• Follow Us on

Home ဒဂုံမြို့သစ်တောင်ပိုင်း၌ လူနာအမှတ် ၅၈၄ နှင့် ထိတွေ့ခဲ့သော မိသားစုဝင် ၃ ဦးကို ရွှေပြည်သာ Quarantine Center ပို့ဆောင်


Share this post

ရန်ကုန်၊ သြဂုတ် ၂၇


သြဂုတ်လ ၂၇ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်၌ ဒဂုံတောင်မှလူနာအမှတ် ၅၈၄ နှင့်အတူနေ မိသားစုဝင်၃ဦးကို ရွှေပြည်သာသို့ပို့လိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးညီညီက၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ပြောကြားထားသည်။


၎င်းလူနာအမှတ် ၅၈၄ သည် ရခိုင်ပြည်နယ်စစ်တွေမြို့မှ သြဂုတ်လ၁၆ရက်မတိုင်မီ၌ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၎င်းနေအိမ်သို့ပြန်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၆ ရက်တွင် အစိုးရမှကြေညာချက်ထုတ်သည့်အချိန် တွင် ဒဂုံတောင်ရှိ ဆေးခန်းတစ်ခုသို့ လာ ရောက်ပြသခဲ့ပြီးနောက် ထိုမှ တစ်ဆင့် စံပြဆေးရုံသို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သြဂုတ်လ၂၇ရက်နံ နက်၈နာရီအထိ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၅၈၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၅ဦး၊သေဆုံးသူ၆ဦးရှိပြီဖြစ်သည်။


(unicode)
ဒဂုံမြို့သစ်တောင်ပိုင်း၌ လူနာအမှတ် ၅၈၄ နှင့် ထိတွေ့ခဲ့သော မိသားစုဝင် ၃ ဦးကို ရွှေပြည်သာ Quarantine Center ပို့ဆောင်
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၇

ဒဂုံမြို့သစ်တောင်ပိုင်၌ လူနာအမှတ် ၅၈၄ နှင့် ထိတွေ့ခဲ့သော မိသားစုဝင် ၃ ဦးကို ရွှေပြည်သာ Quarantine Center ပို့ဆောင်လိုက်သည်။

ဩဂုတ်လ ၂၇ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်၌ ဒဂုံတောင်မှလူနာအမှတ် ၅၈၄ နှင့်အတူနေ မိသားစုဝင်၃ဦးကို ရွှေပြည်သာသို့ပို့လိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးညီညီက၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ပြောကြားထားသည်။

“ဒဂုံမြို့သစ်တောင်ပိုင်းမှ လူနာအမှတ်၅၈၄ကို ယခုအခါ သင်္ဃန်းကျွန်းဆေးရုံကြီးမှ မြောက်ဥက္ကလာဝေဘာ ဂီဆေးရုံကြီးသို့လွှဲပြောင်းပို့ဆောင်မှာဖြစ်ပါတယ်။ အတူနေမိသားစုဝင်များဖြစ်တဲ့ ကျား ၂ ဦးမ ၁ ဦးတို့ကို တိုင်းကျန်းမာရေး အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ် ကွန်ပျူတာတက္ကသိုလ် Quarantine Center ပို့ဆောင် မှာဖြစ်ပါတယ်’’လို့ တောင်ဒဂုံတိုင်းအမတ် ဦးညီညီက ၎င်း၏ လူမှုကွန်ယက်၌ ရေးသားထားသည်။

၎င်းလူနာအမှတ် ၅၈၄ သည် ရခိုင်ပြည်နယ်စစ်တွေမြို့မှ ဩဂုတ်လ၁၆ရက်မတိုင်မီ၌ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၎င်းနေအိမ်သို့ပြန်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁၆ ရက်တွင် အစိုးရမှကြေညာချက်ထုတ်သည့်အချိန် တွင် ဒဂုံတောင်ရှိ ဆေးခန်းတစ်ခုသို့ လာ ရောက်ပြသခဲ့ပြီးနောက် ထိုမှ တစ်ဆင့် စံပြဆေးရုံသို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဩဂုတ်လ၂၇ရက်နံ နက်၈နာရီအထိ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၅၈၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၅ဦး၊သေဆုံးသူ၆ဦးရှိပြီဖြစ်သည်။

#PeopleMedia #ဒဂုံတောင် #COVID


Share this post