• Follow Us on

Home မႏၲေလး၊ ကန္ေတာ္နဒီေဆး႐ုံ၌ ေစာင့္ၾကည့္အမ်ိဳးသမီး ယေန႔ေသဆုံး၊ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ရွိ/မရွိ မသိရ

မႏၲေလး၊ ကန္ေတာ္နဒီေဆး႐ုံ၌ ေစာင့္ၾကည့္အမ်ိဳးသမီး ယေန႔ေသဆုံး၊ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ရွိ/မရွိ မသိရ

Share this post

မႏၲေလး၊ မတ္ – ၁၇

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံတြင္ COVID -19 ကို႐ိုနာဗိုင္းရပ္စ္ေရာဂါႏွင့္ပတ္သက္၍ ေစာင့္ၾကည္ခံရသည့္ အမ်ိဳးသမီးတစ္ဦး မတ္လ ၁၇ ရက္ ေန႔နံနက္ပိုင္းတြင္ ေသဆုံးခဲ့ေၾကာင္း မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံ ႀကီးတာဝန္ရွိသူ ေဒါက္တာခင္ေက်ာ္ကေျပာသည္။

“ဆုံးတာဟုတ္တယ္။ ပိုးမေတြ႕ေသးဘူး။ ဒီေန႔မွယူရမွာ။ အဲဒါအေရးႀကီးလို႔ ေစာေစာယူလိုက္ၿပီ ေစာေစာက ထြက္သြားၿပီ အေျဖေတာ့ ဘယ္အခ်ိန္ရမယ္ဆိုတာေတာ့ မေျပာႏိုင္ဘူးေပါ႔”ဟု ၎ကေျပာသည္။

အဆိုပါေသဆုံးသူမွာ မတ္လ ၁၆ ရက္ေန႔က ေရာက္ရွိခဲ့သည့္လူနာျဖစ္ၿပီး တံတားဦးၿမိဳ႕နယ္ကျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ေသဆုံးသူကို ကန္ေတာ္နဒီေဆး႐ုံတြင္သာ ထားရွိထားသည္။

မတ္လ ၆ ရက္ေန႔ ကလည္း ကန္ေတာ္နဒီေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာတစ္ဦးျဖစ္သည့္ ၆၇ ႏွစ္အရြယ္ အမ်ိဳးသမီးႀကီးတစ္ဦး ေသဆုံးခဲ့ေသးၿပီး ၎ေသဆုံးသူမွာလည္း ကို႐ိုနာဗိုင္းရပ္စ္မရွိေၾကာင္း ထုတ္ျပန္ထားသည္။

ေအာင္ေအာင္(မန္း)

#PeopleMedia #COVID -19

(Unicode)
မန္တလေး၊ ကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်အမျိုးသမီး ယနေ့သေဆုံး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ မသိရ
………………………………………………………

မန္တလေး၊ မတ် – ၁၇

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စောင့်ကြည်ခံရသည့် အမျိုးသမီးတစ်ဦး မတ်လ ၁၇ ရက် နေ့နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံ ကြီးတာဝန်ရှိသူ ဒေါက်တာခင်ကျော်ကပြောသည်။

“ဆုံးတာဟုတ်တယ်။ ပိုးမတွေ့သေးဘူး။ ဒီနေ့မှယူရမှာ။ အဲဒါအရေးကြီးလို့ စောစောယူလိုက်ပြီ စောစောက ထွက်သွားပြီ အဖြေတော့ ဘယ်အချိန်ရမယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါသေဆုံးသူမှာ မတ်လ ၁၆ ရက်နေ့က ရောက်ရှိခဲ့သည့်လူနာဖြစ်ပြီး တံတားဦးမြို့နယ်ကဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူကို ကန်တော်နဒီဆေးရုံတွင်သာ ထားရှိထားသည်။

မတ်လ ၆ ရက်နေ့ ကလည်း ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာတစ်ဦးဖြစ်သည့် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သေးပြီး ၎င်းသေဆုံးသူမှာလည်း ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ထုတ်ပြန်ထားသည်။

အောင်အောင်(မန်း)

#PeopleMedia #COVID -19


Share this post