• Follow Us on

Home ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်လုပ်ကြံခဲ့သည့် အထက်တန်းပြဆရာမကြီး ဒေါ်လှလှသန်းသည် ပြီးခဲ့သည့် ရွေး ကောက်ပွဲ၌ NLD ပါတီကို မဲပေးခဲ့သူဖြစ်ဟုဆို

ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်လုပ်ကြံခဲ့သည့် အထက်တန်းပြဆရာမကြီး ဒေါ်လှလှသန်းသည် ပြီးခဲ့သည့် ရွေး ကောက်ပွဲ၌ NLD ပါတီကို မဲပေးခဲ့သူဖြစ်ဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၌ ဒလန်ဟု စွပ်စွဲပြီး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော အထက်တန်းပြ ဆရာမကြီး ဒေါ်လှလှ သန်းသည် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ NLD ပါတီကို မဲပေးခဲ့သူဖြစ်တယ်လို့ ဆရာမကြီးနှင့် နီးစပ်သည့် ဆရာမ အချို့က People Media ကို ပြောပါတယ်။

 

ဆရာမကြီး ဒေါ်လှလှသန်းသည် နိုဝင်ဘာ ၅ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် နေအိမ်မှ ကျောင်းသို့ အဌားယာဉ်ဖြင့် အသွားလမ်း၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

“ဆရာမကြီးက ဒလန်ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့သူ တစ်ဦးဖြစ်သလို သူကိုယ်တိုင် NLD ပါတီကို မဲထည့်ဖို့ တိုးတိုးတိတ်တိတ်နဲ့ ဆရာ/ဆရာမများကို စည်းရုံးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒလန်လို့ စွပ်စွဲပြီး ဆရာမကြီးကို သတ်ဖြတ်တာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဘယ်မှာလည်း အထောက်အထား။ ဆရာမကြီးက ပြီးခဲ့သည့်ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့တယ်ဆိုတာ သူကိုယ်တိုင် သူ့ Facebook မှာ တင်ထားတာ အထင်အရှားရှိတယ်လို့” ဆရာမကြီးနှင့် အတန်းတူ ဆရာမတစ်ဦးက ပြောပါ တယ်။

 

လက်ရှိအချိန်၌ ဆရာမကြီးကို သတ်ဖြတ်ခဲ့သည့်အဖွဲ့၌ ပါဝင်သူအချို့သည် ဖမ်းဆီးခံထားရကြောင်း လက်တ လောသိရပါတယ်။

 

အလားတူ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ အခြေခံပညာရေးကျောင်းများ ပြန်လည်ဖွင့် လှစ်ပြီးနောက် ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံနေရသလို ကျောင်းအဆောင်အဦးအချို့လည်း မိုင်းခွဲဖျက်ဆီး ခံနေရပါတယ်။

 

ထို့အတူ ဗကသများ အဖွဲ့ချုပ်ကလည်း ကျောင်းမတက်ရေးလှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိနေပါတယ်။

 

#PeopleMedia #ပညာရေး

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post