• Follow Us on

Home ထိုင္းကဘူရီရမ္ခ႐ုိင္ကို ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ အလုံပိတ္

ထိုင္းကဘူရီရမ္ခ႐ုိင္ကို ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ အလုံပိတ္

Share this post

ဘူရီရမ္၊ မတ္ – ၁၇

COVID-19 ေရာဂါတိုက္ဖ်က္ဖို႔ ထိုင္းႏုိင္ငံက ဘူရီရမ္ခ႐ုိင္ကို အလုံပိတ္လိုက္ၿပီလို႔ ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး သက္ ခ်ာကြန္း ဟက္သာသာယာကူးက တနလၤာေန႔မွာ ေၾကညာၿပီး ဆုံးျဖတ္ခ်က္ကိုအေကာင္အထည္ေဖာ္ဖို႔ ျပည္သူ႔က်န္းမာေရးအစီအမံေတြသတ္မွတ္လိုက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ အခုလိုလုပ္လိုက္တာလို႔ ကို႐ုိနာဗိုင္းရပ္စ္ကူးစက္မႈမရွိေသးတဲ့ ခ႐ုိင္ရဲ႕ အုပ္ခ်ဳပ္ေရးမွဴးကေျပာတာပါ။ အခုလိုအလုံပိတ္မိန္႔က ခ်က္ခ်င္းအသက္ဝင္မွာပါ။

ၿပီးခဲ့တဲ့လမွာ COVID-19 ကို အႏၱရာယ္ရွိတဲ့ကူးစက္ျမန္ေရာဂါအျဖစ္ သတ္မွတ္လိုက္တဲ့ေနာက္ အခုလိုလုပ္တာ ျဖစ္နိုင္ပါတယ္။

ေၾကညာခ်က္ေၾကာင့္ က်န္းမာေရးအာဏာပိုင္ေတြမွာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကိုကာကြယ္ဖို႔ လုပ္ပိုင္ခြင့္ေပးလိုက္ၿပီး အုပ္ခ်ဳပ္ေရးမွဴးက သူ႔လုပ္ပိုင္ခြင့္က်င့္သုံးဖို႔ ေၾကညာခ်က္ကိုအသုံးျပဳလိုက္တာပါ။

အခုေၾကညာခ်က္က ခရီးသြားနဲ႔ တျခားစီးပြားေရးလုပ္ငန္းေတြကိုထိခိုက္မွာပါ။

ခ႐ုိင္ထဲဝင္ထြက္မယ့္ႏုိင္ငံျခားသားေတြနဲ႔ ေဒသခံေတြအားလုံးဟာ တင္းတင္းၾကပ္ၾကပ္စစ္ေဆးခံရမွာျဖစ္ၿပီး ၁၄ ရက္ ကိုယ့္ကိုယ္ကိုသီးသန့္ေစာင့္ၾကည့္ရမွာပါ။

ဖ်ားနာေနတဲ့လူေတြကေတာ့ ေဆး႐ုံသြားရမွာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကို႐ိုနာဗိုင္း ရပ္စ္ကူးစက္ခံရသူဦးေရျမင့္တက္လာၿပီး ဒီေန႔အထိဆိုရင္ ကူးစက္ခံရသူ ၁၁၄ ေယာက္႐ွိေနပါၿပီ။ ကူးစက္လို႔ ေသဆံုးသူလည္းတစ္ေယာက္႐ွိေနပါၿပီ။

Ref : Buri Ram province locked down

#PeopleMedia #CoronaVirus #Thailand #Lockdown

(Unicode)
ထိုင်းကဘူရီရမ်ခရိုင်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုံပိတ်
……………………………………………

ဘူရီရမ်၊ မတ် – ၁၇

COVID-19 ရောဂါတိုက်ဖျက်ဖို့ ထိုင်းနိုင်ငံက ဘူရီရမ်ခရိုင်ကို အလုံပိတ်လိုက်ပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူး သက် ချာကွန်း ဟက်သာသာယာကူးက တနင်္လာနေ့မှာ ကြေညာပြီး ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့ ပြည်သူ့ကျန်းမာရေးအစီအမံတွေသတ်မှတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အခုလိုလုပ်လိုက်တာလို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိသေးတဲ့ ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးကပြောတာပါ။ အခုလိုအလုံပိတ်မိန့်က ချက်ချင်းအသက်ဝင်မှာပါ။

ပြီးခဲ့တဲ့လမှာ COVID-19 ကို အန္တရာယ်ရှိတဲ့ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့နောက် အခုလိုလုပ်တာ ဖြစ်နိုင်ပါတယ်။

ကြေညာချက်ကြောင့် ကျန်းမာရေးအာဏာပိုင်တွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ဖို့ လုပ်ပိုင်ခွင့်ပေးလိုက်ပြီး အုပ်ချုပ်ရေးမှူးက သူ့လုပ်ပိုင်ခွင့်ကျင့်သုံးဖို့ ကြေညာချက်ကိုအသုံးပြုလိုက်တာပါ။

အခုကြေညာချက်က ခရီးသွားနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကိုထိခိုက်မှာပါ။

ခရိုင်ထဲဝင်ထွက်မယ့်နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေအားလုံးဟာ တင်းတင်းကြပ်ကြပ်စစ်ဆေးခံရမှာဖြစ်ပြီး ၁၄ ရက် ကိုယ့်ကိုယ်ကိုသီးသန့်စောင့်ကြည့်ရမှာပါ။

ဖျားနာနေတဲ့လူတွေကတော့ ဆေးရုံသွားရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူဦးရေမြင့်တက်လာပြီး ဒီနေ့အထိဆိုရင် ကူးစက်ခံရသူ ၁၁၄ ယောက်ရှိနေပါပြီ။ ကူးစက်လို့ သေဆုံးသူလည်းတစ်ယောက်ရှိနေပါပြီ။

Ref : Buri Ram province locked down

#PeopleMedia #CoronaVirus #Thailand #Lockdown


Share this post