• Follow Us on

Home ထိုင္း၀န္ႀကီးခ်ဳပ္ ေဆးဖက္ဆိုင္ရာ ေဆးေျခာက္ကို ပထမဦးဆံုးသုံးစြဲသူျဖစ္လာ

ထိုင္း၀န္ႀကီးခ်ဳပ္ ေဆးဖက္ဆိုင္ရာ ေဆးေျခာက္ကို ပထမဦးဆံုးသုံးစြဲသူျဖစ္လာ

Share this post

ထိုင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ ေဆးဖက္ဆိုင္ရာ ေဆးေျခာက္အသိပညာ ေပး၀က္ဆိုက္ဖြင့္ပြဲကို တက္ေရာက္ခဲ့ၿပီး ေဆးဖက္ဆိုင္ရာအတြက္ ထုတ္လုပ္ထားတဲ့ ေဆးေျခာက္ထုတ္ကုန္ ေတြကို သံုးစြဲျပခဲ့ပါတယ္။

အသက္ ၆၅ ႏွစ္ရွိၿပီျဖစ္တဲ့ ပရာယြတ္ကို အဆိုပါအခမ္းအနားမွာ Dr.Ganja လို႔ အမည္ေပးထားတဲ့ ေဆး ေျခာက္လာဘ္ေကာင္အ႐ုပ္ကို ကိုင္ေဆာင္ထားတာကိုေတြ႕ရပါတယ္။

ပရယြတ္ဟာ ေဆးေျခာက္ဆီကို ၄င္းရဲ႕ နားရြက္ေနာက္မွာ သုတ္လိမ္းသ႐ုပ္ျပခဲ့တယ္လို႔လည္း Nation Thailand ကေဖာ္ျပခဲ့ပါတယ္။

ပရာယြတ္ဟာ ကိုယ္တိုင္အသံုးျပဳဖို႔အတြက္လည္း ေဆးေျခာက္ထုတ္ကုန္ပစၥည္းေတြကို ၀ယ္ယူမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပရာယြတ္ဟာ ေဆးေျခာက္သံုးစြဲမႈကို ေထာက္ခံသူတစ္ဦးျဖစ္ေပမယ့္ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္သူရဲ႕ လမ္းညႊန္ခ်က္မပါဘဲ သံုးစြဲရင္ ထိခိုက္မႈေတြရွိလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏုိင္ငံဟာ အာရွမွာ ေဆးေျခာက္ကို တရား၀င္သံုးစြဲခြင့္ျပဳတဲ့ ပထမဦးဆံုးႏုိင္ငံအျဖစ္ ရပ္တည္ေနပါတယ္။

Ref; nextshark.com

#PeopleMedia

(Unicode)
ထိုင်းဝန်ကြီးချုပ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်ကို ပထမဦးဆုံးသုံးစွဲသူဖြစ်လာ
…………………………………………………………

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်အသိပညာ ပေးဝက်ဆိုက်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဆေးဖက်ဆိုင်ရာအတွက် ထုတ်လုပ်ထားတဲ့ ဆေးခြောက်ထုတ်ကုန် တွေကို သုံးစွဲပြခဲ့ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပရာယွတ်ကို အဆိုပါအခမ်းအနားမှာ Dr.Ganja လို့ အမည်ပေးထားတဲ့ ဆေး ခြောက်လာဘ်ကောင်အရုပ်ကို ကိုင်ဆောင်ထားတာကိုတွေ့ရပါတယ်။

ပရယွတ်ဟာ ဆေးခြောက်ဆီကို ၄င်းရဲ့ နားရွက်နောက်မှာ သုတ်လိမ်းသရုပ်ပြခဲ့တယ်လို့လည်း Nation Thailand ကဖော်ပြခဲ့ပါတယ်။

ပရာယွတ်ဟာ ကိုယ်တိုင်အသုံးပြုဖို့အတွက်လည်း ဆေးခြောက်ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။

ပရာယွတ်ဟာ ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူတစ်ဦးဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူရဲ့ လမ်းညွှန်ချက်မပါဘဲ သုံးစွဲရင် ထိခိုက်မှုတွေရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ အာရှမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုတဲ့ ပထမဦးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Ref; nextshark.com

#PeopleMedia


Share this post