိစ္စများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုပြီးတော့ ဝင်ရောက်ဆွေနွေးနိုင်ရန်စသည့်ကိစ္စရပ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နေရာ(၁၂)နေရာဝင်ရောက်ခဲ့ရာ နေရာအားလုံး ရူံးနိမ့်ခဲ့သည်။

#PeopleMedia #ထားဝယ်တိုင်းရင်းသားများပါတီ


Share this post