• Follow Us on

Home ဒုတိယေျမာက္ကမာၻ႔ကပ္ေရာဂါသည္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေၾကာင္း သတင္းတုမ်ားဟု ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ဥကၠ႒သတိေပး

ဒုတိယေျမာက္ကမာၻ႔ကပ္ေရာဂါသည္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေၾကာင္း သတင္းတုမ်ားဟု ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ဥကၠ႒သတိေပး

Share this post

ဂ်ီနီဗာ၊ ဒီဇင္ဘာ ၂
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ျမန္ျမန္ဆန္ဆန္ခ်ည္းကပ္လာေသာ္လည္း ဒုတိယေျမာက္ကမာၻ႔ကပ္ေရာဂါ သည္ ပထမေရာဂါသက္သာေရးႀကိဳးစားမႈမ်ားကို မွိန္ေဖ်ာ့ေစႏိုင္သည္ဟု ႏိုင္ငံတကာၾကက္ေျခနီႏွင့္ လျခမ္းနီ အဖြဲ႔ဥကၠ႒ ဖရန္ဆက္စကို ေရာ့ကာ ကေျပာသည္။
တနလၤာေန႔က ကုလသမဂၢဆိုင္ရာသတင္းေထာက္မ်ားအသင္းႏွင့္ အြန္လိုင္းမွေတြ႕ဆံုေမးျမန္းရာတြင္ ေျပာခဲ့ျခင္းျဖစ္သည္။ ဒုတိယေျမာက္ကမာၻ႔ကပ္ေရာဂါသည္ ကာကြယ္ေဆးမ်ားအေၾကာင္း သတင္းတုမ်ား ျဖစ္သည္။
အစိုးရႏွင့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ အလြဲယံုၾကည္မႈႏွင့္သတင္းမွားမ်ားတိုက္ဖ်က္ရန္အစီအစဥ္မ်ား အေကာင္အထည္ေဖာ္ရန္လိုအပ္ေၾကာင္းလည္း သတိေပးသည္။
ၾကက္ေျခနီအဖြဲ႔အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားရ႐ွိလာႏိုင္ျခင္းအတြက္ စိတ္သက္သာမႈႏွင့္ အေကာင္းျမင္မႈမ်ားေ၀မွ်ေပးေနေသာ္လည္း အစိုးရႏွင့္အဖြဲ႔အစည္းမ်ားအေနျဖင့္ သတင္းမွားမ်ားအျမစ္တြယ္ ေနသည့္အသိုက္အ၀န္းတြင္ ယံုၾကည္မႈတည္ေဆာက္ေပးရန္လိုအပ္ေၾကာင္းလည္း သူကျဖည့္စြက္ေျပာဆို သည္။
ဇူလိုင္လႏွင့္ ေအာက္တိုဘာလအၾကား ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုလက္ခံမႈသည္ ႏိုင္ငံ ၆၇ ႏိုင္ငံတြင္ သိသိသာသာက်ဆင္းခဲ့ေၾကာင္း ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏ ေလ့လာမႈတရပ္ကိုကိုးကားၿပီး ေရာ့ကာ ကေျပာသည္။
Ref : ‘Fake news’ about a Covid-19 vaccine has become a second pandemic, Red Cross chief says
#PeopleMedia
(unicode)
ဒုတိယမြောက်ကမ္ဘာ့ကပ်ရောဂါသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအကြောင်း သတင်းတုများဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌသတိပေး
………………………………………………
ဂျီနီဗာ၊ ဒီဇင်ဘာ ၂
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ မြန်မြန်ဆန်ဆန်ချည်းကပ်လာသော်လည်း ဒုတိယမြောက်ကမ္ဘာ့ကပ်ရောဂါ သည် ပထမရောဂါသက်သာရေးကြိုးစားမှုများကို မှိန်ဖျော့စေနိုင်သည်ဟု နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ဥက္ကဋ္ဌ ဖရန်ဆက်စကို ရော့ကာ ကပြောသည်။
တနင်္လာနေ့က ကုလသမဂ္ဂဆိုင်ရာသတင်းထောက်များအသင်းနှင့် အွန်လိုင်းမှတွေ့ဆုံမေးမြန်းရာတွင် ပြောခဲ့ခြင်းဖြစ်သည်။ ဒုတိယမြောက်ကမ္ဘာ့ကပ်ရောဂါသည် ကာကွယ်ဆေးများအကြောင်း သတင်းတုများ ဖြစ်သည်။
အစိုးရနှင့် အဖွဲ့အစည်းများအနေဖြင့် အလွဲယုံကြည်မှုနှင့်သတင်းမှားများတိုက်ဖျက်ရန်အစီအစဉ်များ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။
ကြက်ခြေနီအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရရှိလာနိုင်ခြင်းအတွက် စိတ်သက်သာမှုနှင့် အကောင်းမြင်မှုများဝေမျှပေးနေသော်လည်း အစိုးရနှင့်အဖွဲ့အစည်းများအနေဖြင့် သတင်းမှားများအမြစ်တွယ် နေသည့်အသိုက်အဝန်းတွင် ယုံကြည်မှုတည်ဆောက်ပေးရန်လိုအပ်ကြောင်းလည်း သူကဖြည့်စွက်ပြောဆို သည်။
ဇူလိုင်လနှင့် အောက်တိုဘာလအကြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုလက်ခံမှုသည် နိုင်ငံ ၆၇ နိုင်ငံတွင် သိသိသာသာကျဆင်းခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ လေ့လာမှုတရပ်ကိုကိုးကားပြီး ရော့ကာ ကပြောသည်။
Ref : ‘Fake news’ about a Covid-19 vaccine has become a second pandemic, Red Cross chief says

Share this post