• Follow Us on

Home ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာ၊ အ-မ-က(ပိတ်ထားသောစာသင်ကျောင်း) စာသင်ကျောင်းအတွင်း၌ အခိုင် အမာ ပြုလုပ်ထားသော PDF အထိုင်စခန်း ရှင်းလင်းခံရ

ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာ၊ အ-မ-က(ပိတ်ထားသောစာသင်ကျောင်း) စာသင်ကျောင်းအတွင်း၌ အခိုင် အမာ ပြုလုပ်ထားသော PDF အထိုင်စခန်း ရှင်းလင်းခံရ

Share this post

ထီးချိုင့်၊ ဇန်နဝါရီ ၁၃ (People Media)

 

ယနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာ အ-မ-က (ပိတ်ထားသောစာ သင်ကျောင်း) စာသင်ကျောင်းအတွင်း၌ အခိုင်အမာပြုလုပ်ထားသော PDF အထိုင်စခန်း ရှင်းလင်းခံရကြောင်း ေးသခံများက ပြောသည်။

 

အဆိုပါ အ-မ-က ကျောင်းအတွင်း၌ လက်လုပ်သေနတ်များ၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ စစ်လေ့ကျင့် ရေးကွင်းများ၊ မိုင်းများ၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို တွေ့ရှိခဲ့သည်။

 

အလားတူ ကျောင်းခြံစည်းအနီး၌ အကာအကွယ်ပြုလုပ်ထားသော ပစ်စင်များကို လုံခြုံရေးအဖွဲ့များက ရှင်း လင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

န-မ-ခ တိုင်းမှူးအသစ်ဖြစ်သူ ဗိုလ်ချုပ် သန်းထိုက်သည် န-မ-ခ တိုင်းမှူးတာဝန်ယူပြီးနောက် န-မ-ခ နယ်မြေ အတွင်းရှိ PDF စခန်းများ တည်ရှိရာနေရာကို လေကြောင်းချီ အသုံးပြုပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည်။

 

Photo – စာသင်ကျောင်းအတွင်း၌ အခိုင်အမာပြုလုပ်ထားသော PDF အထိုင်စခန်း

 

#PeopleMedia #ထီးချိုင့်မြို့ #မရသိမ်ကျေးရွာ

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post