• Follow Us on

Home ထိုင်ဝမ်အနီး တရုတ်ဗုံးကြဲလေယာဉ်များ ဝင်ရောက်လာခြင်းကြောင့် တောင်တရုတ်ပင်လယ်သို့ လေယာဉ်တင်သင်္ဘော အမေရိကန် စေလွှတ်

ထိုင်ဝမ်အနီး တရုတ်ဗုံးကြဲလေယာဉ်များ ဝင်ရောက်လာခြင်းကြောင့် တောင်တရုတ်ပင်လယ်သို့ လေယာဉ်တင်သင်္ဘော အမေရိကန် စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေး ဇုန်အနီး နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော ဗုံးကြဲလေ ယာဉ်များ အပါအဝင် စစ်လေယာဉ် ၁၃ စင်း တရုတ်နိုင်ငံက စေလွှတ်သည့်နေ့တွင် အမေရိကန်နိုင်ငံက အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းသို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု စေလွှတ်လိုက်သည်။

တရုတ်-အမေရိကန်ဆက်ဆံရေး ဆိုးရွားနေစဉ် သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းသို့ ယူအက်စ်အက်စ် သီယိုဒီရုစဗဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု စေလွှတ်မှုက တရုတ်နိုင်ငံအား သတိပေးခြင်းဟု ရှုမြင်ကြသည်။

တရုတ်ဗုံးကြဲလေယာဉ်များနှင့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကြား အကွာအ ဝေးက တရုတ်နိုင်ငံ၏ YJ-12 တင့်ဖျက်ဒုံးများဖြင့် တိုက်ခိုက်နေသော အကွာအဝေး၌ရှိနေကြောင်း သိရသည်။

လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အရ အမေရိကန် အမှတ် ၇ ရေယာဉ်စုသို့ တိုက်ခိုက်ရေးသင်္ဘော အုပ်စု စေလွှတ်ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ် အာရှ-ပစိဖိတ်ကွပ်ကဲမှုဌာနက ပြောသည်။

တရုတ်နိုင်ငံမှ H-6K ဗုံးကြဲလေယာဉ်ရှစ်စင်း၊ J-16 ဂျက်တိုက်လေယာဉ်လေးစင်းနှင့် Y-8 ရေငုပ်သင်္ဘော ဖျက်လေယာဉ်တစ်စင်းက လေကြောင်းရန်ကာကွယ်ရေးဇုန်အနီး ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်လေယာဉ်များကို မောင်းထုတ်ကာ ယင်းလေယာဉ်များကိုစောင့်ကြည့်ရန် ဒုံးကျည်များ ဖြန့်ကြက် ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။

“ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့စွမ်းရည်ရှိလာအောင် ကျွန်တော်တို့ ထိုင်ဝမ်ကို ဆက်လက်ကူညီမှာဖြစ် ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောသည်။

ကိုးကား – ဂျပန်တိုင်းမ်

Ref; U.S. sends carrier into South China Sea as Chinese bombers fly near Taiwan

#PeopleMedia #Taiwan

(unicode)

……………………………………..

Ref; U.S. sends carrier into South China Sea as Chinese bombers fly near Taiwan
#PeopleMedia #Taiwan


Share this post