• Follow Us on
Latest News

Home ထိုင္းႏိုင္ငံေတာ္သီခ်င္းဆိုေနခ်ိန္ မတ္တပ္မရပ္သည့္မိန္းကေလးကို ေစ်းသည္အမ်ိဳးသမီးက႐ိုက္ႏွက္

ထိုင္းႏိုင္ငံေတာ္သီခ်င္းဆိုေနခ်ိန္ မတ္တပ္မရပ္သည့္မိန္းကေလးကို ေစ်းသည္အမ်ိဳးသမီးက႐ိုက္ႏွက္

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၂
ၿပီးခဲ့သည့္အဂၤါေန႔က အယုဒၶယရထားဘူတာ႐ံုတြင္ ႏိုင္ငံေတာ္သီခ်င္းသံၾကားရခ်ိန္ မတ္တပ္မရပ္သည့္ မိန္းကေလးတေယာက္ကို ပါး႐ိုက္ခဲ့သည့္အသက္ ၄၅ ႏွစ္အ႐ြယ္ ေခါင္း႐ြက္ဗ်က္ထိုးေစ်းသည္အမ်ိဳးသမီးကို လက္ေရာက္မႈျဖင့္ တရားစြဲခဲ့သည္။
အသက္ ၁၅ ႏွစ္အ႐ြယ္ေက်ာင္းသူကို ႐ိုက္ပုတ္ခဲ့သည့္ဗီဒီယို အြန္လိုင္းတြင္ပ်ံ႕ႏွံ႔ခဲ့ၿပီး အမ်ိဳးသမီးလုပ္ရပ္ကို ေ၀ဖန္မႈမ်ား႐ွိေနသည္။
ညေန ၆ နာရီႏိုင္ငံေတာ္သီခ်င္းဖြင့္ရာတြင္ မိန္းကေလးမတ္တပ္မရပ္ခဲ့သျဖင့္ အမ်ိဳးသမီးက ေဒါသထြက္ခဲ့ရာမွာ သြားေရာက္ေ၀ဖန္ခဲ့ၿပီးေနာက္ ပါး႐ိုက္ၿပီး ဆံပင္ေဆာင့္ဆြဲခဲ့သည္။
မိန္းကေလးတြင္ အမ်ိဳးသမီးကိစၥေၾကာင့္မရပ္ႏိုင္ျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္သီခ်င္းကို မေလးမစားလုပ္ျခင္း မဟုတ္ေၾကာင္း ဦးေလးျဖစ္သူကေျပာသည္။
အမ်ိဳးသမီးကိုလက္ေရာက္မႈျဖင့္တရားစြဲထားေၾကာင္း စခန္းမွဴး ဖရာ နာခြန္ကေျပာၿပီး ထိုအမႈသည္ ေထာင္ဒဏ္ တလျဖစ္ေစ၊ ေငြဒဏ္ ဘတ္ ၁၀၀၀၀ ျဖစ္ေစ၊ ျပစ္ဒဏ္ ၂ ရပ္စလံုးျဖစ္ေစက်ခံရႏိုင္သည္။
Ref : Woman slaps girl for not standing during national anthem
#PeopleMedia
(unicode)
ထိုင်းနိုင်ငံတော်သီချင်းဆိုနေချိန် မတ်တပ်မရပ်သည့်မိန်းကလေးကို စျေးသည်အမျိုးသမီးကရိုက်နှက်
………………………………………….
ဘန်ကောက်၊ နိုဝင်ဘာ ၂
ပြီးခဲ့သည့်အင်္ဂါနေ့က အယုဒ္ဓယရထားဘူတာရုံတွင် နိုင်ငံတော်သီချင်းသံကြားရချိန် မတ်တပ်မရပ်သည့် မိန်းကလေးတယောက်ကို ပါးရိုက်ခဲ့သည့်အသက် ၄၅ နှစ်အရွယ် ခေါင်းရွက်ဗျက်ထိုးစျေးသည်အမျိုးသမီးကို လက်ရောက်မှုဖြင့် တရားစွဲခဲ့သည်။
အသက် ၁၅ နှစ်အရွယ်ကျောင်းသူကို ရိုက်ပုတ်ခဲ့သည့်ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး အမျိုးသမီးလုပ်ရပ်ကို ဝေဖန်မှုများရှိနေသည်။
ညနေ ၆ နာရီနိုင်ငံတော်သီချင်းဖွင့်ရာတွင် မိန်းကလေးမတ်တပ်မရပ်ခဲ့သဖြင့် အမျိုးသမီးက ဒေါသထွက်ခဲ့ရာမှာ သွားရောက်ဝေဖန်ခဲ့ပြီးနောက် ပါးရိုက်ပြီး ဆံပင်ဆောင့်ဆွဲခဲ့သည်။
မိန်းကလေးတွင် အမျိုးသမီးကိစ္စကြောင့်မရပ်နိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ခြင်း မဟုတ်ကြောင်း ဦးလေးဖြစ်သူကပြောသည်။
အမျိုးသမီးကိုလက်ရောက်မှုဖြင့်တရားစွဲထားကြောင်း စခန်းမှူး ဖရာ နာခွန်ကပြောပြီး ထိုအမှုသည် ထောင်ဒဏ် တလဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀၀၀၀ ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်စလုံးဖြစ်စေကျခံရနိုင်သည်။
Ref : Woman slaps girl for not standing during national anthem

Share this post